သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား သမ္မတကို အစိုးရရှေ့နေတွေ တရားဝင် စွဲချက်တင်


ဖမ်းဆီးခံထားရတဲ့ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol
ဖမ်းဆီးခံထားရတဲ့ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol

တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ သမ္မတ Yoon Suk Yeol ကို ဆူပူအုံကြွမှုမှာ အဓိကဦးဆောင်သူအဖြစ် အစိုးရရှေ့နေတွေ ဒီကနေ့ပဲ တရားဝင် စွဲချက်တင်လိုက်ပါတယ်။ တာဝန်ဆိုင်းငံ့ထားပြီး ဖမ်းဆီးအရေးယူ ခံထားရတဲ့ သမ္မတကို ဆက်လက် ထိန်းသိမ်းထားဖို့လည်း အမိန့်ထုတ်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၃ ရက်နေ့က စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး ၆ နာရီလောက် အကြာမှာပဲ လွှတ်တော်က အမိန့်ကို ပယ်ဖျက်ဖို့ မဲခွဲဆုံးဖြတ်ခဲ့ရာက နောက်ဆက်တွဲ တောင်ကိုရီးယားမှာ နိုင်ငံရေး ပြဿနာတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ သမ္မတ Yoon ကို အရေးယူဖို့ လွှတ်တော်က ဆုံးဖြတ်ခဲ့ပြီး၊ ဒီလဆန်းမှာပဲ ဖမ်းဆီးခံခဲ့ရတာကြောင့် တောင်ကိုရီးယား သမိုင်းမှာ တာဝန်ထမ်းဆောင်နေစဉ် အဖမ်းခံခဲ့ရတဲ့ ပထမဆုံး သမ္မတတဦးလည်း ဖြစ်ခဲ့ပါတယ်။

သမ္မတကို ဖမ်းဆီးဖို့ ကြိုးပမ်းရာမှာလည်း ကိုယ်ရံတော် အထူးတပ်ဖွဲ့က လက်မခံတာကြောင့် သီတင်းပတ်နဲ့ချီ ကြာမြင့်ခဲ့တာပါ။ အစိုးရရှေ့နေတွေ စွဲချက်တင်လိုက်တာကြောင့် ဆိုးလ်မြို့တော်မှာ ထိန်းသိမ်းထားတဲ့ သမ္မတအနေနဲ့ ၆ လအတွင်း စတင်ရမယ့် တရားခွင် မတိုင်ခင်အထိ ဆက်လက် ထိန်းသိမ်းခံရမှာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG