သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ရွမ္းေတာင္  ရြာငံၿမိဳ႕နယ္ ႏြားဘန္းႀကီးရြာတဝိုက္ တိုက္ပဲြတြေၾကာင့္ ေဒသခံေတြ တိမ္းေရွာင္


ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ရြာငံၿမိဳ႕နယ္အတြင္း စစ္တပ္က ဝင္ေရာက္ပစ္ခတ္လို႔ စစ္ေဘးေရွာင္ေနရတဲ့ရြာတခ်ဳိ႕ (ဧၿပီ ၂၉ ၊ ၂၀၂၂/MIMU)

[[Zawgyi/Unicode]]

ရွမ္းျပည္ေတာင္ပိုင္း ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသျဖစ္တဲ့ ရြာငံၿမိဳ႕နယ္ ႏြားဘန္းႀကီး (နဘန္းႀကီး) ေက်းရြာဘက္မွာ ျဖစ္ခဲ့တဲ့တိုင္ပြဲေတြေၾကာင့္ ေဒသခံေတြ ထြက္ေျပးတိမ္းေရွာင္ေနၾကရပါတယ္။ ႏြားဘန္းႀကီးေက်းရြာက ၃၀၀ ေလာက္အပါအဝင္ ပတ္ဝန္းက်င္ေက်းရြာ ၁၀ ရြာေလာက္ကျပည္သူေတြ နီးစပ္ရာေက်းရြာနဲ႔ ေတာေတာင္ထဲ ပုန္းေ႐ွာင္ေနၾကရတာ သီတင္း ၁ ပတ္ေက်ာ္ေနၿပီလို႔ ေျပာျပၾကပါတယ္။ စစ္ေကာင္စီက သြားလာေရးလမ္းေၾကာင္းေတြကို ပိတ္ပင္ထားတာေၾကာင့္ ရိကၡာသယ္ေဆာင္ဖို႔ အဆင္မေျပလို႔ စားေရးေသာက္ေရး အခက္အခဲျဖစ္ေနၾကပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို မဆုမြန္က တင္ျပေပးထားပါတယ္။

ဓႏုကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသထဲက ရြာငံၿမိဳ႕နယ္ ႏြားဘန္းႀကီးေက်းရြာနားက ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြအေပၚ စစ္ေကာင္စီတပ္ေတြ ဧၿပီလ ၂၀ ရက္ေန႔က ထိုးစစ္ဆင္တုိက္ခိုက္ခဲ့တာေၾကာင့္ ႏြားဘန္းႀကီးေက်း႐ြာက ျပည္သူ ၃၀၀ ေလာက္အပါအဝင္ ပတ္ဝန္းက်င္ေက်းရြာ ၁၀ ရြာေလာက္က ျပည္သူေတြ ေဘးလြတ္ရာ ထြက္ေျပးပုန္းေ႐ွာင္ေနၾကရပါတယ္။ ဧၿပီလ ၂၀ ရက္ေန႔ထဲက ဒီေန႔အထိ ေတာ ေတာင္ထဲမွာ ေ႐ွာင္ပုန္းေနၾကတာ ၁၀ ရက္နီးပါး႐ွိေနၿပီလို႔ ရြာခံတဦးက ေျပာပါတယ္။

“၂၀ ရက္ေန႔မွာေတာ့ သူက စစ္ေၾကာင္းထိုးလိုက္တာေပ့ါ။ စစ္ေၾကာင္းထိုးၿပီးေတာ့ အဲ့ဒီမွာ ပစ္ခတ္မႈေတြ ျဖစ္တယ္။ တဘက္နဲ႔တဘက္ပစ္ခတ္မႈေတြ ျဖစ္ေတာ့ ရြာသားေတြကလည္း ေၾကာက္ၿပီးေတာ့ ထြက္ေျပးရတာေပါ့ေနာ္။”

