သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအစိုးရ မူဆလင် သူပုန်နဲ့ ဆွေးနွေးမည်


ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများ စစ်သား အစောင့်အရှောက်နှင့် ဆွမ်းခံထွက်နေစဉ်။
ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများ စစ်သား အစောင့်အရှောက်နှင့် ဆွမ်းခံထွက်နေစဉ်။
ထိုင်းနိုင်ငံ တောင်ပိုင်းဒေသမှာ ဆယ်နှစ်နီးပါး ဖြစ်ပွါးနေတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ် သွားအောင် ကြိုးစားတဲ့ အနေနဲ့ ထိုင်းအစိုးရက အဓိက မူဆလင်သူပုန်အဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်ဖို့ ပထမဆုံးအကြိမ်အဖြစ် သဘောတူလိုက်ပြီဖြစ်ပါတယ်။

လာမယ့် သီတင်းပါတ် ၂ပါတ်မှာ စတင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်ဖို့အတွက် သဘောတူညီချက်ကို ကြာသပတေးနေ့က ထိုင်းအကြီးတန်း အရာရှိတွေနဲ့ NRF တော်လှန်ရေး တပ်ဦးက ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီသဘောတူညီချက်ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာ လက်မှတ်ရေးထိုးကြတာဖြစ်ပြီး အဲဒီမှာ ထိုင်းဝန်ကြီးချုပ် ရင်လတ် ရှင်နာဝပ်ကလည်း မလေးရှားဝန်ကြီးချုပ် Najib Razak နဲ့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပနေတာပါ။ သက်ဆိုင်ရာ အဖွဲ့အစည်းပေါင်းစုံ ပါဝင်တဲ့ ဆွေးနွေးပွဲ ဖြစ်မြောက်ရေးကို ထိုင်းအစိုးရကလိုလားနေသလို အခုလို ဆွေးနွေးဖို့ သဘောတူညီချက် ရခဲ့တာအတွက် ထိုင်းဝန်ကြီးချုပ်က ကြိုဆိုလိုက်ပါတယ်။ မလေးရှား ဝန်ကြီးချုပ်ကလည်း ဒီလို ဆွေးနွေးဖို့ သဘောတူညီမှု ရတာဟာ ငြိမ်းချမ်းရေးအတွက် အစလို့ ဆိုပါတယ်။

မလေးရှားအခြေစိုက် NRF အဖွဲ့ဟာ ထိုင်းနိုင်ငံ တောင်ပိုင်း မူဆလင် အများစု နေထိုင်ရာဒေသကို ကိုယ်ပိုင်အုပ်ချုပ်ရေးပေးဖို့ တော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေထဲက တဖွဲ့ဖြစ်ပါတယ်။ ဒီ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအတွင်း တခြားလက်နက်ကိုင်အဖွဲ့တွေက သဘောတူညီမှု ရှိမရှိတော့ မသိရသေးပါဘူး။

ထိုင်းနိုင်ငံတောင်ပိုင်းဒေသမှာ ၂၀၀၄ ခုနှစ်ကစပြီး အကြမ်းဘက်မှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပွါးခဲ့ရာက လူပေါင်း ၅ ထောင်လောက် သေဆုံးခဲ့ရပါတယ်။
XS
SM
MD
LG