သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်တောင်ပိုင်း လွတ်လပ်ရေး လူထုဆန္ဒခံယူ

ဆူဒန်တောင်ပိုင်း လွတ်လပ်ရေး လူထုဆန္ဒခံယူ
ဆူဒန်တောင်ပိုင်း လွတ်လပ်ရေး လူထုဆန္ဒခံယူ

ဆူဒန်နိုင်ငံ တောင်ပိုင်းဒေသဟာ ဆူဒန်နိုင်ငံအဖြစ် ဆက်ပြီး တည်ရှိမလား၊ ဒါမှမဟုတ် လွတ်လပ်တဲ့ နိုင်ငံတခုအဖြစ် သီးသန့်ရပ်တည်မလား ဆိုတာအတွက် ဆူဒန်တောင်ပိုင်း ဒေသခံတွေဟာ သမိုင်းတွင်ရစ်မယ့် ပြည်သူ့ဆန္ဒ ခံယူပွဲကြီးမှာ မဲပေးနေကြပါတယ်။

မဲပေးသူတွေက လွတ်လပ်ရေးရယူဖို့ ရွေးချယ်လိမ့်မယ်လို့ အများက ခန့်မှန်းထားပါတယ်။ ဒီမဲဆန္ဒခံယူပွဲက ဒေသခံတွေအတွက် သမိုင်းတွင်တဲ့ ဖြစ်ရပ်ပါလို့ ဆူဒန်တောင်ပိုင်းရဲ့ သမ္မတ ဆယ်လ်ဗာ ကီး (Salva Kiir) က ပြောပါတယ်။ တပတ်တာ ကျင်းပမယ့် ဆန္ဒခံယူပွဲမှာ ပထမဆုံး မဲထည့်ဝင်သူတွေပဲ ပါရအောင် ထောင်ချီတဲ့ ဒေသခံတွေ တညလုံး တန်းစီပြီး စောင့်နေခဲ့ကြပါတယ်။

မူဆလင် အများစု နေထိုင်တဲ့ မြောက်ပိုင်းဒေသနဲ့ ခရစ်ယာန်နဲ့ နတ်ကိုးကွယ်သူတွေ အများစု နေထိုင်တဲ့ တောင်ပိုင်းဒေသအကြား ဆယ်စုနှစ် ၂ ခုကျော် ပြည်တွင်းစစ်တွေ ဖြစ်ပွားနေရာက အဆုံးသတ်ပေးခဲ့တဲ့ ၂၀၀၅ ခုနှစ်က ငြိမ်းချမ်းရေး သဘောတူညီချက်ရဲ့ တစိတ်တဒေသ အဖြစ်နဲ့ လူပေါင်း ၄,၀၀၀,၀၀၀ နီးပါးက မဲထည့်ဝင်ဖို့ မှတ်ပုံတင်ထားကြပါတယ်။

အမေရိကန် သမ္မတဟောင်း ဂျင်မီ ကာတာ (Jimmy Carter)၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အန်နန် (Kofi Annan) နဲ့ တောင်အာဖရိက သမ္မတဟောင်း သာဘို အမ်ဘီကီ (Thabo Mbeki) တို့ဟာ နိုင်ငံတလွှား ဖြန့်ချထားတဲ့ တခြား အကဲခတ်တွေနဲ့အတူ ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ ဆူဒန်နိုင်ငံကို ရောက်ရှိနေကြပါတယ်။

ဘယ်လိုရလဒ်ပဲထွက်ထွက် ဒါကို လက်ခံပြီး တောင်ပိုင်းဒေသကို ကူညီဖို့လည်း ဆူဒန်သမ္မတ အိုမာ အယ်လ်-ဘာရှား (Omar al-Bashir) က ကတိပြုထားပါတယ်။

This item is part of
XS
SM
MD
LG