သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားရေကြီးမှု ၂၀ ထက်မနည်းသေဆုံး


Firefighters take part in a search and rescue operation at landslide caused by torrential rain in Yecheon, South Korea, July 15, 2023. (Yonhap via Reuters)
Firefighters take part in a search and rescue operation at landslide caused by torrential rain in Yecheon, South Korea, July 15, 2023. (Yonhap via Reuters)

တောင်ကိုရီးယားနိုင်ငံမှာ ၃ ရက်ဆက်တိုက် မိုသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၂၂ ယောက်သေဆုံးပြီး ၁၄ ယောက် ပျောက်ဆုံးနေတယ်လို့ တောင်ကိုရီးယားအစိုရက ဒီနေ့ပြောကြားလိုက်ပါတယ်။ မိုးကြီးမှုကြောင့် ရေကြီးမြေပြိုမှုတွေ ဖြစ်နေသလို ရေကာတာတခုလည်း ရေလျှံခဲ့ပါတယ်။

စနေနေ့ညနေ ၆ နာရီအထိ နိုင်ငံတဝန်း ကယ်ဆယ်ခဲ့ရသူ ၄ ထောင့် ၇ ရာကျော် ရှိခဲ့တယ်လို့ တောင်ကိုရီးယား ပြည်တွင်း ဘေးကင်းလုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ လူပေါင်း ၇ ထောင်ကျော်ကိုလည်း ဘေးကင်းရာမှာ ပြောင်းရွှေ့နေကြဖို့ အာဏာပိုင်တွေ အမိန့်ထုတ်ထားပါတယ်။

နောက်ထပ်လည်း မိုးဆက်လက်ရွာသွန်းမယ်လို့ ခန့်မှန်းထားတာကြောင့် ဘေးလွတ်ရာပြောင်းနေကြရမယ့်သူတွေ ပိုများလာနိုင်ပါတယ်။ မိုးကြီး မြေပြိုမှုတွေ ဖြစ်နေတဲ့အပြင် မီးရထားလမ်းတွေပေါ်အထိ ရေလျှံတာ၊ ကျောက်တုံး ကျောက်ခဲတွေ ကျလာနိုင်တာကြောင့် ပုံမှန်ရထားပြေးဆွဲမှုအားလုံးနဲ့ တချို့အမြန်ကျည်ဆံရထား ပြေးဆွဲမှုတချို့ကို ရပ်ဆိုင်းထားတယ်လို့ ကိုရီးယားမီးရထား ကော်ပိုရေးရှင်းက ကြေညာထားပါတယ်။

ကျန်တဲ့ကျည်ဆံရထား ပြေးဆွဲမှုတွေလည်း နှောင့်နှေးနိုင်တယ်လို့ သတိပေးထားပါတယ်။ ဝန်ကြီးချုပ် Han Duck-soo က အရေးပေါ်ကူညီကယ်ဆယ်ရေးအတွက် အစိုးရဌာနတွေနဲ့ ဒီနေ့စည်းဝေးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စစ်တပ်က တက်တက်ကြွကြွ ပါဝင်ကူညီဖို့တောင်းဆိုခဲ့သလို၊ လိုအပ်တဲ့ ပစ္စည်းကိရိယာနဲ့ လူအင်အားကို ပေးနိုင်အောင် ပြင်ဆင်ထားဖို့ အစိုးရဌာနတွေကို ညွှန်ကြားခဲ့ပါတယ်။

XS
SM
MD
LG