သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်-မြောက် ကိုရီးယား အဆင့်မြင့်အရာရှိတွေတွေ့ဆုံ


တောင်နဲ့မြောက် ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီး Cho Myoung-gyon နှင့် Ri Son Gwon တို့ တွေ့ဆုံကြစဉ်။
တောင်နဲ့မြောက် ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီး Cho Myoung-gyon နှင့် Ri Son Gwon တို့ တွေ့ဆုံကြစဉ်။

နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးအတွက် ရည်ရွယ်ပြီး တောင်နဲ့ မြောက်ကိုရီးယားက အဆင့်မြင့် အရာရှိတွေ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဒါဟာ အမေရိကန်သမ္မတ Donald Trump နဲ့ မြောက် ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ရဲ့ သမိုင်းဝင် ထိပ်သီး စည်းဝေးပွဲ မကျင်းပခင်မှာ ပြုလုပ်တဲ့ စည်းဝေး ပွဲလည်း ဖြစ်ပါတယ်။

နှစ်ဘက် ခေါင်းဆောင်တွေ သဘောတူထားကြတဲ့ အကြောင်းအရာတွေကို အဆင်ပြေ ချောမွေ့စွာ အကောင်အထည် ဖော်နိုင်ရေးနဲ့ဆိုင်တဲ့ ကိစ္စတွေကို ဆွေးနွေးကြမှာဖြစ်ကြောင်း တောင်ကိုရီးယား ပြန်လည် ပေါင်းစည်းရေးဝန်ကြီး Cho Myoung-gyon က Panmunjom မှာ ကျင်းပတဲ့ စည်းဝေးပွဲကို မသွားခင် သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

“တဖက်လူအပေါ် ယုံကြည်မှု၊ လေးစားမှု၊ နားလည်မှု စတာတွေအပေါ် အခြေခံပြီး ဆက်ဆံမယ်ဆိုရင် ကျွနု်ပ်တို့အနေနဲ့ ဖြေရှင်းလို့ မရနိုင်တဲ့ပြဿနာ မရှိဘူးလို့ ထင်ပါတယ်၊ ဒါဟာလည်း တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံစလုံးက သဘောတူထားကြတဲ့ ကိစ္စဖြစ်ပါတယ်” လို့ ဝန်ကြီး Cho Myong-gyon က သတင်းထောက်တွေကို ပြောပါတယ်။

သမ္မတ Trump နဲ့ ခေါင်းဆောင် Kim Jong Un တို့အကြား ထိပ်သီးစည်းဝေးပွဲ ကျင်းပရေးအတွက် သံတမန်ရေးအရ ပြင်ဆင်မှုတွေ အရှိန်မြင့် လုပ်ဆောင်နေချိန်မှာဘဲ တောင်နဲ့ မြောက်ကိုရီးယား အဆင့်မြင့် အရာရှိတွေ တွေ့ဆုံ ဆွေးနွေးကြတာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ နယူးယောက်မြို့မှာ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ညာလက်ရုံး Kim Yong Chol ဟာ သမ္မတ Trump ကို ခေါင်းဆောင် Kim Jong Un ကိုယ်တိုင် ရေးပေးလိုက်တဲ့စာကို ဒီကနေ့ ပေးအပ်ဖို့ ရှိနေပါတယ်။ ဒါဟာ စင်ကာပူနိုင်ငံမှာ ဇွန်လ ၁၂ ရက်နေ့ ကျင်းပဖို့ရှိတဲ့ ထိပ်သီးစည်းဝေးပွဲ ဖြစ်မြောက်ရေးအတွက် လက်တွေ့ကျတဲ့ တိုးတက်မှုဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG