သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ခေါင်းဆောင်ဟောင်းတချို့ကို ဖမ်းဆီးဖို့ စပိန်တရားရုံး ဝရမ်းထုတ်


တရုတ်သမ္မတဟောင်း Jiang Zemin.
တရုတ်သမ္မတဟောင်း Jiang Zemin.
တိဘက်ဒေသက လူမျိုးတုန်း သတ်ဖြတ်မှုတွေလို့ ဆိုတဲ့ ဖြစ်ရပ်တွေမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိမှုနဲ့ တရုတ်သမ္မတဟောင်း ကျန်ဇီမင်းနဲ့ တခြားတာဝန်ရှိသူ ၄ ဦးကို စပိန်နိုင်ငံတော်တရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

မက်ဒရစ်မြို့အခြေစိုက် တရားရုံးရဲ့ ဆုံးဖြတ်ချက် မိတ္တူတစ်ခုကို တရားလိုတစ်ဦးဆီကနေ အင်္ဂါနေ့မှာ ဗွီအိုအေက ရခဲ့ပါတယ်။ တနင်္လာနေ့က ထုတ်ပြန်တဲ့ အဲဒီဆုံးဖြတ်ချက်ထဲမှာ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်တွေအတွက် သမ္မတဟောင်း ကျန်ဇီမင်းနဲ့ တခြားတာဝန်ရှိသူတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက မေးမြန်းစစ်ဆေးနိုင်ရေး ဖမ်းဆီးဖို့ ညွှန်ကြားထားပါတယ်။

ဆုံးဖြတ်ချက် အထောက်အထားကို ပေးခဲ့တဲ့ တရားလိုကတော့ တိဘက် အထောက်အပံ့ပြုရေး ကော်မတီလို့ ဆိုရမယ့် အဖွဲ့တစ်ဖွဲ့ပါ။ အဲဒီ စပိန်အခြေစိုက်အဖွဲ့ဟာ တရုတ်နိုင်ငံက တိဘက်လူမျိုးတွေရဲ့ အခွင့်အရေးအတွက် စည်းရုံးလှုံ့ဆော်ပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

စပိန်တရားရုံးနဲ့ ဆုံးဖြတ်ချက်အပေါ် တရုတ်နိုင်ငံရဲ့ တုန့်ပြန်ချက်တော့ ချက်ခြင်း ထွက်မလာသေးပါဘူး။ အဲဒီလူမျိုးတုန်း သတ်ဖြတ်မှုတွေနဲ့ ဆက်စပ်ပြီး တရုတ်သမ္မတဟောင်း နောက်တစ်ဦးဖြစ်တဲ့ ဟူကျင်းတောင်ကို အောက်တိုဘာ
လ ၉ ရက်နေ့မှာ တရားရုံးက စွဲချက်တင်ခဲ့ပါတယ်။ အဲဒီလို စွဲချက်တင်တဲ့အပေါ် တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားတဲ့ လုပ်ရပ်တစ်ခုအဖြစ် ခေါ်ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင် ရှုတ်ချခဲ့ပါတယ်။
XS
SM
MD
LG