သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေရွ႕ေတာင္အာရွကို စစ္ေအးတိုက္ပြဲရဲ႕ ေရွ႕တန္းစာမ်က္ႏွာသစ္ အျဖစ္မခံႏိုင္


Indonesia's President Joko Widodo speaks to the media during ASEAN summit in Phnom Penh, Cambodia, Friday, Nov. 11, 2022.

အေရွ႕ေတာင္အာရွေဒသကို စစ္ေအးတိုက္ပြဲအသစ္ရဲ႕ ေရွ႕တန္းစစ္မ်က္ႏွာအျဖစ္ခံမွာ မဟုတ္ဘူးလို႔ အာဆီယံအလွည့္က် ဥကၠ႒အသစ္ အင္ဒိုနီးရွားသမၼတက ကတိျပဳလိုက္ပါတယ္။

“အာဆီယံဟာ ၿငိမ္းခ်မ္းတဲ့ေဒသ ျဖစ္လာရပါမယ္။ ကမာၻ႔တည္ၿငိမ္ေရးအတြက္ မွီခိုအားထားရာေနရာ ျဖစ္ရပါမယ္။ ႏိုင္ငံတကာဥပေဒေတြကို တသမတ္တည္း စြဲကိုင္ရပါမယ္။ အင္အားႀကီး အာဏာတစ္ရပ္ရဲ႕ ကိုယ္စားျပဳတာမ်ိဳး မျဖစ္ရပါဘူး၊ လက္ရွိ ပထဝီႏိုင္ငံေရးရဲ႕ အျပန္အလွန္သက္ေရာက္အားေတြကို ကြၽန္ေတာ္တို႔ေဒသတြင္းမွာ စစ္ေအးတိုက္ပြဲသစ္တစ္ရပ္အျဖစ္ ေျပာင္းသြားမွာကို အာဆီယံက အျဖစ္မခံသင့္ဘူး” လို႔ အင္ဒိုနီးရွား သမၼတ Joko Widodo က ဆိုပါတယ္။

လူသန္းေပါင္း ၇၀၀ ေနထိုင္ေနၾကတဲ့ အာဆီယံေဒသဟာ “ဂုဏ္သိကၡာရွိတဲ့ေဒသ ျဖစ္ရမယ္။ လူသားဝါဒနဲ႔ ဒီမိုကေရစီကို အားေပးေထာက္ခံရမယ္။” လို႔ Joko Widodo က ဆိုပါတယ္။ ဒါေပမဲ့ အဲဒီမူေတြဟာ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းခဲ့ၿပီး ဆက္လက္ျဖစ္ေပၚလာခဲ့တဲ့ ျဖစ္ရပ္ေတြနဲ႔ ကေမာၻဒီယားႏိုင္ငံရဲ႕ လူ႔အခြင့္အေရးဆိုင္ရာ ျပႆနာေတြေၾကာင့္ ညစ္ႏြမ္းခဲ့ရပါတယ္။

တ႐ုတ္က အာရွပစိဖိတ္ေဒသမွာ ပိုၿပီးစစ္ေရးအရ တိုးျမႇင့္လာၿပီး၊ ထိုင္ဝမ္ဟာ သူ႔ရဲ႕ အခ်ဳပ္အျခာပိုင္ နယ္ေျမအျဖစ္ အခိုင္အမာ ပိုေျပာလာတဲ့အတိုင္း အေမရိကန္ကလည္း တ႐ုတ္ရဲ႕ အင္အားကို တန္ျပန္တဲ့ ေျခလွမ္းေတြ လွမ္းလာတာေၾကာင့္ ေဒသတြင္းမွာ စစ္ေအးတိုက္ပြဲအသစ္လို တင္းမာမႈေတြ တိုးျမင့္လာရတာပါ။

အာဆီယံေခါင္းေဆာင္ေတြ ဖႏြမ္းပင္မွာ ေတြ႔ဆုံေနၾကခ်ိန္မွာပဲ QUAD လို႔ အတိုေကာက္ေခၚတဲ့ အေမရိကန္၊ ၾသစေၾတလ်ား၊ ဂ်ပန္နဲ႔ အိႏၵိယ ေလးႏိုင္ငံ မဟာမိတ္အဖြဲ႔ဟာ ဖိလစ္ပိုင္ႏိုင္ငံရဲ႕ အေရွ႕ဘက္ပင္လယ္ထဲမွာ စစ္ေရးေလ့က်င့္ေနၾကဆဲ ျဖစ္ပါတယ္။ စေနေန႔မွာပဲ၊ တ႐ုတ္စစ္တပ္က တိုက္ေလယာဥ္ေတြနဲ႔ ဗုံးႀကဲေလယာဥ္ ၃၆ စင္းဟာ ထိုင္ဝမ္အနီးမွာ ပ်ံသန္းခဲ့ၾကပါေသးတယ္။ ေလယာဥ္ ဆယ္စင္းဟာ ထိုင္ဝမ္ ေရလက္ၾကားထဲက တ႐ုတ္နဲ႔ ထိုင္ဝမ္ကို ျခားထားတဲ့မ်ဥ္းကို ျဖစ္ေက်ာ္ ပ်ံသန္းခဲ့တယ္လို႔ ထိုင္ဝမ္ တာဝန္ရွိသူေတြက ဆိုပါတယ္။

