သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖယ္ခုံမွာ လက္နက္ႀကီးက်ည္ေၾကာင့္ အရပ္သားတခ်ိဳ႕ထိခိုက္ဒဏ္ရာရ


စစ္ေဘးကထြက္ေျပးေနၾကရတဲ့ ရွမ္းျပည္သူမ်ား။

{{Zawgyi/Unicode}}

ရွမ္းျပည္ေတာင္ပိုင္း ဖယ္ခုံၿမိဳ႕ေပၚမွာ စစ္ေကာင္စီဘက္က လက္နက္ႀကီးနဲ႔ပစ္လို႔ အရပ္သားျပည္သူသုံးဦး ထိမွန္ဒဏ္ရာရခဲ့တယ္လို႔ ဖယ္ခုံ PDF က ေျပာပါတယ္။ ဒီေန႔ မနက္အေစာပိုင္းမွာလည္း လက္နက္ႀကီးေတြ လူေနအိမ္ေတြေပၚ က်ေရာက္လို႔ ေနအိမ္တခ်ိဳ႕ပ်က္စီးၿပီး ရာနဲ႔ခ်ီတဲ့ ေဒသခံေတြ အိုးအိမ္စြန႔္ခြာေျပးေနၾကရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကသတင္းေပးပို႔ထားတာကို မအိသန႔္စင္က တင္ျပေပးထားပါတယ္။

မေန႔ ေအာက္တိုဘာ ၂၆ ရက္ေန႔ကဖယ္ခုံၿမိဳ႕အတြင္း စစ္ေကာင္စီက လက္နက္ႀကီးနဲ႔ ပစ္ခတ္လိုက္လို႔ သာမန္အရပ္သားျပည္သူ သုံးဦး က်ည္ထိမွန္ဒဏ္ရာရရွိခဲ့တယ္လို႔ ဖယ္ခုံ PDF ေျပာေရးဆိုခြင့္ရွိသူတဦးက VOA ကို ေျပာပါတယ္။ အဲလိုပစ္ခတ္ခ်ိန္မွာ ႏွစ္ဖက္တိုက္ပြဲျဖစ္ပြားမႈမရွိခဲ့ဘူးလို႔လည္း ေျပာပါတယ္။

အဲဒီေနာက္ မေန႔ညေနပိုင္းကေတာ့ဖယ္ခုံၿမိဳ႕နယ္ ကုန္းဆုံေက်း႐ြာအုပ္စု ကသဲ ေက်း ႐ြာ အနီးမွာ စစ္တပ္စြဲထားတဲ့ စစ္ေကာင္စီအဖြဲ႔ကို ဖယ္ခုံၿမိဳ႕နယ္

ျပည္သူ႔ကာကြယ္ေရးအဖြဲ႔နဲ႔ ကရင္နီ အမ်ိဳးသားကာကြယ္ေရး KNDF ပူးေပါင္းအဖြဲ႔တို႔က သြားေရာက္ တိုက္ခိုက္လို႔ အျပန္အလွန္ပစ္ခတ္မႈေတြရွိတယ္လို႔ ဖယ္ခုံ PDF ေျပာခြင့္ရက ဗြီအိုေအကို ေျပာပါတယ္။

“ဖယ္ခုံၿမိဳ႕ေပၚမွာလည္းပဲ တအား စစ္ေၾကာင္းေတြထိုးၿပီးေတာ့ ေနာက္ၿမိဳ႕ေပၚကို ေနရာယူပိတ္ဆို႔ စစ္၊ ေနာက္အရပ္သားေတြလည္း သူတို႔တပ္ေတြက ေလွ်ာက္ပစ္တယ္ေလ၊ မေန႔ကတုန္းကလည္းပဲသုံးေယာက္၊ ၿမိဳ႕ထဲမွာ က်ေနာ္တို႔ကို လွမ္းသတင္းခ်ိတ္တာေတာ့ သုံးေယာက္ထိတယ္ဆိုၿပီးေတာ့ ေျပာတာရွိတယ္၊ က်ည္မွန္တာေပါ့၊ က်ည္မွန္ တာ ေတြရွိတယ္၊ ေနာက္အိမ္ေတြ တခါတေလ တံခါးေတြ ထုၿဖဲတာေတြရွိတယ္၊ ေဈးဆိုင္ေတြဆိုရင္ သူတို႔လိုခ်င္တာေတြ စစ္သားေတြက ယူသြားၾကတာေလ။

