သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုဗီယက်ခေါင်းဆောင်ဟောင်း ဂိုဘာချော့ဗ် ကျောရိုးခွဲစိတ်ကုသ


ဆိုဗီယက်ခေါင်းဆောင်ဟောင်း ဂိုဘာချော့ဗ် ကျောရိုးခွဲစိတ်ကုသ
ဆိုဗီယက်ခေါင်းဆောင်ဟောင်း ဂိုဘာချော့ဗ် ကျောရိုးခွဲစိတ်ကုသ

ယခင် ဆိုဗီယက်ပြည်ထောင်စု သမ္မတဟောင်း မီခေးလ်ဂိုဘာချော့ဗ် ဟာ သူ့ရဲ့ကျောရိုးကို ဂျာမဏီနိုင်ငံ မြူးနစ်မြို့မှာ အောင်မြင်စွာ ခွဲစိပ်ကုသနိုင်ခဲ့တယ်လို့ ပြောပါတယ်။ သမ္မတဟောင်း ဂိုဘာချော့ဗ် ဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ခွဲစိပ်ကုသမှု လုပ်ခဲ့ပြီး လာမယ့်ရက်အနည်းငယ် အတွင်းမှာလည်း ဆေးရုံကနေ ဆင်းနိုင်မှာ ဖြစ်တယ်လို့ ဂိုဘာချော့ဗ် ဖောင်ဒေးရှင်းက ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။

၂ နာရီကြာ ခွဲစိပ်ကုသမှု အောင်မြင်ခဲ့ပြီး မစ္စတာ ဂိုဘာချော့ဗ် ဟာလည်း သက်သာလာပြီ ဖြစ်တယ်လို့ မစ္စတာ ဂိုဘာချော့ဗ် ကို ခွဲစိပ်ကုသမှုပေးတဲ့ ဆရာဝန်ကလည်း ပြောပါတယ်။ ဆိုဗီယက်ပြည်ထောင်စုရဲ့ ခေါင်းဆောင်ဟောင်းဟာ ပြီးခဲ့တဲ့လက အသက် ၈၀ ပြည့်ခဲ့ပြီး လန်ဒန်မြို့မှာ ကြီးကျယ်ခမ်းနားတဲ့ အလှူဒါနတခုကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။

XS
SM
MD
LG