တောင်ဆူဒန်နိုင်ငံမှာ စစ်မက်ဖြစ်နေကြတဲ့ အဖွဲ့တွေက ကိုယ်စားလှယ်တွေဟာ အီသီယိုးပီယားနိုင်ငံမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ဖို့ စုရုံးရောက်ရှိလာကြပါတယ်။ တောင်ဆူဒန်မှာ ပြီးခဲ့တဲ့ ရက်သီတင်းပတ်တွေအတွင်း အပြန်အလှန် အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီး၊ လူတစ်ထောင်ကျော် အသက်ဆုံးရှုံးခဲ့ကြရပါတယ်။
သမ္မတ Salva Kiir ရဲ့ ကိုယ်စားလှယ်တွေရော၊ သူပုန်ခေါင်းဆောင် Riek Machar ရဲ့ ကိုယ်စားလှယ်တွေပါ အီသီယိုးပီယားမြို့တော် Addis Ababa ကို ဗုဒ္ဓဟူးနေ့က ဆိုက်ရောက် လာကြပါတယ်။ ကိုယ်စားလှယ်တွေနဲ့ စကားပြောမေးမြန်းခဲ့တဲ့ ဗွီအိုအေ သတင်းထောက် Marthe van der Wolf ကတော့ အခု ကြာသပတေးနေ့ အစောပိုင်းမှာပဲ ဆွေးနွေးမှုတွေ စတင်လိမ့်မယ်လို့ ပြောပါတယ်။
တောင်ဆူဒန်နိုင်ငံရဲ့ Jonglei ပြည်နယ် မြို့တော် Bor မှာတော့ ဗုဒ္ဓဟူးနေ့က အစိုးရတပ်တွေနဲ့ မစ္စတာမာချာကို ထောက်ခံတဲ့ တပ်တွေအကြား နောက်ထပ် တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ အစိုးရတပ်တွေကို Bor ကနေ တစိတ်အတပိုင်း ဆုတ်ပေးလိုက်ပြီလို့ Twitter စာမျက်နှာတခုမှာ တောင်ဆူဒန်အစိုးရက ပြောထားပါတယ်။ ဒါပေမဲ့လို့ ဆင်ခြေဖုံးအရပ်တွေမှာ တိုက်ပွဲတွေက ရှိနေတုန်းပါ။
တောင်ဆူဒန်နိုင်ငံမှာတော့ Jonglei ပြည်နယ်နဲ့၊ ရေနံထွက်တဲ့ Unity ပြည်နယ်တွေမှာ အရေးပေါ် အခြေအနေတွေကို သမ္မတ Kiir က ကြေညာထားပါတယ်။