အဲ့ဒါမ်ိဳးေတြရွိတယ္၊ လုပ္လာတဲ့အခါက်ေတာ့ က်ေနာ္တို႔ဘက္က အဲ့ဒီ ကသဲ႐ြာေတာင္ ဘက္နားက သူတို႔ စခန္းခ်ထားတဲ့ ေတာင္ကုန္းေပၚကို က်ေနာ္တို႔က သြားပစ္လိုက္တယ္။”

တိုက္ပြဲအေျခအေနက နာရီဝက္ေလာက္ အခ်ိန္ၾကားၿပီး ဖယ္ခုံ PDF ဘက္က တပ္ဖြဲ႔ဝင္တဦး ေျခေထာက္က်ည္ေဖာက္ဝင္ ဒဏ္ရာရရွိခဲ့ၿပီး စစ္ေကာင္စီဘက္က အထိအခိုက္ကိုေတာ့ မသိရေသးဘူးလို႔ ေျပာပါတယ္။

ေအာက္တိုဘာ ၂၇ ရက္ ဒီကေန႔ မနက္အေစာပိုင္းမွာေတာ့ တိုက္ပြဲၿငိမ္ေနတဲ့အခ်ိန္ စစ္ေကာင္စီဖက္က လက္နက္ႀကီးနဲ႔ လူေနအိမ္ဘက္ကို ပစ္မွတ္ထား ပစ္ခတ္လာတယ္လို႔ ကသဲေက်း႐ြာခံတဦးက VOA ကို ေျပာပါတယ္။

“အကုန္လုံးစိုးရိမ္ေနရပါတယ္၊ ႐ြာလုံးကြၽတ္မက်န္ တိမ္းေရွာင္ေနရတဲ့ အေျခအေနျဖစ္ေနတာေပါ့၊ စစ္ျဖစ္တယ္ဆိုေတာ့ ႀကဳံလည္းမႀကဳံဖူးေသးဘူးေပါ့၊ လက္နက္ႀကီး ကိုယ့္ေခါင္းေပၚက်တဲ့အေျခအေနမို႔လို႔ေပါ့ေနာ္၊ ေၾကာက္ၿပီးေတာ့မွ ၃ နာရီ မနက္အေစာႀကီး ထြက္ေျပးရတဲ့ အေနအထားျဖစ္ေနတာေပ့ါေနာ္၊ တုန္လႈပ္ေၾကာက္လန႔္ၾကတယ္၊ ဒဏ္ရာေတာ့ အထိအခိုက္မရွိဘူး၊ ဒါေပမယ့္ ေနအိမ္ေတြ နည္းနည္းပ်က္စီးရွိတယ္ဗ်။”

လက္နက္ႀကီးေၾကာင့္ လူအထိအခိုက္မရွိေပမယ့္ ေနအိမ္ပ်က္စီးတခ်ိဳ႕ရွိသလို ကသဲေက်း႐ြာ ေ႐ႊျပည္ေအး႐ြာက ႐ြာလုံးကြၽတ္ အိုးအိမ္စြန႔္ထြက္ေျပးေနၾကရတာလို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၂၂ ရက္ေန႔က ဖယ္ခုံၿမိဳ႕အေျခစိုက္ စစ္ေကာင္စီရဲ႕ ေျချမန္ တပ္ရင္း ၃၃၆ ရဲ႕ အေနာက္ဘက္ဂိတ္ေပါက္ ကင္းစခန္းတစ္ခုကို ဖယ္ခုံ PDF က ဝင္ေရာက္တိုက္ခိုက္ခဲ့လို႔ စစ္ေကာင္စီက ၅ ဦးေသဆုံးၿပီး ေမာင္းျပန္႐ိုင္ဖယ္ ေသနတ္အမ်ိဳးအစား ၅ လက္ ရရွိခဲ့တယ္လို႔ ဖယ္ခုံ PDF ေျပာေရးဆိုခြင့္ရွိသူတဦးက VOA ကို ေျပာပါတယ္။

ဒီလိုခိုက္တိုက္မႈျဖစ္ၿပီးေနာက္ပိုင္း စစ္ေကာင္စီက ပိတ္ဆို႔ၿပီး ရွာေဖြ စစ္ေဆးမႈေတြ ဆက္တိုက္လုပ္လာၿပီး သာမန္အရပ္သားျပည္သူေတြကိုပါ ပစ္မွတ္ထားဖိႏွိပ္ေနတယ္လို႔လည္း ဖယ္ခုံ PDF က ေျပာပါတယ္။

“က်ေနာ္တို႔ ေသနတ္ငါးလက္ စစ္တပ္ထဲမွာ သြားပစ္ၿပီးေတာ့ ယူလာတာရွိတယ္၊ အဲ့လိုယူလာလိုက္တဲ့အခါက်ေတာ့ ေနာက္စစ္ေၾကာင္းေတြက အမ်ားႀကီးထပ္ထိုးလာတယ္။ အဲလို ထိုးလာတဲ့အခါက်ေတာ့ သူက က်ေနာ္တို႔ကို မလုပ္ဘူး။ ျပည္သူေတြကိုပဲ ေတာက္ေလွ်ာက္ ေတာက္ေလွ်ာက္လုပ္ေနတယ္၊ အခါတိုင္းဆို ဒီတိုင္းပဲ ျပည္သူေတြကိုပဲ သူတို႔က မဲတယ္။ ေနာက္ၿပီးေတာ့ စစ္တပ္ကုန္းေပၚကေနၿပီးေတာ့ ၿမိဳ႕ေပၚကိုလည္း လက္နက္ႀကီးေတြနဲ႔ အၿမဲတမ္းပစ္ပစ္ခ်တယ္၊ ဟိုတရက္ဆိုရင္ အလုံး ၃၀ ေလာက္ရွိတယ္ ပစ္ခ်တာေလ။ အခုက ၿမိဳ႕ထဲကလည္းပဲ စစ္တပ္က ေန႔တိုင္းေန႔တိုင္းအဲ့လိုမ်ိဳး လူေတြဖမ္းတယ္၊ စစ္တယ္၊ ရွာေဖြတာေတြ စစ္ေဆးတာေတြ လုပ္တဲ့အခါက်ေတာ့ ျပည္သူေတြကလည္း ေရွာင္ ေရွာင္ ေရွာင္ေနရတာေတြ မ်ားလာတယ္ေပါ့၊ အဲ့လိုမ်ိဳးေတြ ျဖစ္လာတဲ့အခါက်ေတာ့ က်ေနာ္တို႔လည္း သည္းမခံႏိုင္ေတာ့ဘူးေပါ့၊ ၾကားလာေတာ့ အဲ့လိုမ်ိဳးေတြ သူတို႔ကို ျပန္ျပန္ ပစ္တာေပါ့။”

