သုံးရလွယ်ကူစေသည့် Link များ

တောင်ဆူဒန် စေ့စပ်ပွဲစဖို့ ညှိနှိုင်းဆဲ


တောင်ဆူဒန်သူပုန်အဖွဲ့ ကိုယ်စားလှယ်များ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အီသီယိုပီးယားနိုင်ငံကို ရောက်ရှိလာစဉ်။ (ဇန်နဝါရီ ၆၊ ၂၀၁၄)
အပြန်အလှန် တိုက်ခိုက်မှုတွေရှိနေတဲ့ တောင်ဆူဒန်အစိုးရနဲ့ သူပုန်အဖွဲ့တွေကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အီသီယိုးပီးယားနိုင်ငံ မြို့တော်မှာ စတင်နေသလို တောင်ဆူဒန်နိုင်ငံရဲ့ အနည်းဆုံး ဒေသနှစ်ခုမှာလည်း အကြမ်းဖက်မှုတွေကတော့ ဆက်လက် ဖြစ်ပွားနေပါတယ်။

ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ရက်ပေါင်းများစွာ နှောင့်နှေးခဲ့ရပြီးတဲ့နောက် တနင်္ဂနွေနေ့ကတော့ နှစ်ဘက်အဖွဲ့တွေ မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ နှစ်ဘက် လိုက်နာရမယ့်ကျင့်ဝတ်တွေနဲ့ ပတ်သက်လို့ သဘောတူညီမှု မရနိုင်ခဲ့တာကြောင့် ထိရောက်တဲ့ ဆွေးနွေးမှုတွေ မလုပ်နိုင်ခဲ့ပါဘူး။ တောင်ဆူဒန်သမ္မတ Salva Kiir နဲ့ ဒုသမ္မတဟောင်း Riek Machar တို့ရဲ့ နှစ်ဘက် ကိုယ်စားလှယ်တွေဟာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အသေးစိတ် ကိစ္စရပ်တွေနဲ့ သူပုန်တွေဘက်က တောင်းဆိုထားတဲ့ အကျဉ်းသားတွေ ပြန်လည် လွှတ်ပေးရေး ကိစ္စတွေကို ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

တောင်ဆူဒန်နိုင်ငံတွင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး သမ္မတ ကီယာနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆူဒန်နိုင်ငံ သမ္မတ Omar al-Bashir တောင်ဆူဒန်နိုင်ငံ မြို့တော် ဂျူဘားကို တနင်္လာနေ့မှာ သွားရောက်လိမ့်မယ်လို့ လည်း မျှော်လင့်ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG