သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား သင်္ဘောမှောက်ရာမှာ မြန်မာသင်္ဘောဝန်ထမ်း ၂ ဦးသေဆုံး


တောင်ကိုရီးယား သင်္ဘောမှောက်ရာမှာ မြန်မာသင်္ဘောဝန်ထမ်း ၂ ဦးသေဆုံး
တောင်ကိုရီးယား သင်္ဘောမှောက်ရာမှာ မြန်မာသင်္ဘောဝန်ထမ်း ၂ ဦးသေဆုံး

တောင်ကိုရီးယား လောင်စာတင် သင်္ဘောတစ်စင်းပေါ်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာ မြန်မာသင်္ဘောသား ၂ ဦး အပါအဝင် လူ ၃ ဦးမက သေဆုံးပြီး လူ ၈ ဦး ပျောက်ဆုံးနေတယ်လို့ ရေကြောင်းအာဏာပိုင်တွေက ပြောပါတယ်။

တန်ချိန် ၄,၀၀၀ ကျော်ရှိတဲ့ ဒီသင်္ဘောဟာ တောင်ကိုရီးယားနိုင်ငံ အနောက်ပိုင်း Incheon ဆိပ်ကမ်းမြို့ရဲ့ ကမ်းလွန် ပင်လယ်ဝါထဲမှာ ဒီကနေ့ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ အခုလို ပေါက်ကွဲသွားတာ ဖြစ်တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

သင်္ဘောသားတွေက တောင်ကိုရီးယား နိုင်ငံသား ၁၁ ဦးနဲ့ မြန်မာ ၅ ဦး ဖြစ်ပါတယ်။ သေဆုံးတဲ့ မြန်မာတွေကတော့ ကိုသက်နိုင်ဝင်း နဲ့ ကိုမျိုးမင်းကျော် တို့ ဖြစ်ကြပါတယ်။ လောလောဆယ် တောင်ကိုရီးယား ၅ ဦးနဲ့ မြန်မာ ၃ ဦးဖြစ်တဲ့ ကိုဆန်းထွန်းလင်း၊ ကိုအောင်ကျော်ဆန်းနဲ့ ကိုကျော်မျိုးဦးတို့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ နောက်ထပ် ၅ ဦးကိုတော့ ကယ်ဆယ်ရထားပါပြီ။

ဒီသင်္ဘော ပေါက်ကွဲခဲ့ရတဲ့ အကြောင်းရင်းကို တာဝန်ရှိသူတွေ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားရဲ့ လက်ချက်ကြောင့်တော့ မဖြစ်နိုင်ဘူးလို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

XS
SM
MD
LG