ႏြားဘန္းႀကီးရြာဘက္မွာ ပထမဆံုးအႀကိမ္ တိုက္ပြဲျဖစ္ပြားတာျဖစ္လို႔ ေဒသခံေတြ ပိုၿပီးစိုးရိမ္ ထိတ္လန္႔ ေနၾကတာပါ။ စစ္ေကာင္စီတပ္ေတြ ထိုးစစ္ဆင္တုိက္ခိုက္ခဲ့ၿပီး ႐ြာထဲမွာ တပ္စြဲေနရာယူထားတဲ့အတြက္ စစ္ေျပးဒုကၡသည္ေတြ ေနရပ္မျပန္ရဲၾကေသးတာျဖစ္ပါတယ္။ ေဒသခံကာကြယ္ေရးအဖဲြ႔ေတြ ႐ွိေနႏိုင္တယ္လို႔ ယူဆတဲ့ေနရာေတြဘက္ကိုလည္း လက္နက္ႀကီးေတြနဲ႔ မၾကာမၾကာပစ္ခတ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ တိုက္ပြဲျဖစ္ၿပီးေနာက္ပိုင္း ႏြားဘန္ႀကီးေက်းရြာေဒသခံ ၅ ဦး ထက္မနည္း ဖမ္းဆီးခံရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီအေျခအေနေတြေၾကာင့္ ရာနဲ႔ခ်ီတဲ့ ႏြားဘန္းႀကီး႐ြာသူ ႐ြာသားေတြအပါအဝင္ အနီးအနား႐ြာေတြက ေဒသခံေတြ ခုခ်ိန္ထိ ေနရပ္မျပန္ရဲၾကေသးတာျဖစ္ပါတယ္။

“စစ္ေဘးေရွာင္ကေတာ့ မိသားစုလိုက္ေရာ စစ္ရင္ေတာ့ အကုန္လံုးက ၃၀၀ ေလာက္ရွိမယ္။ ဟုတ္ကဲ့။ ႏြားဘန္တရြာပဲေပါ့ေနာ္။ အဲ့ဒီမွာ လယ္ဘိတ္ေက်းရြာတို႔၊ ေနာက္ၿပီးေတာ့ အင္းေတာေက်းရြာတို႔ ေတာင္ဦးေက်းရြာ၊ ရနည္းေက်းရြာ ေျပးေနရတဲ့ ေက်းရြာေတြက ၁၀ ရြာေလာက္ေတာ့ ရွိတယ္။ သူတို႔ဘက္မွာလည္း ႏြားဘန္ႀကီးရြာလိုပဲ စစ္ေၾကာင္းေတြထိုးတယ္။ ေနာက္ၿပီးေတာ့ ဖမ္းတယ္ ဆီးတာေပါ့ေနာ္၊ အဲ့လိုေတြဆိုေတာ့ ေျပးရတာေပါ့ေလဗ်ာ။”

စစ္တပ္ေတြ ႐ြာေတြနားတေလွ်ာက္ ကင္းပုန္းေတြခ်ထားသလို သြားလာေရးလမ္းေၾကာင္းေတြလည္း ပိတ္ပင္ထားလို႔ ေတာေတာင္ထဲ ပုန္းခိုေနၾကရတ့ဲ ဒုကၡသည္ေတြအတြက္ ရိကၡာသယ္ယူဖို႔ အခက္အခဲျဖစ္ေနၿပီး စားေရးေသာက္ေရးအတြက္ အခက္ႀကံဳေနတယ္လို႔ ထြက္ေျပးတိမ္းေရွာင္ေနတဲ့ ရြာခံတဦးက ေျပာပါတယ္။

“၂၀ ရက္ေန႔တုန္းက စဝင္တည္းက ဒီခ်ိန္ထိကို သူတို႔က ကင္းပုန္းေတြဝပ္။ အဲ့လိုအေၾကာင္းေတြက ေတာထဲမွာ ......သမားလည္း မသြားရဘူး။ ရိကၡာပို႔သမားေတြလည္း မသြားရဘူး၊ အဲ့လိုေတြက် မေကာင္းေတာ့ဘူး။ တိမ္းေရွာင္သြားသမားေတြလည္း မျပန္ရဘူး၊ အသြားအလာမရွိဘူးလို႔ ပိတ္ပင္ထားတာေလး၊ ၿပီးေတာ့ ေဒသခံေတြက ရိကၡာေတြလည္း မရွိဘူးေပါ့ဗ်ာ၊ ေၾကာက္ၿပီးေတာ့ ေတာထဲမွာ ပုန္းေနရတာေတြ အမ်ားႀကီးရွိတယ္။”

စစ္ေဘးေရွာင္ေတြ ေရွာင္တိမ္းေနရတဲ့ အခ်ိန္ၾကာလာတာနဲ႔အမွ် စားေသာက္ေနေရးအေျခအေန ပိုမိုခက္ခဲလာတယ္လို႔ ေနာက္ထပ္ ေဒသတဦးက အခုလို ေျပာပါတယ္။

စားေရးေသာက္ေရးနဲ႔ပတ္သက္လို႔ကေတာ့ ကူညီတဲ့လူမရွိဘူးလို႔ပဲေျပာလို႔ရတယ္။ အဲ့ေတာ့ ဘယ္ယူစားတုန္းဆိုေတာ့ ကို္ယ္နဲ႔ ခင္ခဲ့ဖူးတဲ့ မိတ္ေဆြေတြ လွမ္းအကူအညီေတာင္းၿပီးေတာ့ သူမ်ားေပးတာပဲ စားေနရတာေပါ့။ ဒီဆန္ ၁၀ ျပည္ေလး ၅ ျပည္ေလးကုန္ၿပီဆိုရင္ ေနာက္ ၁၀ ရက္ေနရင္ ဘယ္က ဘယ္သူ႔ ဆီက အကူအညီေတာင္းရမလဲဆိုတာ ေတာ္ေတာ္ေတြးၾကရတာေပါ့။ ဒီလိုအေျခအေနေလးက ေရရွည္ အေနနဲ႔ဆိုရင္ က်ေနာ္တို႔ ဘယ္လိုရပ္တည္ရမလဲဆိုတဲ့ ပံုစံမ်ဳိးေတာင္မွေတြးေနရတယ္။”

ဒါေတြကေတာ့ ရွမ္းျပည္ေတာင္ပိုင္း ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသထဲက ရြာငံၿမိဳ႕နယ္ ႏြားဘန္းႀကီးေက်း႐ြာဘက္မွာျဖစ္ေနတဲ့ အေျခအေနေတြ ျဖစ္ပါတယ္။ ထြက္ေျပးတိမ္းေ႐ွာင္ေနၾကတဲ့ ျပည္သူေတြကေတာ့ သူတို႔ေနအိမ္ေတြကို အျမန္ဆံုးျပန္ႏိုင္ဖုိ႔ ေမွ်ာ္လင့္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ရှမ်းတောင် ရွာငံမြို့နယ် နွားဘန်းကြီးရွာတဝိုက် တိုက်ပွဲတွကြောင့် ဒေသခံတွေ တိမ်းရှောင်

ရှမ်းပြည်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ရွာငံမြို့နယ် နွားဘန်းကြီး (နဘန်းကြီး) ကျေးရွာဘက်မှာ ဖြစ်ခဲ့တဲ့တိုင်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ နွားဘန်းကြီးကျေးရွာက ၃၀၀ လောက်အပါအဝင် ပတ်ဝန်းကျင်ကျေးရွာ ၁၀ ရွာလောက်ကပြည်သူတွေ နီးစပ်ရာကျေးရွာနဲ့ တောတောင်ထဲ ပုန်းရှောင်နေကြရတာ သီတင်း ၁ ပတ်ကျော်နေပြီလို့ ပြောပြကြပါတယ်။ စစ်ကောင်စီက သွားလာရေးလမ်းကြောင်းတွေကို ပိတ်ပင်ထားတာကြောင့် ရိက္ခာသယ်ဆောင်ဖို့ အဆင်မပြေလို့ စားရေးသောက်ရေး အခက်အခဲဖြစ်နေကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာနားက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအပေါ် စစ်ကောင်စီတပ်တွေ ဧပြီလ ၂၀ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် နွားဘန်းကြီးကျေးရွာက ပြည်သူ ၃၀၀ လောက်အပါအဝင် ပတ်ဝန်းကျင်ကျေးရွာ ၁၀ ရွာလောက်က ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးပုန်းရှောင်နေကြရပါတယ်။ ဧပြီလ ၂၀ ရက်နေ့ထဲက ဒီနေ့အထိ တော တောင်ထဲမှာ ရှောင်ပုန်းနေကြတာ ၁၀ ရက်နီးပါးရှိနေပြီလို့ ရွာခံတဦးက ပြောပါတယ်။

“၂၀ ရက်နေ့မှာတော့ သူက စစ်ကြောင်းထိုးလိုက်တာပေ့ါ။ စစ်ကြောင်းထိုးပြီးတော့ အဲ့ဒီမှာ ပစ်ခတ်မှုတွေ ဖြစ်တယ်။ တဘက်နဲ့တဘက်ပစ်ခတ်မှုတွေ ဖြစ်တော့ ရွာသားတွေကလည်း ကြောက်ပြီးတော့ ထွက်ပြေးရတာပေါ့နော်။”

နွားဘန်းကြီးရွာဘက်မှာ ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားတာဖြစ်လို့ ဒေသခံတွေ ပိုပြီးစိုးရိမ် ထိတ်လန့် နေကြတာပါ။ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ရွာထဲမှာ တပ်စွဲနေရာယူထားတဲ့အတွက် စစ်ပြေးဒုက္ခသည်တွေ နေရပ်မပြန်ရဲကြသေးတာဖြစ်ပါတယ်။ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ရှိနေနိုင်တယ်လို့ ယူဆတဲ့နေရာတွေဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ မကြာမကြာပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း နွားဘန်ကြီးကျေးရွာဒေသခံ ၅ ဦး ထက်မနည်း ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေတွေကြောင့် ရာနဲ့ချီတဲ့ နွားဘန်းကြီးရွာသူ ရွာသားတွေအပါအဝင် အနီးအနားရွာတွေက ဒေသခံတွေ ခုချိန်ထိ နေရပ်မပြန်ရဲကြသေးတာဖြစ်ပါတယ်။

