သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား သင်္ဘောမှောက်မှု ပျောက်ဆုံးသူ ၂၈၇ ယောက် ရှာဖွေဆဲ


ကိုရီးယားရုပ်သံတွေပြသနေတဲ့ တိမ်းမှောက်နေ တဲ့ တောင်ကိုရီးယား သင်္ဘော။ (ဧပြီ ၁၆၊ ၂၀၁၄)
ကိုရီးယားရုပ်သံတွေပြသနေတဲ့ တိမ်းမှောက်နေ တဲ့ တောင်ကိုရီးယား သင်္ဘော။ (ဧပြီ ၁၆၊ ၂၀၁၄)
တောင်ကိုရီးယား ကမ်းခြေမှာ ခရီသည်တင် သင်္ဘော တိမ်းမှောက် ခဲ့ပြီးတဲ့နောက် ပျောက်ဆုံးနေတဲ့ လူ ၂၈၇ ယောက် ကို တောင်ကိုရီးယား ရေငုပ် သမားတွေက ဆက်လက် ရှာဖွေနေကြပါတယ်။ သေဆုံးသူ စာရင်း တိုးလာနိုင်ဖွယ်ရှိနေပေမဲ့ လောလောဆယ်မှာတော့ သေဆုံးသူ ၉ ယောက် ရှိတဲ့အကြောင်း ကမ်းခြေစောင့် အရာရှိတွေက ကြာသပတေးနေ့က အတည်ပြု ပြောဆိုပါတယ်။

ရေစီးကြောင်း ပြင်းထန်ပြီး ရွှံ့ရေတွေနဲ့ နောက်ကြည့်နေတာမို့လို့ ဗုဒ္ဓဟူးနေ့ အစောပိုင်းက နစ်မြှုပ်ခဲ့တဲ့ ဒီ သင်္ဘောအတွင်းပိုင်းကို ရေငုပ်သမားတွေ ဝင်ရောက်နိုင်ဖို့ ခက်ခဲနေပါတယ်။ ၁၂ ဒီဂရီ စင်တီဂရိတ်လောက် သာ အေးတဲ့ ရေထဲမှာ သင်္ဘောတခုလုံးနီပါး နစ်မြှုပ်နေတာမှာ ဒီသင်္ဘောတွင်း အသက်ရှင်ကျန်ရစ်သူတွေ ရှိနေသေးသလား ဆိုတာကတော့ သေချာ မသိရသေးပါဘူး။

နစ်မြှုပ်နေတဲ့သင်္ဘောကို အထက်ကနေ ကရိန်းတွေနဲ့ ဆွဲတင်သွားမယ် လို့ တောင်ကိုရီးယား လုံခြုံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ဝန်ကြီး Kang Byung-Kyu က ပြောပါတယ်။

"ရေငုပ်သမားပေါင်း ၅၅၅ ယောက် ရှာဖွေနေပြီး ကရိန်းစက် ၃ ခုလည်း အခင်းဖြစ်ပွားတဲ့နေရာကို မနေ့ညကပဲ ရောက်သွားပါပြီ။ မနက်ဖြန် မနက်ပိုင်းမှာ နောက်ထပ် ကရိန်းတခုနဲ့ ညနေပိုင်းမှာ နောက်ထပ် နှစ်ခု ထပ်ရောက်ပါဦးမယ်။" - လို့ တောင်ကိုရီးယား လုံခြုံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ဝန်ကြီးက ပြောသွားတာပါ။

ပျောက်ဆုံးနေသူတွေရဲ့ မိသားစုတွေကတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေ နှေးကွေးတယ်လို့ ခံစားရပြီး အစိုးရကို ဒေါသထွက်နေ ကြပါတယ်။
သမ္မတ Park Geun-hye ကတော့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အစိုးရက တတ်နိုင်သမျှ အားလုံး လုပ်ဆောင်နေတဲ့ အကြောင်း စိတ်ပူ ထိတ်လန့်နေကြတဲ့ မိသားစုဝင်တွေကို နှစ်သိမ့်အားပေးဖို့ ကြိုးစားခဲ့ပါတယ်။

တန်ချိန် ၆,၈၂၅ ရှိတဲ့ Sewol သင်္ဘောဟာ အင်္ဂါနေ့ ညပိုင်းက အင်ချွန်းဆိပ်ကမ်း ကနေ အနောက်တောင်ဘက် ကမ်းရိုးတန်း ၆၂ မိုင်လောက် အကွာမှာရှိတဲ့ Jeju ကျွန်းကို ထွက်ခွာနေခဲ့တာ ဖြစ်ပါတယ်။ သင်္ဘော ဘာကြောင့် နစ်မြှုပ်ခဲ့ရတာလဲ ဆိုတာကိုတော့ အာဏာပိုင်တွေက အတည်ပြု မပြောနိုင်သေးပါဘူး။
XS
SM
MD
LG