သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားခြေလှမ်း တပ်လှန့်စောင့်ကြည့်မှု အဆင့်မြှင့်


တောင်ကိုရီးယားနဲ့ အမေရိကန်က မြောက်ကိုရီးယား အခြေအနေကို သေချာစောင့်ကြည့်မှု အရှိန်မြှင့် (၁၀ ဧပြီ ၂၀၁၃)
တောင်ကိုရီးယားနဲ့ အမေရိကန်က မြောက်ကိုရီးယား အခြေအနေကို သေချာစောင့်ကြည့်မှု အရှိန်မြှင့် (၁၀ ဧပြီ ၂၀၁၃)
မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည် ပစ်လွှတ် စမ်းသပ်လာနိုင်ခြေ ရှိတဲ့အတွက် အမေရိကန်နဲ့ တောင်ကိုရီးယားတပ်ဖွဲ့တွေရဲ့ အသင့်အနေအထားကို အဆင့်မြှင့်တင်ထားပါတယ်။

နှစ်နိုင်ငံ ပူးတွဲတပ်ဖွဲ့တွေရဲ့ အသင့်အနေအထားကို WatchCon 2 အဆင့်ထိ မြှင့်တင်ထားတယ်လို့ တောင်ကိုရီးယား အစိုးရ အာဘော်တပိုင်း Yonhap သတင်းဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်တာကြောင့် အဲ့ဒါဟာ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတခု ဖြစ်လာနိုင်တယ်ဆိုတာကို ညွှန်ပြနေပါတယ်။

တာလတ် ဒုံးကျည်တစ်စင်း ပစ်လွှတ်စမ်းသပ်ဖို့ ပြင်ဆင်မှုတွေရဲ့ နောက်ဆုံးအဆင့် ကို မြောက်ကိုရီးယား ရောက်နေပြီဆိုတာ ကြောင့် အိမ်နီးချင်းနိုင်ငံတွေ သတိနဲ့ စောင့်ကြည့်နေကြပါတယ်။

မြောက်ကိုရီးယားနိုင်ငံကို တည်ထောင်သူ ကင်မ်အီဆွန်း (Kim Il-sung) ရဲ့ မွေးနေ့ဖြစ်တဲ့ လာမယ့် တနင်္လာနေ့ ပတ်ဝန်းကျင်လောက်မှာ ဒုံးကျည် ပစ်လွှတ်စမ်းသပ်ဖွယ် ရှိတယ်လို့ လေ့လာသူကတချို့က ခန့်မှန်းပါတယ်။

မြောက်ကိုရီးယားဟာ သူတို့ရဲ့ ဒုံးကျည်အသစ်တွေထဲက တစ်စင်းကို အချိန်မရွေး ပစ်လွှတ် စမ်းသပ်လာနိုင်တယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ယွန်ဗြောင်စီ (Yun Byung-se) က ဗုဒ္ဓဟူးနေ့မှာပဲ လွှတ်တော်အမတ်တွေကို ပြောခဲ့ပါတယ်။

တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်ပိုင် Guam ကျွန်းတို့ဟာ မြောက်ကိုရီးယားက မစမ်းသပ်ရသေးတဲ့ Musudan ဒုံးကျည် ရောက်နိုင်တဲ့ အကွာအဝေးအတွင်းမှာ ရှိနေပါတယ်။
XS
SM
MD
LG