သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကေဆွန်း စက်မှုဇုန်မှ တောင်ကိုရီးယားလုပ်သားများကို ပြန်ခေါ်တော့မည်


တောင်ကိုရီးယားစစ်ကားတစ်စင်း စစ်မဖြစ်ရေးဇုန်နယ်မြေရှိရာသို့ မောင်းလာစဉ်။ (ဧပြီလ ၂၆၊ ၂၀၁၃။)
တောင်ကိုရီးယားစစ်ကားတစ်စင်း စစ်မဖြစ်ရေးဇုန်နယ်မြေရှိရာသို့ မောင်းလာစဉ်။ (ဧပြီလ ၂၆၊ ၂၀၁၃။)
မြောက်ကိုရီးယားနိုင်ငံအတွင်းက Kaesong စက်မှုဇုန်မှာ ပိတ်မိနေတဲ့ တောင် ကိုရီးယား အလုပ်သမားတွေ ပြန်လာဖို့ အချိန်တန်ပြီလို့ တောင်နဲ့ မြောက် ကိုရီးယား ၂ နိုင်ငံကိစ္စကို တိုင်တွယ် ဆောင်ရွက်နေတဲ့ တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။

ကေဆွန်း စက်မှုဇုံမှာ ကျန်ရှိနေသေးတဲ့ တောင်ကိုရီးယား အလုပ်သမား ၁၈၀ ပြန်လာနိုင်ဖို့ အစိုးရအနေနဲ့ မလွဲမရှောင်သာတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ပြီးဖြစ်တဲ့အကြောင်း တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီး Ryoo Kihl-jae က သောကြာနေ့မှာ ပြောလိုက်တာပါ။

မြောက်ကိုရီးယားနိုင်ငံဘက်အခြမ်းမှာရှိတဲ့ ကေဆွန်း စက်မှုဇုန် ပြန်လည် ပတ်နိုင်ရေး တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ တောင်ကိုရီးယားရဲ့ ကမ်းလှမ်းချက်ကို မြောက်ကိုရီးယားဖက်က ပယ်ချလိုက်ပြီး နာရီပိုင်းအကြာမှာပဲ အခုလို ဆုံးဖြတ်ချက် ထွက်လာတာပါ။

မြောက်ကိုရီးယားအနေနဲ့ အဲဒီကမ်းလှမ်းချက်ကို တုန့်ပြန်ဖို့ တောင် ကိုရီးယား ဘက်က ကြာသပတေးနေ့မှာ ၂၄ နာရီ အချိန်ပေးခဲ့ပြီး ဒီကမ်းလှမ်းချက်ကို အချိန်မှီ မတုန့်ပြန်ရင် ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရမယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့တာပါ။

ဒါပေမယ့် တောင်ကိုရီးယားရဲ့ အဲဒီကမ်းလှမ်းချက် ကို မြောက်ကိုရီးယားဘက်က ပယ်ချလိုက်ပြီး နယ်စပ်မှာရှိတဲ့ အဲဒီ စက်မှုဇုန်မြို့က အခြေအနေတွေ ဒီထက်ပို ဆိုးအောင် လုပ်ဆောင်ရင် ပြင်းထန်တဲ့ တုံ့ပြန်မှုကို သူတို့ဘက်က အရင် လုပ်ဆောင်မယ်လို့ သတ်မှတ်ချိန်ထက် နာရီအနည်းငယ် အကျော်မှာ မြောက် ကိုရီးယားဘက်က တုံ့ပြန်ခဲ့ပါတယ်။
XS
SM
MD
LG