ဖယ္ခုံေဒသမွာ ၿပီးခဲ့တဲ့ စက္တင္ဘာလအတြင္းကလည္း စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရးတပ္ေတြအၾကား တိုက္ပြဲေတြျပင္းထန္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ေအာက္တိုဘာ ၿပီးခဲ့တဲ့ ၂၄ ရက္ေန႔တုန္းကလည္း ဖယ္ခုံၿမိဳ႕နယ္ ကုန္းဆုံဘုရားေတာင္ေပၚမွာ ဖယ္ခုံ PDF နဲ႔ KNDF ပူးေပါင္းတပ္နဲ႔ စစ္ေကာင္စီၾကား တိုက္ပြဲျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဖယ္ခုံနယ္တဝိုက္မွာ စစ္ေကာင္စီတပ္ေတြ အင္အားတိုးခ်ထားတယ္လို႔လည္း ေဒသခံေတြကေျပာၾကပါတယ္။

ဒီကာလမွာ ေကာက္ပဲသီးႏွံေတြ ရိပ္သိမ္းတဲ့ အခ်ိန္ျဖစ္လို႔ ဒီလုပ္ငန္းေတြကို မလုပ္ႏိုင္ဘဲ ထြက္ေျပးေနရတာေၾကာင့္ တိုက္ပြဲ အျမန္ၿပီးဆုံးခ်င္ၿပီလို႔လည္း ေဒသခံေတြက VOA ကို ေျပာပါတယ္။

ဖယ္ခုံနယ္တဝိုက္တိုက္ပြဲေတြနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က တုံ႔ျပန္ခ်က္ရဖို႔ VOA က ဆက္သြယ္ခဲ့ေပမယ့္ ဖုံးလက္ခံ ေျဖဆိုျခင္းမရွိပါဘူး။ ဒါ့အျပင္ ဖယ္ခုံနယ္တိုက္ပြဲေတြနဲ႔ပတ္သက္လို႔လည္း စစ္ေကာင္စီက တစုံတရာထုတ္ျပန္တာမ်ိဳးမရွိေသးပါဘူး။

-------------

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ဖယ်ခုံမှာ လက်နက်ကြီးကျည်ကြောင့် အရပ်သားတချို့ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ပေါ်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်လို့ အရပ်သားပြည်သူသုံးဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဖယ်ခုံ PDF က ပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းမှာလည်း လက်နက်ကြီးတွေ လူနေအိမ်တွေပေါ် ကျရောက်လို့ နေအိမ်တချို့ပျက်စီးပြီး ရာနဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကသတင်းပေးပို့ထားတာကို မအိသန့်စင်က တင်ပြပေးထားပါတယ်။

မနေ့ အောက်တိုဘာ ၂၆ ရက်နေ့ကဖယ်ခုံမြို့အတွင်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်လို့ သာမန်အရပ်သားပြည်သူ သုံးဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖယ်ခုံ PDF ပြောရေးဆိုခွင့်ရှိသူတဦးက VOA ကို ပြောပါတယ်။ အဲလိုပစ်ခတ်ချိန်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ဘူးလို့လည်း ပြောပါတယ်။

အဲဒီနောက် မနေ့ညနေပိုင်းကတော့ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာအုပ်စု ကသဲ ကျေး ရွာ အနီးမှာ စစ်တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို ဖယ်ခုံမြို့နယ်

ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ကရင်နီ အမျိုးသားကာကွယ်ရေး KNDF ပူးပေါင်းအဖွဲ့တို့က သွားရောက် တိုက်ခိုက်လို့ အပြန်အလှန်ပစ်ခတ်မှုတွေရှိတယ်လို့ ဖယ်ခုံ PDF ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။

