တောင်ကိုရီးယားနိုင်ငံက ကွယ်လွန်သူ အာဏာရှင်ဟောင်း ပတ်ခ် ချုံဟီး (Park Chung-hee) ရဲ့ သမီးဖြစ်သူ ပတ်ခ် ဂွန်ဟေး (Park Geun-hye) ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတတဦး အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။
မဒန် ပတ်ခ် ဂွန်ဟေး (Park Geun-hye) ဟာ နိုင်ငံ စတင် တည်ထောင် ခဲ့တဲ့ ၁၉၄၈ ခုနှစ်က စလို့ ၁၁ ယောက်မြောက် တောင်ကိုး ရီးယားနိုင်ငံ သမ္မတ ဖြစ်လာခဲ့တာပါ။
သူမဟာ ဆိုးလ်မြို့တော်မှာ ကျင်းပတဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲအတွင်း တက်ရောက်သူ ပရိသတ် ၇ သောင်းရဲ့ ရှေ့မှောက်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာပါ။
သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့နောက် ပြောကြားတဲ့ မိန့်ခွန်းမှာ မဒန် ပတ်ခ် ဂွန်ဟေး (Park Geun-hye) က မြောက်ကိုရီးယားနိုင်ငံ ဘက်က နောက်ဆုံး ပြုလုပ်လိုက်တဲ့ နျူကလီးယား ဗုံး ဖေါက်ခွဲ စမ်းသပ်မှုဟာ ကိုရီးယား ပြည်သူတွေရဲ့ အနာဂတ်နဲ့ ဆက်လက် ရှင်သန်ရေးအတွက် စိန်ခေါ်မှုတရပ် ဖြစ်တယ်လို့ ပြောဆိုလိုက် သလို သူမအနေနဲ့ ပြုံယမ်းအစိုးရကနေ
တောင်ကိုရီးယား နိုင်ငံအပေါ် ခြိမ်းခြောက်တဲ့ ဘယ်လို လုပ်ရပ်မျိုးကိုမှ ခွင့်ပြုမှာ မဟုတ်ဘူးလို့
ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယား နိုင်ငံအနေနဲ့ နျူးကလီးယား အစီအစဉ်ကို စွန့်လွှတ်ဖို့နဲ့ တောင်ကိုရီးယားနဲ့
ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ မဒန် ပတ်ခ် ဂွန်ဟေး (Park Geun-hye) က တိုက်တွန်းလိုက်ပါတယ်။
၁၉၇၇ ခုနှစ်က သူမရဲ့ဖခင် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပြီး ၃၃ နှစ်အကြာမှာ မဒန် ပတ်ခ် ဂွန်ဟေး (Park Geun-hye) ဟာ နိုင်ငံရဲ့ ခေါင်းဆောင်အဖြစ် တင်မြှောက်ခံခဲ့ရတာ ဖြစ်ပါတယ်။
မစ္စတာ ပတ်ခ် ချုံဟီး (Park Chung-hee) ဟာ သူ့ရဲ့ လုံခြုံရေး အရာရှိ အကြီးအကဲက သေနတ်နဲ့ ပစ်သတ်တာကို ခံခဲ့ရပြီး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။