သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စပိန်ရွေးကောက်ပွဲ ကွန်ဆာဗေးတစ်တွေ အနိုင်ရ

စပိန်ရွေးကောက်ပွဲ ကွန်ဆာဗေးတစ်တွေ အနိုင်ရ
စပိန်ရွေးကောက်ပွဲ ကွန်ဆာဗေးတစ်တွေ အနိုင်ရ

စပိန်နိုင်ငံမှာ လက်ရှိအာဏာရ ဆိုရှယ်လစ်ပါတီကို ဗဟိုကနေလက်ယာယိမ်း ပေါ်ပျူလာပါတီက တနင်္ဂနွေနေ့ လွှတ်တော်ရွေးကောက်ပွဲမှာ မဲ အပြတ်အသတ်နဲ့ အနိုင်ရသွားတာကြောင့် အစိုးရသစ်က နိုင်ငံကို အုပ်ချုပ်တော့မှာ ဖြစ်ပါတယ်။ မဲအများစုကို ရေတွက်ပြီးတဲ့အခါမှာ နောက်တက်လာမယ့် ဝန်ကြီးချုပ် Mariano Rajoy ဦးဆောင်တဲ့ ကွန်ဆာဗေးတစ် ပေါ်ပျူလာပါတီက အမတ်နေရာ ၁၈၇ နေရာနဲ့ နေရာ ၃၃ နေရာ အသာရမယ်လို့ ကြိုတင်တွက်ချက်ရတားပါတယ်။ ဆိုရှယ်လစ်ပါတီကတော့ အမတ်နေရာ ၁၁၀ နဲ့ နေရာ ၅၉ နေရာတောင် နည်းနေတာပါ။

မစ္စတာ Rajoy က ဆိုရှယ်လစ်ပါတီက Alfredo Perez Rubalcaba နဲ့ ယှဉ်ပြိုင် အရွေးခံခဲ့ရတာဖြစ်ပါတယ်။ သမ္မတ Jose Luis Rodriguez Zapatero ကတော့ လူထုထောက်ခံမှု ကျဆင်းနေတာကြောင့် တတိယ သက်တမ်းအတွက် ထပ်အရွေးမခံတော့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီရွေးကောက်ပွဲမှာ နိုင်ငံရဲ့ စီးပွားရေးပြဿနာကပဲ ကြီးစိုးနေခဲ့တာပါ။ ၂ နှစ်အတွင်းမှာ စီးပွားရေးဆုတ်ကပ်ထဲ ပြန်မရောက်အောင် မနည်းကြိုးစားနေရပါတယ်။ အလုပ်လက်မဲ့နှုန်းက ၂၂% ရှိပြီး ဥရောပသမဂ္ဂမှာ အမြင့်ဆုံး ဖြစ်ပါတယ်။

စီးပွားရေး ဖွံ့ဖြိုးမှုက ဒုတိယ လေးလပတ်မှာ ဝ.၂% ပဲရှိခဲ့ရာကနေ တတိယ လေးလပတ်ရောက်တော့ စီးပွားရေး ဖွံ့ဖြိုးမှုလုံးဝ မရှိတော့ပါဘူး။ မစ္စတာ Rajoy ကတော့ ရုတ်တရက်ကြီး အခြေအနေတွေ ပြန်ကောင်းသွားဖို့ မျှော်လင့်မထားကြဖို့ သူ့ရဲ့ အောင်ပွဲခံ မိန့်ခွန်းမှာ ပြောသွားပါတယ်။ သူက
အခုအချိန်အထိလည်း သူ့ရဲ့ စီးပွားရေးအစီအစဉ် ဘယ်လိုဖြစ်မလဲဆိုတာ မပြောသေးပါဘူး။

ဥရောပသမဂ္ဂထဲမှာ စတုတ္ထစီးပွားရေး အကောင်းဆုံးဖြစ်တဲ့ သူတို့နိုင်ငံရဲ့ စီးပွားရေး ဆုတ်ယုတ်မှုကို မတားဆီးပေးနိုင်ခဲ့တာ အတွက် မဲဆန္ဒရှင်တွေက ဆိုရှယ်လစ်ပါတီကို အပြစ်တင်ခဲ့ကြတာပါ။ သူတို့က အလုပ်မရကြတာတွေ လစာလျှော့ခံရတာတွေ အတွက်လည်း ဒေါသထွက်နေကြပါတယ်။

This item is part of
XS
SM
MD
LG