သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အုပ်ချုပ်ရေး ကြေညာခဲ့မှုအတွက် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဖမ်းဆီးခံရ


တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်း Kim Yong Hyun (REUTERS/Leah Millis)
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်း Kim Yong Hyun (REUTERS/Leah Millis)

တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က စစ်အုပ်ချုပ်ရေးကြေညာဖို့ သမ္မတ Yoon Suk Yeol ကို အကြံပြုခဲ့သူလို့ဆိုတဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းကို တောင်ကိုရီးယား တရားရေးအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဟောင်း Kim Yong Hyun ဟာ ဒီနေ့ တနင်္ဂနွေနေ့မှာ ဆိုးလ်မြို့မှာရှိတဲ့ တောင်ကိုရီးယားအစိုးရရှေ့နေချုပ်ရုံးကို သူ့ဘာသာသူ သူသဘောဆန္ဒအလျောက် လာရောက်ခဲ့ပြီး အဲဒီမှာ သူ့ရဲ့ လက်ကိုင်ဖုန်းကို သိမ်းလိုက်သလို သူ့ကိုလည်း ဖမ်းဆီးလိုက်တယ်လို့ တောင်ကိုရီးယား ပြည်တွင်းသတင်းတွေက ဖော်ပြပါတယ်။

စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးတဲ့နောက်တော့ ကာကွယ်ရေးဝန်ကြီးဟောင်း ကင်မ် ကို ဆိုးလ်အကျဉ်းထောင်ကို ပို့လိုက်တယ်လို့ တရားရေး အာဏာပိုင်တွေက ‌ပြောပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားရဲတပ်ဖွဲ့က သူ့ရဲ့ရုံးခန်းနဲ့အိမ်ကိုလည်း ဒီနေ့ ဝင်ရောက်ရှာဖွေခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

တောင်ကိုရီးယား အတိုက်အခံပါတီက သမ္မတ Yoon Suk Yeol ကို အရေးယူအပြစ်ပေးဖို့ကိစ္စ မအောင်မမြင်ဖြစ်ပြီး နောက်တရက်မှာပဲ အခုလိုကာကွယ်ရေးဝန်ကြီးဟောင်း ကင်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ အတိုက်အခံပါတီဘက်က သမ္မတရဲ့အာဏာကို ရပ်ဆိုင်းပြီး အရေးယူအပြစ်ပေးဖို့အတွက် လွှတ်တော်မှာ မဲခွဲဖို့လုပ်တဲ့အခါမှာ လိုအပ်တဲ့မဲ ၃ ပုံ ၂ ပုံ မရနိုင်ဖို့အတွက် အာဏာရပါတီဘက်က လွှတ်တော်အမတ်တွေအများစုက မဲမပေးဘဲ သပိတ်မှောက်ခဲ့ကြတာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG