သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့ရွေးကောက်ပွဲ တောင်ကိုရီးယားကြိုဆို


မြန်မာ့အတိုက်အခံခေါင်းဆောင်နဲ့ တောင်ကိုရီးယား သမ္မတ ၂၀၁၃မှာ တွေ့ဆုံစဉ်။
မြန်မာ့အတိုက်အခံခေါင်းဆောင်နဲ့ တောင်ကိုရီးယား သမ္မတ ၂၀၁၃မှာ တွေ့ဆုံစဉ်။

မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့ အပေါ်မှာ တောင်ကိုရီးယားနိုင်ငံက ကြိုဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အသစ်တက်လာမယ့် အစိုးရအနေနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တံခါးဖွင့်ဆက်ဆံရေး မူဝါဒတွေ ဆက်လက် ကျင့်သုံးသွားလိမ့်မယ် လို့ မျှော်လင့်တဲ့အကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဌာန ပြောခွင့်ရ Cho June-hyuck က ပြောဆိုလိုက်ပါတယ်။

“သမိုင်းဝင် ရွေးကောက်ပွဲ ရလဒ်တွေကနေ မြန်မာအစိုးရအနေနဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဆက်ဆံရေး မူဝါဒတွေ ဆက်လက် ကျင့်သုံးသွားနိုင်ဖို့ ကျနော်တို့ အစိုးရက မျှော်လင့်ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံကြား ရင်းနှီးတဲ့ ဆက်ဆံရေး ထားရှိနိုင်ဖို့ အတွက်လည်း မြန်မာအစိုးရနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်” - လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဌာန ပြောခွင့်ရ Cho June-hyuck က ဒီကနေ့ နိုင်ငံခြားရေးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်း ပြောသွားခဲ့တာပါ။

XS
SM
MD
LG