“ဖယ်ခုံမြို့ပေါ်မှာလည်းပဲ တအား စစ်ကြောင်းတွေထိုးပြီးတော့ နောက်မြို့ပေါ်ကို နေရာယူပိတ်ဆို့ စစ်၊ နောက်အရပ်သားတွေလည်း သူတို့တပ်တွေက လျှောက်ပစ်တယ်လေ၊ မနေ့ကတုန်းကလည်းပဲသုံးယောက်၊ မြို့ထဲမှာ ကျနော်တို့ကို လှမ်းသတင်းချိတ်တာတော့ သုံးယောက်ထိတယ်ဆိုပြီးတော့ ပြောတာရှိတယ်၊ ကျည်မှန်တာပေါ့၊ ကျည်မှန် တာ တွေရှိတယ်၊ နောက်အိမ်တွေ တခါတလေ တံခါးတွေ ထုဖြဲတာတွေရှိတယ်၊ ဈေးဆိုင်တွေဆိုရင် သူတို့လိုချင်တာတွေ စစ်သားတွေက ယူသွားကြတာလေ။ အဲ့ဒါမျိုးတွေရှိတယ်၊ လုပ်လာတဲ့အခါကျတော့ ကျနော်တို့ဘက်က အဲ့ဒီ ကသဲရွာတောင် ဘက်နားက သူတို့ စခန်းချထားတဲ့ တောင်ကုန်းပေါ်ကို ကျနော်တို့က သွားပစ်လိုက်တယ်။”

တိုက်ပွဲအခြေအနေက နာရီဝက်လောက် အချိန်ကြားပြီး ဖယ်ခုံ PDF ဘက်က တပ်ဖွဲ့ဝင်တဦး ခြေထောက်ကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်ကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

အောက်တိုဘာ ၂၇ ရက် ဒီကနေ့ မနက်အစောပိုင်းမှာတော့ တိုက်ပွဲငြိမ်နေတဲ့ အချိန် စစ်ကောင်စီဖက်က လက်နက်ကြီးနဲ့ လူနေအိမ်ဘက်ကို ပစ်မှတ်ထား ပစ်ခတ်လာတယ်လို့ ကသဲကျေးရွာခံတဦးက VOA ကို ပြောပါတယ်။

“အကုန်လုံးစိုးရိမ်နေရပါတယ်၊ ရွာလုံးကျွတ်မကျန် တိမ်းရှောင်နေရတဲ့ အခြေအနေဖြစ်နေတာပေါ့၊ စစ်ဖြစ်တယ်ဆိုတော့ ကြုံလည်းမကြုံဖူးသေးဘူးပေါ့၊ လက်နက်ကြီး ကိုယ့်ခေါင်းပေါ်ကျတဲ့အခြေအနေမို့လို့ပေါ့နော်၊ ကြောက်ပြီးတော့မှ ၃ နာရီ မနက်အစောကြီး ထွက်ပြေးရတဲ့ အနေအထားဖြစ်နေတာပေ့ါနော်၊ တုန်လှုပ်ကြောက်လန့်ကြတယ်၊ ဒဏ်ရာတော့ အထိအခိုက်မရှိဘူး၊ ဒါပေမယ့် နေအိမ်တွေ နည်းနည်းပျက်စီးရှိတယ်ဗျ။”

လက်နက်ကြီးကြောင့် လူအထိအခိုက်မရှိပေမယ့် နေအိမ်ပျက်စီးတချို့ရှိသလို ကသဲကျေးရွာ ရွှေပြည်အေးရွာက ရွာလုံးကျွတ် အိုးအိမ်စွန့်ထွက်ပြေးနေကြရတာလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့က ဖယ်ခုံမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန် တပ်ရင်း ၃၃၆ ရဲ့ အနောက်ဘက်ဂိတ်ပေါက် ကင်းစခန်းတစ်ခုကို ဖယ်ခုံ PDF က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီက ၅ ဦးသေဆုံးပြီး မောင်းပြန်ရိုင်ဖယ် သေနတ်အမျိုးအစား ၅ လက် ရရှိခဲ့တယ်လို့ ဖယ်ခုံ PDF ပြောရေးဆိုခွင့်ရှိသူတဦးက VOA ကို ပြောပါတယ်။

ဒီလိုခိုက်တိုက်မှုဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီက ပိတ်ဆို့ပြီး ရှာဖွေ စစ်ဆေးမှုတွေ ဆက်တိုက်လုပ်လာပြီး သာမန်အရပ်သားပြည်သူတွေကိုပါ ပစ်မှတ်ထားဖိနှိပ်နေတယ်လို့လည်း ဖယ်ခုံ PDF က ပြောပါတယ်။

