သုံးရလွယ်ကူစေသည့် Link များ

တောင်ဆူဒန်မှာ အပစ်ရပ်ရေး သဘောတူညီမှုရ


တောင်ဆူဒန်သူပုန်ခေါင်းဆောင်နဲ့ တောင်ဆူဒန်သမ္မတ ငြိမ်းချမ်းရေး သဘောတူညီချက်ရ (မေ ၉၊ ၂၀၁၄)
တောင်ဆူဒန်သူပုန်ခေါင်းဆောင်နဲ့ တောင်ဆူဒန်သမ္မတ ငြိမ်းချမ်းရေး သဘောတူညီချက်ရ (မေ ၉၊ ၂၀၁၄)
တောင်ဆူဒန်နိုင်ငံမှာ လူမျိုးစုတွေအကြား လနဲ့ချီဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အဆုံးသတ်ရေး နိုင်ငံတကာက ဖိအားပေးမှုတွေ တိုးမြင့် လာပြီးတဲ့နောက် တောင်ဆူဒန်သမ္မတနဲ့ သူပုန်တပ်ဖွဲ့တွေအကြား အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူလိုက်ကြပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၅ လလောက်က အကြမ်းဖက်တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် တောင်ဆူဒန်သမ္မတ Salva Kiir (ဆယ်လ်ဗာ ကီးယား) နဲ့ သူပုန်ခေါင်းဆောင် Riek Machar တို့ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး လက်ဆွဲ နှုတ်ဆက်ခဲ့ကြတယ်လို့ အီသီယိုးပီးယားနိုင်ငံ Addis Ababa မြို့မှာ စေ့စပ် ညှိနှိုင်းပေးသူတွေက ပြောပါတယ်။

ခေါင်းဆောင် ၂ ဦးစလုံးက အပြန်အလှန် တိုက်ခိုက်မှုတွေကို အဆုံးသတ်ကြဖို့ သဘောတူလိုက်တယ်လို့ အရှေ့အာဖရိက IGAD အဖွဲ့က စေ့စပ် ညှိနှိုင်းရေးမှူးတွေက ပြောပါတယ်။ ဒါ့အပြင် အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်းတာက အကောင်းဆုံးနည်းလမ်း ဖြစ်တယ်ဆိုတာကိုလည်း ၂ ဦးစလုံးက သဘောတူခဲ့တယ်လို့ ဆိုပါတယ်။ ကြားဖြတ်အစိုးရအတွင်း ဘယ်သူတွေပါမယ်ဆိုတာတော့ ရုတ်တရက် မသိနိုင်သေးပါဘူး။

ဆွေးနွေး ညှိနှိုင်းမှုတွေ လနဲ့ချီကြာခဲ့တဲ့အတွက် အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် လူတွေ ထောင်နဲ့ချီ သေဆုံးပြီး တစ်သန်းကျော်လောက်လည်း အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
XS
SM
MD
LG