သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားသမ္မတ ဖမ်းဆီးရေး ပူးပေါင်းဆောင်ရွက်ဖို့ လုံခြုံရေးအထူးတပ်အကြီးအကဲ ငြင်းဆို


အရေးယူဖယ်ရှားဖို့ ဆုံးဖြတ်ခံထားတဲ့ သမ္မတ Yoon Suk Yeol အိမ်တော်ရာအနီးတဝိုက်မှာ ဆန့်ကျင်ဆန္ဒပြကြသူများ (AP Photo/Ahn Young-joon)
အရေးယူဖယ်ရှားဖို့ ဆုံးဖြတ်ခံထားတဲ့ သမ္မတ Yoon Suk Yeol အိမ်တော်ရာအနီးတဝိုက်မှာ ဆန့်ကျင်ဆန္ဒပြကြသူများ (AP Photo/Ahn Young-joon)

တောင်ကိုရီးယားနိုင်ငံမှာ လွှတ်တော်က အရေးယူဖယ်ရှားဖို့ ဆုံးဖြတ်ထားတဲ့ သမ္မတ Yoon Suk Yeol ကို ဖမ်းဆီးဖို့ ကြိုးပမ်းရာမှာ ပူးပေါင်းဆောင်ရွက်နိုင်မှာ မဟုတ်ကြောင်း သမ္မတရဲ့ လုံခြုံရေးအထူးတပ်ဖွဲ့ အကြီးအကဲက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။

တိုင်းပြည် မတည်မငြိမ်ဖြစ်အောင်လုပ်မှုနဲ့ ဖမ်းဝရမ်းထုတ်ထားတာ တနင်္လာနေ့ည သန်းခေါင်မှာ သက်တမ်းကုန်ဆုံးမယ့် အချိန်မှာပဲ ဖမ်းဝရမ်းထုတ်တဲ့ အမှုနဲ့ပတ်သက်လို့ ဥပဒေကြောင်းအရ အငြင်းပွားစရာ ဖြစ်နေတာကို အကြောင်းပြပြီး ပူးပေါင်းဆောင်ရွက်မှု မလုပ်နိုင်ဘူးလို့ လုံခြုံရေးအထူးတပ်ဖွဲ့ အကြီးအကဲ Park Chong-jun က ပြောလိုက်တာပါ။

နိုင်ငံရေးအရ ဘက်လိုက်မှုမရှိဘဲ လုံခြုံရေးတာဝန်တွေကို နှစ်ပေါင်း ၆၀ တာဝန်ယူနေတဲ့ အထူးတပ်ဖွဲ့ကို သမ္မတရဲ့ လက်ကိုင်တုတ်တပ်အဖြစ် စော်ကားတဲ့ အသုံးအနှုန်းတွေကို ဆင်ခြင်ကြဖို့လည်း ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။ ဖမ်းဝရမ်းဟာ တရားဝင်မှု မရှိကြောင်း သမ္မတရှေ့နေတွေရဲ့ လျှောက်လဲချက်ကို တရားရုံးက ပယ်ချခဲ့ပြီးနောက်မှာ လုံခြုံရေးအထူးတပ်ဖွဲ့အကြီးအကဲရဲ့ ကြေညာချက် ထွက်ပေါ်ခဲ့တာ ဖြစ်ကြောင်းလည်း Yonhap ကိုရီးယားသတင်းဌာနက ဖော်ပြခဲ့တာပါ။

နောက်ဆက်တွဲ နိုင်ငံရေးပြဿနာတွေ ပေါ်ပေါက်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၃ ရက်နေ့က အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့သူ သမ္မတ Yoon ဟာ တောင်ကိုရီးယားသမိုင်းမှာ သမ္မတတာဝန်ယူထားစဉ် ပထမဆုံး ဖမ်းဝရမ်းထုတ်ခံရသူလည်း ဖြစ်ခဲ့ပါတယ်။

Forum

XS
SM
MD
LG