“ကျနော်တို့ သေနတ်ငါးလက် စစ်တပ်ထဲမှာ သွားပစ်ပြီးတော့ ယူလာတာရှိတယ်၊ အဲ့လိုယူလာလိုက်တဲ့အခါကျတော့ နောက်စစ်ကြောင်းတွေက အများကြီးထပ်ထိုးလာတယ်။ အဲလို ထိုးလာတဲ့အခါကျတော့ သူက ကျနော်တို့ကို မလုပ်ဘူး။ ပြည်သူတွေကိုပဲတောက်လျှောက် တောက်လျှောက်လုပ်နေတယ်၊ အခါတိုင်းဆို ဒီတိုင်းပဲ ပြည်သူတွေကိုပဲ သူတို့က မဲတယ်။ နောက်ပြီးတော့ စစ်တပ်ကုန်းပေါ်ကနေပြီးတော့ မြို့ပေါ်ကိုလည်း လက်နက်ကြီးတွေနဲ့ အမြဲတမ်းပစ်ပစ်ချတယ်၊ ဟိုတရက်ဆိုရင် အလုံး ၃၀ လောက်ရှိတယ် ပစ်ချတာလေ။ အခုက မြို့ထဲကလည်းပဲ စစ်တပ်က နေ့တိုင်းနေ့တိုင်းအဲ့လိုမျိုး လူတွေဖမ်းတယ်၊ စစ်တယ်၊ ရှာဖွေတာတွေ စစ်ဆေးတာတွေ လုပ်တဲ့အခါကျတော့ ပြည်သူတွေကလည်း ရှောင် ရှောင် ရှောင်နေရတာတွေ များလာတယ်ပေါ့၊ အဲ့လိုမျိုးတွေ ဖြစ်လာတဲ့အခါကျတော့ ကျနော်တို့လည်း သည်းမခံနိုင်တော့ဘူးပေါ့၊ ကြားလာတော့ အဲ့လိုမျိုးတွေ သူတို့ကို ပြန်ပြန် ပစ်တာပေါ့။”

ဖယ်ခုံဒေသမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ ပြီးခဲ့တဲ့ ၂၄ ရက်နေ့တုန်းကလည်း ဖယ်ခုံမြို့နယ် ကုန်းဆုံဘုရားတောင်ပေါ်မှာ ဖယ်ခုံ PDF နဲ့ KNDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီကြား တိုက်ပွဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ဖယ်ခုံနယ်တဝိုက်မှာ စစ်ကောင်စီတပ်တွေ အင်အားတိုးချထားတယ်လို့လည်း ဒေသခံတွေကပြောကြပါတယ်။

ဒီကာလမှာ ကောက်ပဲသီးနှံတွေ ရိပ်သိမ်းတဲ့ အချိန်ဖြစ်လို့ ဒီလုပ်ငန်းတွေကို မလုပ်နိုင်ဘဲ ထွက်ပြေးနေရတာကြောင့် တိုက်ပွဲ အမြန်ပြီးဆုံးချင်ပြီလို့လည်း ဒေသခံတွေက VOA ကို ပြောပါတယ်။

ဖယ်ခုံနယ်တဝိုက်တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့ VOA က ဆက်သွယ်ခဲ့ပေမယ့် ဖုံးလက်ခံ ဖြေဆိုခြင်းမရှိပါဘူး။ ဒါ့အပြင် ဖယ်ခုံနယ်တိုက်ပွဲတွေနဲ့ပတ်သက်လို့လည်း စစ်ကောင်စီက တစုံတရာထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

#MyanmarMilitary #MyanmarViolence #MyanmarPDF #ShanFighting #VOABurmese#ရှမ်း#ဖယ်ခုံ#တိုက်ပွဲ#သေနတ်ငါးလက်#KNDF

============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG