သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်တောင်ပိုင်းတိုက်ပွဲ ဆက်လက်ဖြစ်ပွား


မွတ်ဆလင် သူပုန်- မိုရို အမျိုးသား လွတ်မြောက်ရေးတပ်ဦးနဲ့တိုက်ပွဲဖြစ်နေချိန် လမ်းပေါ်မှာ ပိတ်ဆို့နေရာယူထားတဲ့ ဖိလစ်ပိုင် အစိုးရတပ်ဖွဲ့ဝင်များ။ (စက်တင်ဘာ ၁၅၊ ၂၀၁၃)
မွတ်ဆလင် သူပုန်- မိုရို အမျိုးသား လွတ်မြောက်ရေးတပ်ဦးနဲ့တိုက်ပွဲဖြစ်နေချိန် လမ်းပေါ်မှာ ပိတ်ဆို့နေရာယူထားတဲ့ ဖိလစ်ပိုင် အစိုးရတပ်ဖွဲ့ဝင်များ။ (စက်တင်ဘာ ၁၅၊ ၂၀၁၃)
ဖိလစ်ပိုင်နိုင်ငံမှာ အစိုးရတပ်တွေနဲ့ သူပုန်ကြား ပဋိပက္ခတွေဖြစ်ပွားအပြီး ၇ ရက်အကြာမှာ မူဆလင်သူပုန်တွေရဲ့ စခန်းကို ပြန်သိမ်းဖို့ အစိုးရတပ်ဘက်က တိုက်ခိုက်မှုတွေကြောင့် ဖိလစ်ပိုင်တောင်ပိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ သောကြာနေ့က သူပုန်ခေါင်းဆောင် Nur Misuari နဲ့ သဘောတူူညီချက်ရခဲ့တယ်လို့ ဒုသမ္မတ ဂျယ်ဂျိုမာ ဘင်နေ (Jejomar Binay) ပြောတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ခုနောက်ဆုံးတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်ပြယ်သွားစေနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

သီတင်းတပတ်ကြာတိုက်ပွဲအတွင်းမှာ သူပုန်ဘက်က ၄၃ ယောက်အပါအဝင် လူ ၅၅ ယောက်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဖိလစ်ပိုင်အစိုးရ စစ်တပ်ဘက်က ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က မိုရို အမျိုးသားလွတ်မြောက်ရေးတပ်ဦး သူပုန်တွေက ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဆမ်ဘိုအမ်ဂါ Zamboanga မြို့ကို စီးနင်းတိုက်ခိုက်ခဲ့ပြီး ဓားစာခံတွေကိုလည်း ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဓားစာခံတွေကို လူသားဒိုင်းအဖြစ်နဲ့ အကာအကွယ်ယူ အသုံးပြုဖို့လို့ အစိုးရတာဝန်ရှိတွေဘက်က ပြောဆိုပါတယ်။ ဆမ်ဘိုအမ်ဂါ (Zamboanga) မြို့အနှံ့မှာ ခုလို တိုက်ခိုက်မှုရဲ့ စစ်တလင်းလိုဖြစ်နေတဲ့အတွက် ကျောင်းတွေနဲ့ အစိုးရရုံးတွေကို ပိတ်ထားရပါတယ်။ ဒါပေမဲ့ တိုက်ခိုက်မှုဖြစ်တဲ့နေရာ ခပ်လှမ်းလှမ်းမှာရှိပြိး အဲဒီတိုက်ခိုက်မှုကြောင့် မှန်တွေကွဲကျေကုန်ခဲ့တဲ့ ဘဏ် ၅ ခုကတော့ တနင်္ဂနွေနေ့မှာ ပြန်ဖွင့်ဖို့ သဘောတူခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် လူူပေါင်း ၆ သောင်းခွဲလောက် အိုးအိမ်ပြောင်း ထွက်ပြေးရပြီး ရာနဲ့ချီတဲ့ အိမ်တွေလည်း မီးလောင်ကျွမ်းခဲ့ပါတယ်။
XS
SM
MD
LG