===== Unicode ====

အရှေ့တောင်အာရှဒေသကို စစ်အေးတိုက်ပွဲအသစ်ရဲ့ ရှေ့တန်းစစ်မျက်နှာအဖြစ်ခံမှာ မဟုတ်ဘူးလို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအသစ် အင်ဒိုနီးရှားသမ္မတက ကတိပြုလိုက်ပါတယ်။

“အာဆီယံဟာ ငြိမ်းချမ်းတဲ့ဒေသ ဖြစ်လာရပါမယ်။ ကမ္ဘာ့တည်ငြိမ်ရေးအတွက် မှီခိုအားထားရာနေရာ ဖြစ်ရပါမယ်။ နိုင်ငံတကာဥပဒေတွေကို တသမတ်တည်း စွဲကိုင်ရပါမယ်။ အင်အားကြီး အာဏာတစ်ရပ်ရဲ့ ကိုယ်စားပြုတာမျိုး မဖြစ်ရပါဘူး၊ လက်ရှိ ပထဝီနိုင်ငံရေးရဲ့ အပြန်အလှန်သက်ရောက်အားတွေကို ကျွန်တော်တို့ဒေသတွင်းမှာ စစ်အေးတိုက်ပွဲသစ်တစ်ရပ်အဖြစ် ပြောင်းသွားမှာကို အာဆီယံက အဖြစ်မခံသင့်ဘူး” လို့ အင်ဒိုနီးရှား သမ္မတ Joko Widodo က ဆိုပါတယ်။

လူသန်းပေါင်း ၇၀၀ နေထိုင်နေကြတဲ့ အာဆီယံဒေသဟာ “ဂုဏ်သိက္ခာရှိတဲ့ဒေသ ဖြစ်ရမယ်။ လူသားဝါဒနဲ့ ဒီမိုကရေစီကို အားပေးထောက်ခံရမယ်။” လို့ Joko Widodo က ဆိုပါတယ်။ ဒါပေမဲ့ အဲဒီမူတွေဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး ဆက်လက်ဖြစ်ပေါ်လာခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ကမ္ဘောဒီယားနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေကြောင့် ညစ်နွမ်းခဲ့ရပါတယ်။

တရုတ်က အာရှပစိဖိတ်ဒေသမှာ ပိုပြီးစစ်ရေးအရ တိုးမြှင့်လာပြီး၊ ထိုင်ဝမ်ဟာ သူ့ရဲ့ အချုပ်အခြာပိုင် နယ်မြေအဖြစ် အခိုင်အမာ ပိုပြောလာတဲ့အတိုင်း အမေရိကန်ကလည်း တရုတ်ရဲ့ အင်အားကို တန်ပြန်တဲ့ ခြေလှမ်းတွေ လှမ်းလာတာကြောင့် ဒေသတွင်းမှာ စစ်အေးတိုက်ပွဲအသစ်လို တင်းမာမှုတွေ တိုးမြင့်လာရတာပါ။

အာဆီယံခေါင်းဆောင်တွေ ဖနွမ်းပင်မှာ တွေ့ဆုံနေကြချိန်မှာပဲ QUAD လို့ အတိုကောက်ခေါ်တဲ့ အမေရိကန်၊ သြစတြေလျား၊ ဂျပန်နဲ့ အိန္ဒိယ လေးနိုင်ငံ မဟာမိတ်အဖွဲ့ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အရှေ့ဘက်ပင်လယ်ထဲမှာ စစ်ရေးလေ့ကျင့်နေကြဆဲ ဖြစ်ပါတယ်။ စနေနေ့မှာပဲ၊ တရုတ်စစ်တပ်က တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲလေယာဉ် ၃၆ စင်းဟာ ထိုင်ဝမ်အနီးမှာ ပျံသန်းခဲ့ကြပါသေးတယ်။ လေယာဉ် ဆယ်စင်းဟာ ထိုင်ဝမ် ရေလက်ကြားထဲက တရုတ်နဲ့ ထိုင်ဝမ်ကို ခြားထားတဲ့မျဉ်းကို ဖြစ်ကျော် ပျံသန်းခဲ့တယ်လို့ ထိုင်ဝမ် တာဝန်ရှိသူတွေက ဆိုပါတယ်။

XS
SM
MD
LG