“စစ်ဘေးရှောင်ကတော့ မိသားစုလိုက်ရော စစ်ရင်တော့ အကုန်လုံးက ၃၀၀ လောက်ရှိမယ်။ ဟုတ်ကဲ့။ နွားဘန်တရွာပဲပေါ့နော်။ အဲ့ဒီမှာ လယ်ဘိတ်ကျေးရွာတို့၊ နောက်ပြီးတော့ အင်းတောကျေးရွာတို့ တောင်ဦးကျေးရွာ၊ ရနည်းကျေးရွာ ပြေးနေရတဲ့ ကျေးရွာတွေက ၁၀ ရွာလောက်တော့ ရှိတယ်။ သူတို့ဘက်မှာလည်း နွားဘန်ကြီးရွာလိုပဲ စစ်ကြောင်းတွေထိုးတယ်။ နောက်ပြီးတော့ ဖမ်းတယ် ဆီးတာပေါ့နော်၊ အဲ့လိုတွေဆိုတော့ ပြေးရတာပေါ့လေဗျာ။”

စစ်တပ်တွေ ရွာတွေနားတလျှောက် ကင်းပုန်းတွေချထားသလို သွားလာရေးလမ်းကြောင်းတွေလည်း ပိတ်ပင်ထားလို့ တောတောင်ထဲ ပုန်းခိုနေကြရတဲ့ ဒုက္ခသည်တွေအတွက် ရိက္ခာသယ်ယူဖို့ အခက်အခဲဖြစ်နေပြီး စားရေးသောက်ရေးအတွက် အခက်ကြုံနေတယ်လို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ရွာခံတဦးက ပြောပါတယ်။

“၂၀ ရက်နေ့တုန်းက စဝင်တည်းက ဒီချိန်ထိကို သူတို့က ကင်းပုန်းတွေဝပ်။ အဲ့လိုအကြောင်းတွေက တောထဲမှာ ......သမားလည်း မသွားရဘူး။ ရိက္ခာပို့သမားတွေလည်း မသွားရဘူး၊ အဲ့လိုတွေကျ မကောင်းတော့ဘူး။ တိမ်းရှောင်သွားသမားတွေလည်း မပြန်ရဘူး၊ အသွားအလာမရှိဘူးလို့ ပိတ်ပင်ထားတာလေး၊ ပြီးတော့ ဒေသခံတွေက ရိက္ခာတွေလည်း မရှိဘူးပေါ့ဗျာ၊ ကြောက်ပြီးတော့ တောထဲမှာ ပုန်းနေရတာတွေ အများကြီးရှိတယ်။”

စစ်ဘေးရှောင်တွေ ရှောင်တိမ်းနေရတဲ့ အချိန်ကြာလာတာနဲ့အမျှ စားသောက်နေရေးအခြေအနေ ပိုမိုခက်ခဲလာတယ်လို့ နောက်ထပ် ဒေသတဦးက အခုလို ပြောပါတယ်။

စားရေးသောက်ရေးနဲ့ပတ်သက်လို့ကတော့ ကူညီတဲ့လူမရှိဘူးလို့ပဲပြောလို့ရတယ်။ အဲ့တော့ ဘယ်ယူစားတုန်းဆိုတော့ ကိုယ်နဲ့ ခင်ခဲ့ဖူးတဲ့ မိတ်ဆွေတွေ လှမ်းအကူအညီတောင်းပြီးတော့ သူများပေးတာပဲ စားနေရတာပေါ့။ ဒီဆန် ၁၀ ပြည်လေး ၅ ပြည်လေးကုန်ပြီဆိုရင် နောက် ၁၀ ရက်နေရင် ဘယ်က ဘယ်သူ့ ဆီက အကူအညီတောင်းရမလဲဆိုတာ တော်တော်တွေးကြရတာပေါ့။ ဒီလိုအခြေအနေလေးက ရေရှည် အနေနဲ့ဆိုရင် ကျနော်တို့ ဘယ်လိုရပ်တည်ရမလဲဆိုတဲ့ ပုံစံမျိုးတောင်မှတွေးနေရတယ်။”

ဒါတွေကတော့ ရှမ်းပြည်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာဘက်မှာဖြစ်နေတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ပြည်သူတွေကတော့ သူတို့နေအိမ်တွေကို အမြန်ဆုံးပြန်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။
=============

XS
SM
MD
LG