သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား သင်္ဘောမှောက်မှု သေဆုံးသူ ၅၆ ဦး အတည်ပြု


နစ်မြုပ်သွားတဲ့ တောင်ကိုရီးယား Sewol သင်္ဘောမှာ ပါသွားသူတွေရဲ့ ဆွေမျိုးမိသားစုဝင်တွေ ကယ်ဆယ်ရေးလုပ်ငန်းစဉ်ရလဒ်ကို စောင့်ဆိုင်းနေကြစဉ်။
နစ်မြုပ်သွားတဲ့ တောင်ကိုရီးယား Sewol သင်္ဘောမှာ ပါသွားသူတွေရဲ့ ဆွေမျိုးမိသားစုဝင်တွေ ကယ်ဆယ်ရေးလုပ်ငန်းစဉ်ရလဒ်ကို စောင့်ဆိုင်းနေကြစဉ်။
နစ်မြုပ်နေတဲ့ Sewol တောင်ကိုရီးယားကတို့သင်္ဘောထဲကို ရေငုပ်သမားတွေ ဝင်ရောက်ပြီး အလောင်းတချို့ကို ဆွဲထုတ်နိုင်ခဲ့ပါတယ်။ အခုအချိန်ထိ အတည်ပြုနိုင်သလောက် သေဆုံးသူ ၅၆ ယောက်ရှိသွားပြီး ၂၄၆ ယောက်ကတော့ သေသလား ရှင်သလား မသိရသေးပါဘူး။

သေဆုံးသူအများစုဟာ အထက်တန်း ကျောင်းသူ ကျောင်းသားတွေဖြစ်ကြပါတယ်။ သာမန်ပြည်သူလုပ်အားပေးတွေပါဝင်တဲ့ ရေငုပ်သမားတွေဟာ ကြမ်တမ်းတဲ့လှိုင်းဒဏ်နဲ့ ရှင်းရှင်းလင်းလင်း မမြင်ရတဲ့အခြေအနေမှာပဲ နစ်နေတဲ့ သင်္ဘောထဲကို ဝင်နိုင်ဖို့ ကြိုးစားခဲ့ကြရတယ်လို့ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ ပြောခွင့်ရသူ Ko Myung-suk က ခုလို ရှင်းပြခဲ့ပါတယ်။

ရှာဖွေရေးအဖွဲ့တွေဟာ သဘောၤထဲကို ဘက်ပေါင်းစုံကနေ ဝင်ရောက်နေပြီး ခက်ခက်ခဲခဲ ပိုက်စိပ်တိုက်ရှာဖွေမှုတွေကို လုပ်နေကြတယ်လို့ ကမ်းရိုးတန်းစောင့် တပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

ရေငုပ်သမားတွေဟာ စနေနေ့ညနှောင်းပိုင်းမှာ သင်္ဘောအခန်းတွေရဲ့ မှန်ပြူတင်းပေါက်တွေကို ရစ်ုက်ခွဲပြီး အခန်းထဲက ပထမဆုံးအလောင်းကို ဆွဲထုတ်နိုင်ခဲ့ပါတယ်။ ဧပြီလ ၁၆ ရက်နေ့ ဗုဒ္ဓဟူးနေ့ထဲက တိမ်းမှောက် နစ်မြုပ်သွားတဲ့ သင်္ဘောမှာ ခရီးသည် ၄၇၆ ယောက်ပါသွားပြီး ၁၇၄ ယောက်ကိုပဲ ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သင်္ဘော ဘေးစောင်းပြီး နစ်ခဲ့ချိန်တုန်းက စိတ်မချရတဲ့ ရေလမ်းကြောင်းနေရာမှာ အသက် ၂၆ နှစ်အရွယ် သင်္ဘောတတိယအရာရှိက ပဲ့ကို ထိန်းခဲ့တာဖြစ်ပြီး အဲဒီနေရာမှာ အရင်က သူတခါမှ ပဲ့ ထိန်းခဲ့ဖူးတာ မဟုတ်ဘူးလို့ တောင်ကိုရီးယား အစိုးရရှေ့နေတွေက ပြောပါတယ်။ အဲဒီအချိန်မှာ သင်္ဘော Captain ဟာ သူ့ရဲ့ အခန်းထဲမှာ ရှိနေပြီး အတွေ့အကြုံမရှိတဲ့ တတိယအရာရှိကို ပဲထိန်းခန်းထဲမှာထားခဲ့တာဖြစ်တယ်ဆိုတာကိုလဲ တာဝန်ရှိသူတွေက အတည်ပြုပါတယ်။

သင်္ဘောနစ်နေစဉ် ခရီးသည်တွေကို ဒီအတိုင်းထားပြီး ဘေးလွတ်အောင်ထွက်ပြေးခဲ့မှုနဲ့ သင်္ဘော Captain နဲ့ သင်္ဘောအမှုထမ်း ၂ ယောက်ကို ဖမ်းဆီး တရားစွဲထားပါတယ်။
XS
SM
MD
LG