သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားတပ်ကြပ် ပစ်ခတ်မှု ၅ ဦးသေ


တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကြား ကင်းလှည့်နေကြတဲ့ တောင်ကိုရီးယားစစ်သည်များ။
တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကြား ကင်းလှည့်နေကြတဲ့ တောင်ကိုရီးယားစစ်သည်များ။
မြောက်ကိုရီးယားနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့နေရာမှာ တာဝန်ကျနေတဲ့ တောင်ကိုရီးယားစစ်သားက တခြားသူနဲ့ တာဝန်ကျနေတဲ့ ရဲဘော်တွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ၅ ဦးသေဆုံးပြီး တခြား ၅ ဦးလည်း ထိခိုက် ဒဏ်ရာရသွားခဲ့ပါတယ်။

ဆိုးလ်မြို့ရဲ့ အရှေ့ဖက် Gangwon ခရိုင်မှာတာဝန်ကျနေတဲ့ တပ်ကြပ်ကြီးက သူ့ရဲ့ရိုင်ဖယ်နဲ့ ပစ်ခတ်လိုက်တာလို့ တောင်ကိုရီးယား စစ်ဖက် အရာရှိတွေက ပြောပါတယ်။ အဲဒီ တပ်ကြပ်ကြီးဟာ သူ့သေနတ်နဲ့အတူ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုမှာ မြောက်ကိုရီးယားရဲ့ ပါဝင် ပတ်သက်မှုရှိတယ်ဆိုတဲ့ အထောက်အထားတွေတော့ မတွေ့ရသေးပါဘူး။ မြောက်ကိုရီးယားက မကြာသေးခင်တုန်းကပဲ ဒုံးကျည်နဲ့ လက်နက်ကြီးတွေနဲ့ စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် နှစ်နိုင်ငံအကြား တင်းမာမှုတွေ ဖြစ်ပေါ်နေပါတယ်။ မြောက်ကိုရီးယားဖက်က စတင် ရန်စရင်တော့ သူတို့အနေနဲ့ လက်တုံ့ပြန်သွားမယ်လို့ တောင်ကိုရီးယားဖက်က အကြိမ်ကြိမ် ပြောထားပြီး ဖြစ်ပါတယ်။

ကျန်းမာသန်စွမ်းတဲ့ တောင်ကိုရီးယားနိုင်ငံသားတိုင်း ၂ နှစ် စစ်မှုထမ်းကြရတာ ဖြစ်ပါတယ်။ တရားဝင် စစ်ပြေငြိမ်းထားခြင်း မရှိသေးတဲ့အတွက် ကိုရီယားကျွန်းဆွယ်ဟာ စစ်ဖြစ်နေတဲ့အနေအထားမှာ ရှိနေတုန်း ဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲဟာ စစ်ပြေငြိမ်းရေး သဘောတူညီချက်နဲ့ အဆုံးသတ်ခဲ့တာဖြစ်ပြီး ငြိမ်းချမ်းရေး သဘောတူညီချက် မရသေးပါဘူး။
XS
SM
MD
LG