Zawgyi/Unicode
ေျမာက္ကုိရီးယားနဲ့ ေတာင္ကုိရီးယား ႏွစ္ႏုိင္ငံအၾကား ျပတ္ေတာက္ေနတဲ့ အေရးေပၚဆက္သြယ္ေရးကုိ တနလၤာေန႔မွာပဲ ျပန္လည္ဖြင့္လွစ္လုိက္ပါတယ္။
ၿပီးခဲ့တဲ့ ဇူလုိင္လအတြင္းက ႏွစ္ႏုိင္ငံဆက္သြယ္ေရး အထူးလမ္းေၾကာင္းတခုထားရွိဖုိ႔ ႏွစ္ဘက္သေဘာတူ လက္မွတ္ ထုိးခဲ့ေပမယ့္ ၾသဂုတ္လထဲမွာ ေျမာက္ကုိရီးယားဘက္က အဆက္သြယ္ျဖတ္သြားခဲ့ပါတယ္။ တနလၤာေန့မွာေတာ့ ေတာင္-ေျမာက္ကုိရီးယား စစ္ဘက္တာဝန္ရွိသူေတြ ပထမဆုံးအႀကိမ္ တယ္လီဖုန္းနဲ့ျပန္လည္ဆက္သြယ္စကားေျပာခဲ့ပါတယ္။
ေျမာက္ကုိရီးယားဘက္က မစ္ဇုိင္းဒုံးပ်ံေတြစမ္းသပ္ပစ္ခတ္မွုေတြၿပီးတဲ့ေနာက္ပုိင္းမွာ အခုလုိ ႏွစ္ႏုိင္ငံဆက္သြယ္ေရးလမ္းေၾကာင္းေတြျပန္လည္ဖြင့္လွစ္လုိက္တာပါ။
ႏွစ္ႏုိင္ငံဆက္သြယ္ေရးလမ္းေၾကာင္းျပန္လည္ဖြင့္လွစ္လုိက္တာကုိ ေတာင္ကုိရီးယား ျပန္လည္ ေပါင္းစည္းေရးဝန္ႀကီးနဲ့ ကာကြယ္ေရဝန္ႀကီးဌာနေတြက အတည္ျပုခဲ့သလုိ တနလၤာေန့မနက္အေစာပုိင္းမွာ ေျမာက္ကုိရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအြန္းကလည္း ဆက္သြယ္ေရး ျပန္လည္ စတင္မယ္လုိ့ေျပာဆုိေၾကာင္း ေျမာက္ကုိရီးယားသတင္းဌာနက ေျပာဆုိခဲ့ပါတယ္။
ၿပီးခဲ့ေသာၾကာေန႔တုန္းက ေလယာဥ္ပစ္ မစ္ဇုိင္းဒုံက်ည္ကုိ ေအာင္ျမင္စြာပစ္လႊတ္ႏုိင္ခဲ့ေၾကာင္း ေျမာက္ကုိရီးယားက ထုတ္ျပန္ပါတယ္။
ေျမာက္ကုိရီးယားရဲ့ မစ္ဇုိင္းဒုံပ်ံေတြစမ္းသပ္ပစ္ခတ္တာကုိ စုိးရိမ္တဲ့အတြက္ ကုလသမဂၢလုံၿခဳံေရး ေကာင္စီကလည္း ေသာၾကာေန့မွာ အေရးေပၚအစည္းအေဝး ေခၚခဲ့ပါတယ္။ တနဂၤေႏြေန့မွာေတာ့ အခုလုိလုံၿခဳံေရးေကာင္စီအစည္းေဝး ေခၚတာကုိ ေျမာက္ကုိရီးယားက႐ႈတ္ခ်လုိက္ၿပီး အခ်ိန္ကုိက္ဗုံးတလုံးနဲ့ ကစားေနသလုိျဖစ္ေနတယ္လုိ့ လုံၿခုံေရးေကာင္စီကုိလည္း သတိေပးေျပာဆုိခဲ့ပါတယ္။
=====
Unicode
တောင်-မြောက် ကိုရီယား အရေးပေါ်ဆက်သွယ်ရေးလိုင်းပြန်ဖွင့်
မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံအကြား ပြတ်တောက်နေတဲ့ အရေးပေါ်ဆက်သွယ်ရေးကို တနင်္လာနေ့မှာပဲ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက နှစ်နိုင်ငံဆက်သွယ်ရေး အထူးလမ်းကြောင်းတခုထားရှိဖို့ နှစ်ဘက်သဘောတူ လက်မှတ် ထိုးခဲ့ပေမယ့် သြဂုတ်လထဲမှာ မြောက်ကိုရီးယားဘက်က အဆက်သွယ်ဖြတ်သွားခဲ့ပါတယ်။ တနင်္လာနေ့မှာတော့ တောင်-မြောက်ကိုရီးယား စစ်ဘက်တာဝန်ရှိသူတွေ ပထမဆုံးအကြိမ် တယ်လီဖုန်းနဲ့ပြန်လည်ဆက်သွယ်စကားပြောခဲ့ပါတယ်။
မြောက်ကိုရီးယားဘက်က မစ်ဇိုင်းဒုံးပျံတွေစမ်းသပ်ပစ်ခတ်မှုတွေပြီးတဲ့နောက်ပိုင်းမှာ အခုလို နှစ်နိုင်ငံဆက်သွယ်ရေးလမ်းကြောင်းတွေပြန်လည်ဖွင့်လှစ်လိုက်တာပါ။
နှစ်နိုင်ငံဆက်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်လိုက်တာကို တောင်ကိုရီးယား ပြန်လည် ပေါင်းစည်းရေးဝန်ကြီးနဲ့ ကာကွယ်ရေဝန်ကြီးဌာနတွေက အတည်ပြုခဲ့သလို တနင်္လာနေ့မနက်အစောပိုင်းမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကလည်း ဆက်သွယ်ရေး ပြန်လည် စတင်မယ်လို့ပြောဆိုကြောင်း မြောက်ကိုရီးယားသတင်းဌာနက ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့သောကြာနေ့တုန်းက လေယာဉ်ပစ် မစ်ဇိုင်းဒုံကျည်ကို အောင်မြင်စွာပစ်လွှတ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။
မြောက်ကိုရီးယားရဲ့ မစ်ဇိုင်းဒုံပျံတွေစမ်းသပ်ပစ်ခတ်တာကို စိုးရိမ်တဲ့အတွက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီကလည်း သောကြာနေ့မှာ အရေးပေါ်အစည်းအဝေး ခေါ်ခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာတော့ အခုလိုလုံခြုံရေးကောင်စီအစည်းဝေး ခေါ်တာကို မြောက်ကိုရီးယားကရှုတ်ချလိုက်ပြီး အချိန်ကိုက်ဗုံးတလုံးနဲ့ ကစားနေသလိုဖြစ်နေတယ်လို့ လုံခြုံရေးကောင်စီကိုလည်း သတိပေးပြောဆိုခဲ့ပါတယ်။
#KoreaConflict #KoreaPeace #VOABurmese