သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး အရှုပ်တော်ပုံ တောင်ကိုးရီးယားသမ္မတ အကျပ်တွေ့


 တောင်ကိုးရီးယားသမ္မတ
တောင်ကိုးရီးယားသမ္မတ

တောင်ကိုရီးယားအစိုးရအပေါ် ပြည်သူလူထုရဲ့ အယုံအကြည် ကျဆင်းနေချိန်မှာ ဒီကိစ္စကြောင့် နိုင်ငံရဲ့အမျိုးသားလုံခြုံရေးကို အထိခိုက်ခံမှာမဟုတ်ဘူးလို့ သမ္မတ Park Geun-hye က ကတိပြုခဲ့ပါတယ်။

သမ္မတအပေါ် လွှမ်းမိုးနိုင်သူလို့ဆိုသူအမျိုးသမီး Choi Soon-sil ဟာ သမ္မတနဲ့ ရင်းနှီးမှုကိုအကြောင်းပြ ငွေကြေးအမြတ်ထုတ်ခဲ့တယ်ဆိုတဲ့ကိစ္စကြောင့် သမ္မတ Park Geun-hye ရာထူးကနေဆင်းပေးဖို့ တောင်းဆိုဆန္ဒပြမှုတွေ ရှိနေတာပါ။

ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အစိုးရအနေနဲ့ စစ်ရေးအရ အပြည့်အဝ တုံ့ပြန်နိုင်တဲ့ အဆင်သင့်အနေအထားမှာ ပြင်ဆင်ထားတယ်လို့ သမ္မတပြောခွင့်ရသူက သတင်းထောက်တွေကို တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

နိုင်ငံရေးအရှုပ်တော်ပုံကြီးဖြစ်နေပေမဲ့ ကြည်း၊ ရေ၊ လေ ပါဝင်တဲ့ Hoguk နှစ်ပါတ်လည် စစ်ရေးလေ့ကျင့်မှုကို တောင်ကိုရီးယားစစ်တပ်က ဒီတပါတ်ထဲမှာ စတင်ခဲ့ပါတယ်။ သမ္မတနဲ့ ဟိုးအရင်ထဲက ရင်းနှီးခဲ့တဲ့ မိတ်ဆွေဟောင်း Choi Soon-sil က နိုင်ငံရေးကိစ္စတချို့မှာ ပါတ်သက်မှုတွေရှိခဲ့တယ်ဆိုတဲ့ ကိစ္စပေါ်ထွက်လာခဲ့ပြီးနောက် သမ္မတ Park Geun-hye အပေါ် ပြည်သူလူထုရဲ့ ယုံကြည်အားထားမှုပိုင်းမှာ အကြီးအကျယ် ထိခိုက်မှုရှိနေပါတယ်။

အကြီးအကျယ် လူထုဆန္ဒပြမှုတွေနဲ့ သမ္မတ ရာထူးကနေဆင်းပေးဖို့ တောင်းဆိုမှုတွေကြောင့် Ms. Choi နဲ့အလိုတူအလိုပါလို့ သံသယရှိသူ ထိပ်တန်းအရာရှိကြီးတွေနဲ့ အကြံပေးတော်တော်များများကို စနေ၊ တနင်္ဂနွေရုံးပိတ်ရက်အတွင်း သမ္မတက ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။

နိုင်ငံရေး အရှုပ်တော်ပုံ တောင်ကိုးရီးယားသမ္မတ အကျပ်တွေ့
please wait

No media source currently available

0:00 0:00:41 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG