သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကျွမ်းကျင်အရာရှိ ပဲ့ကိုင်ချိန် ကိုရီးယားသင်္ဘောနစ်မြုပ်


ခရီးသည်အများအပြားကို တင်ဆောင်လာတဲ့ တောင်ကိုရီးယား ကြိုပို့ရေယာဉ် ဘေးကိုစောင်းပြီး နစ်မြုပ်သွားခဲ့ချိန်တုန်းက ပဲ့ကိုင် မောင်းနှင်နေခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် ရေယာဉ်ရဲ့ တတိယအရာရှိဟာ အဲဒီရေပြင်မှာ ပထမဆုံးအကြိမ် မောင်းတာဖြစ်တယ်လို့ တောင်ကိုရီးယား အစိုးရရှေ့နေတွေက ပြောလိုက်ပါတယ်။

ခရီးသည် ၄၇၆ ယောက်ကို တင်ဆောင်လာပြီး တန်ချိန် ၆,၈၀၀ ရှိတဲ့ Sewol ရေယာဉ်ဟာ အနောက်တောင်ဘက်က Jindo ကျွန်း အလွန်မှာ နစ်မြုပ်သွားခဲ့ အပြီး နာရီ ၉၀ နီးပါးအကြာ စနေနေ့နှောင်းပိုင်းမှာ အခုလိုပြောလိုက်တာပါ။

တနင်္ဂနွေနေ့အစောပိုင်း အထိဆိုရင် လူ ၃၆ ယောက် သေဆုံးတယ်လို့ အတည်ပြုထားပြီး ၂၆၆ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်ပြီးတော့ နောက်ထပ် အသက်ရှင်ကျန်ရစ်သူတွေကို ရှာတွေဖို့ မျှော်လင့်ချက် မှေးမှိန်လာနေပါတယ်။ ခရီးသည် ၁၇၄ ဦးကို ကယ်တင်နိုင်ခဲ့ပေမယ့် ဗုဒ္ဓဟူးနေ့ကတည်းက နောက်ထပ် တဦးတယောက်ကိုမှ ထပ်ပြီး မတွေ့ရသေးပါဘူး။

သင်္ဘောမှောက်ချိန်မှာ မာလိန်မှူးဟာ သူ့အခန်းထဲမှာရှိနေပြီး အတွေ့အကြုံမရှိတဲ့ တတိယအရာရှိကို ပဲ့ကိုင်ခိုင်းထားခဲ့တယ် ဆိုတာကိုလည်း စနေနေ့မှာပဲ တာဝန်ရှိသူတွေက အတည်ပြုခဲ့ကြပါတယ်။
XS
SM
MD
LG