သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေး ဧပြီ ၂၇ ကျင်းပမည်


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တောင်ကိုရီးယားသမ္မတ Moon Jae-in တို့ နှစ်ဦးရဲ့ ထိပ်သီးဆွေးနွေးပွဲကို လာမယ့် ဧပြီ (၂၇)ရက်နေ့မှာ ကျင်းပဖို့ ရှိပါတယ်။

နှစ်နိုင်ငံ အဆင့်မြင့်ကိုယ်စားလှယ်တွေ၊ တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ နယ်စပ်က စစ်မဲ့ဇုံ Panmunjonm မှာ ဒီကနေ့တွေ့ဆုံတဲ့ အစည်းပွဲအတွင်း တောင်နဲ့မြောက် ထိပ်သီးခေါင်းဆောင်နှစ်ဦး သမိုင်းဝင် တွေ့ဆုံမယ့်ရက်ကို သတ်မှတ်လိုက်ကြတာ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ဖြစ်ခဲ့တဲ့ ၁၉၅၀-၅၃ နောက်ပိုင်း တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ သက္ကရာဇ် ၂၀၀၀ မှာတကြိမ်နဲ့ ၂၀၀၇ ခုနှစ်မှာ နောက်ဆုံး တွေ့ဆုံးတွေ့ဆုံခဲ့ကြပါတယ်။ တောင်-မြောက် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမယ့် အစီအစဉ် အသေးစိတ်ကို ဆွေးနွေးဖို့ နှစ်နိုင်ငံ ကိုယ်စားလှယ်တွေ ဧပြီလ(၄)ရက် လာမယ့် ဗုဒ္ဓဟူးနေ့မှာ ထပ်မံ တွေ့ဆုံဖို့ရှိပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တရုတ်နိုင်ငံကို Kim Jong Un -မမျှော်လင့်ပဲ သွားရောက်လည်ပတ် ခဲ့ပြီးနောက်ပိုင်း ကိုးရီယားထိပ်သီး ခေါင်းဆောင် နှစ်ဦး တွေ့ဆုံဖို့ သဘောတူညီမှု ရလာတာပါ။ Kim Jong Un ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်ဟာ သူ အာဏာရလာတဲ့ ၂၀၁၁ နောက်ပိုင်း သူ့ရဲ့ ပထမဦးဆုံးသော နိုင်ငံခြားခရီးစဉ် ဖြစ်ပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယား ကင်းမဲ့ဇုံဖြစ်ရေးနဲ့ တောင်ကိုရီးယား၊ အမေရိကန် တို့နဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ တရုတ်သမ္မတ Xi Jingping နဲ့တွေ့ဆုံချိန်မှာ Kim Jong Un က ကတိပြုကြောင်း တရုတ်နိုင်ငံက ပြောပါတယ်။

တောင်မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေး ဧပြီ ၂၇ ကျင်းပမည်
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG