သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား နယ်စပ် မြောက်ကိုရီးယား လက်နက်ကြီးနဲ့ပစ်ခတ်


မြောက်ကိုရီးယားက ဒုံးလက်နက် ပစ်ခတ်မှုသတင်းကို စောင့်ကြည့်နေကြတဲ့ တောင်ကိုရီးယားပြည်သူများ (ဂျူလိုင် ၁၄၊ ၂၀၁၄)
မြောက်ကိုရီးယားက ဒုံးလက်နက် ပစ်ခတ်မှုသတင်းကို စောင့်ကြည့်နေကြတဲ့ တောင်ကိုရီးယားပြည်သူများ (ဂျူလိုင် ၁၄၊ ၂၀၁၄)

မြောက်ကိုရီးယားနိုင်ငံဟာ အရှေ့ပင်လယ်ပြင်ထဲကို ဒီကနေ့အစောပိုင်း လက်နက်ကြီးကျည် အတော်များများနဲ့ ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာက ပြောခွင့်ရသူက မြောက်ကိုရီးယားက ဂမ်ဝန်းပြည်နယ်၊ ကမ်မန်းတောင်ရဲ့ကမ်းရိုးတန်းကနေ မြောက်ပိုင်းနယ်နိမိတ်စည်းအနီးက ရေပြင်ထဲကို ဒုံးကျည်အတော်များများ အပါအဝင် လက်နက်ကြီးကျည် ၁၀၀ လောက် ဒီကနေ့ နေ့လည်ပိုင်းမှာ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားဘက်က ရန်စမှုမှန်သမျှကို ရင်ဆိုင်နိုင်ဖို့ တောင်ကိုရီးယားစစ်တပ်ဟာ အဆင်သင့်ရှိနေပြီး တကယ်လို့ မြောက်ကိုရီးယားဘက်က အဲဒီ မြောက်ပိုင်းနယ်နိမိတ်စည်းရဲ့ တောင်ပိုင်း ရေပြင်ထဲကို ပစ်ခတ်လာမယ်ဆိုရင်တော့ တောင်ကိုရီးယားဘက်ကနေ တုံ့ပြန် အရေးယူမှုတွေ လုပ်ရလိမ့်မယ်လို့လည်း ပြောပါတယ်။ ဒိမတိုင်ခင်ရက်မှာတော့ မြောက်ကိုရီးယားက အရှေ့ဘက် ရေပြင်ထဲကို ပဲ့ထိန်း ဒုံးကျည်နှစ်စင်းကို ပစ်လွှတ်ခဲ့တဲ့အတွက်လည်း ဂျပန်ဖက်က မြောက်ကိုရီးယားကို ကန့်ကွက်ခဲ့တာပါ။

မြောက်ကိုရီးယားဘက်က အခုလို ဒုံးကျည်ပစ်ခတ်မှုတွေဟာ မြောက်ကိုရီးယားအနေနဲ့ ဒုံးလက်နက် နည်းပညာအသုံးပြုမှု စမ်းသပ်မှုတွေကို တားမြစ်ထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အာခံဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG