သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ဆူဒန် နိုင်ငံသစ်ကို ကုလတပ်များ စေလွှတ်မည်


တောင်ဆူဒန် နိုင်ငံသစ်ကို ကုလတပ်များ စေလွှတ်မည်

ဒီကနေ့ ဇူလိုင်လ (၉) ရက်နေ့မှာ ကမ္ဘာပေါ်မှာ အသစ်ပေါ်ထွန်းလာမယ့် တောင်ဆူဒန်နိုင်ငံဟာ၊ ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်တွေရဲ့ အထောက်အကူကို ရရှိမှာ ဖြစ်ပါတယ်။ တောင်ဆူဒန်မှာ နိုင်ငံတကာ တပ်ဖွဲ့ဝင် (၇၀၀၀) နဲ့ ရဲအဖွဲ့ (၉၀၀)ကို၊ ဖြန့်ကျက်ချထားပေးဖို့၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မနေ့က ဇူလိုင်လ (၈)ရက်နေ့ က၊ ကန့်ကွက်သူမရှိ၊ တခဲနက် မဲပေး အတည်ပြုခဲ့ပါတယ်။ ဇူလိုင်(၈)ရက် သောကြာေ န့ ဒေသစံတော်ချိန် ညသန်းခေါင် (၁၂) နာရီ မှာ၊ တောင်ဆူဒန်နိုင်ငံဟာ၊ လွတ်လပ်တဲ့နိုင်ငံ ဖြစ်လာမှာပါ။ ဒီကနေ့ ဇူလိုင်(၉)ရက် စနေနေ့မှာ တောင်ဆူဒန်ရဲ့မြို့တော်ဖြစ်လာမယ့် ဂျူဘား(Juba) မြို့မှာ၊ လွတ်လပ် ရေး ကြညာတဲ့ အခမ်းအနား ကျင်းပမှာ ဖြစ်ပြီးတော့၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း(Ban Ki-moon) ဟာ ဆူဒန်သမ္မတ အိုမာအယ်လ်ဘာရှား (Al Omar al-Bashir)အပါအ၀င်၊အာဖရိက နိုင်ငံပေါင်းသုံး ဆယ်ေ လာက်က ခေါင်းဆောင်တွေနဲ့အတူ၊ ဒီအခမ်းအနားကို တက်ရောက်မှာ ဖြစ်ပါတယ်။ တောင်ဆူဒန်နိုင်ငံရဲ့ လွတ် လပ်ရေးကို အသိအမှတ်ပြုပါကြောင်း၊ မနေ့က ဇူလိုင်လ (၈)ရက်နေ့က၊ ပထမဦးဆုံး ကြေညာခဲ့တဲ့နိုင်ငံ ကတော့၊ တောင်ဆူဒန်ခွဲထွက်လာလို့၊ ကျန်ရစ်ခဲ့တဲ့ မြောက်ဆူဒန်နိုင်ငံပါ။ မြောက်ဆူဒန် သမ္မတရုံးဝန်ကြီး ဘာ ကရီ ဟတ်ဆန် ဆာလေး (Bakri Hassan Saleh) က၊ တောင်ဆူဒန်နိုင်ငံရဲ့ လွတ်လပ်ရေးကို အသိအမှတ်ပြု ပါကြောင်း၊ ဇူလိုင်လ (၈)ရက်နေ့က၊ မနက်အစောပိုင်း အစိုးရ ရုပ်မြင်သံကြားကနေ တရားဝင် ကြေညာခဲ့တာ ပါ။ တောင်ဆူဒန်ရဲ့ မြို့တော် ဖြစ်လာမယ့် ဂျူဘား(Juba) မြို့မှာ၊ လွတ်လပ်ရေး ကြေညာမယ့် အခမ်းအနား ကို ပြင်ဆင်နေကြပြီးတော့၊ လမ်းမတွေပေါ်မှာ အကအခုန်တွေနဲ့ ဇူလိုင်လ (၈) ရက်နေ့က၊ လွတ်လပ်ရေးေ အာင်ပွဲ သဘင်တွေ ဆင်နွှဲနေခဲ့ကြပါတယ်။ ဆူဒန်ပြည်တွင်းစစ်နောက်ပိုင်း ၂၀၀၅ ခုနှစ်၊ ငြိမ်းချမ်းရေးသဘော တူညီချက်အရ၊ ဒီနှစ် ၂၀၁၁ ဇန်န၀ါရီလမှာ၊ တောင်ဆူဒန် ခွဲထွက်ရေး၊ လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့တာမှာ၊ ခွဲထွက်ရေးဘက်က အပြတ်အသတ်မဲအနိုင်ရရှိခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်၊ ငြိမ်းချမ်းရေးသဘောတူညီချက်အရ ပဲ နှစ်(၂၀)ကျော်ကြာ ဆူဒန်မြောက်ပိုင်းနဲ့ တောင်ပိုင်းတို့ တိုက်ခိုက်ခဲ့ကြတဲ့ ပြည်တွင်းစစ်ဟာလည်း ပြီးဆုံး သွားခဲ့ပါတယ်။

XS
SM
MD
LG