သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယား ပဋိပက္ခ အာရှသုံးနိုင်ငံ ဆွေးနွေးနိုင်


တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် (Wen Jiabao) ဂျပန်ဝန်ကြီးချုပ် အာကီယို ဟက်တိုယာမ (Akio Hatoyama) နဲ့ တောင်ကိုးရီးယား သမ္မတ လီမြောင်ဘက် (Lee Myung-Bak) တို့ ဒီကနေ့ နဲ့ မနက်ဖြန် ၂ ရက်ကြာ တွေ့ဆုံကြမယ့် ထိပ်သီး အစည်းဝေးပွဲမှာ တောင်ကိုးရီးယား စစ်သင်္ဘော နှစ်မြုပ်ခဲ့တဲ့ကိစ္စကနေ ဖြစ်ပေါ်လာတဲ့ တင်းမာမှုတွေနဲ့ ပတ်သက်ပြီး ဇောင်းပေး ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။

ဒီသုံးနိုင်ငံ ထိပ်သီးအစည်းဝေးကို တောင်ကိုးရီးယားနိုင်ငံ Jeju ကျွန်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။ မနေ့တုန်းကတော့ တရုတ်ဝန်ကြီးချုပ် ၀မ်းကျားပေါင်ဟာ ဆိုးလ်မြို့တော်မှာ တောင်ကိုးရီးယား သမ္မတနဲ့ တွေ့ဆုံတဲ့အခါမှာ ကိုးရီးယားကျွန်းဆွယ်ရဲ့ တည်ငြိမ်မှုကို ဖျက်ဆီးတဲ့ အပြုအမူမှန်သမျှကို တရုတ်အစိုးရက ရှုတ်ချမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

တရုတ်ဝန်ကြီးချုပ်က တောင်ကိုးရီးယား စစ်သင်္ဘောနှစ်မြုပ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိတယ်လို့ တရုတ်အစိုးရက သတ်မှတ်တဲ့သူကို ခုခံပေးမှာ မဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။

တောင်ကိုးရီးယား စစ်သင်္ဘော နှစ်မြုပ်ခဲ့တဲ့ကိစ္စဟာ မြောက်ကိုးယားရဲ့ လက်ချက်ကြောင့်လို့ ဆိုတဲ့ နိုင်ငံတကာရဲ့ စုံစမ်းစစ်ဆေး တွေ့ရှိချက်ကို တရုတ်အစိုးရအနေနဲ့ ဓမ္မဓိဌာန်ကျကျနဲ့ မျှမျှတတ သုံးသပ်ပြီး ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတာကို သူတို့ဘာသာသူတို့ ဆုံးဖြတ်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ မြောက်ကိုးရီးယား ကတော့ ဒီစွဲချက်ကို အကြိမ်ကြိမ် ပယ်ချခဲ့ပါတယ်။

နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ မြောက်ကိုးရီးယားက ပါဝင်ခွင့်မရှိခဲ့တာကြောင့် နိုင်ငံတကာရဲ့ စုံစမ်းတွေ့ရှိချက်ဟာ ဓမ္မဓိဌာန်ကျကျ ရှုမြင်သုံးသပ်ထားတာ မဟုတ်ဘူးလို့ မြောက်ကိုးရီုးယား အစိုးရက ပြောပါတယ်။ တောင်ကိုးရီးယား စစ်သင်္ဘော နှစ်မြုပ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အနေနဲ့ မြောက်ကိုရီးယားကို ထပ်မံ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြုလုပ်ရာမှာ ထောက်ခံဖို့အတွက် တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်နိုင်ငံတို့က တရုတ်အစိုးရကို တိုက်တွန်းနေကြတာလဲ ဖြစ်ပါတယ်။

XS
SM
MD
LG