သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တောင်အာရှ နိုင်ငံတချို့ သင်္ကြန်ပွဲဆင်နွှဲ


အရှေ့တောင်အာရှ နိုင်ငံတချို့ သင်္ကြန်ပွဲဆင်နွှဲ
အရှေ့တောင်အာရှ နိုင်ငံတချို့ သင်္ကြန်ပွဲဆင်နွှဲ

မြန်မာပြည် အပါအဝင် အိမ်နီးချင်းနိုင်ငံတချို့မှာ သင်္ကြန်ကျနေပါပြီ။ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေ မှာလည်း ရေကစားနေကြပါပြီ။ အရှေ့တောင်အာရှက အခုလို သင်္ကြန်ပွဲတော်တွေဟာ ကမ္ဘာလှည့်ခရီးသည်တွေ အတွက် စိတ်ဝင်စားစရာပါ။ မြန်မာပြည်က ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့နှစ်က ဗုံးကွဲမှုဖြစ်လို့ လူတွေသေဆုံးပြီး အထိတ်တလန့်နဲ့ စည်ကားမှု ပျက်ခဲ့ရတယ်ဆိုပေမဲ့ မနေ့က သင်္ကြန်အကြိုနေ့မှာတော့ ရန်ကုန်သင်္ကြန်မှာ လူစည်တယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာလည်း ကမ္ဘာလှည့် ခရီးသွားတွေနဲ့ မြို့ခံပြည်သူတွေ မနေ့က စည်စည်ကားကား ရေကစားကြပါတယ်။ ထိုင်းအစိုးရကလည်း ဘန်ကောက်မြို့မှာ လုံခြုံရေးတွေတိုးပြီး ချထားတာပါ။ ထိုင်းမှာ ရေကစားတာ ၂ ရက် ရှိသွားပါပြီ။ မြန်မာပြည်ထက် တရက်စောပါတယ်။

လမ်းမတွေမှာ မော်တော်ယာဉ် မတော်တဆဖြစ်မှုကြောင့် မနေ့က သေဆုံးသူ ၅၉ ဦး ရှိတယ်လို့ ထိုင်း ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးက ပြောပါတယ်။ ဒဏ်ရာရသူတွေလည်း ၉၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ မော်တော်ယာဉ် မတော်တဆဖြစ်မှုတွေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ဟာ အရက်မူးပြီး ကားတွေ ဆိုင်ကယ်တွေ မောင်းကြလို့ပဲ ဖြစ်ပါတယ်။

XS
SM
MD
LG