သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စပိန်နိုင်ငံက ETA ခွဲထွက်ရေးအဖွဲ့ အပစ်အခတ် ရပ်စဲရေး ကြေညာ

အပစ်အခတ် ရပ်စဲကြောင်း ကြေညာနေသည့် ETA အဖွဲ့ဝင်အချို့။ စက်တင်ဘာ ၅၊ ၂၀၁၀။
အပစ်အခတ် ရပ်စဲကြောင်း ကြေညာနေသည့် ETA အဖွဲ့ဝင်အချို့။ စက်တင်ဘာ ၅၊ ၂၀၁၀။

စပိန်နိုင်ငံက Basque ခွဲထွက်ရေး သူပုန်အဖွဲ့ ETA က အစိုးရနဲ့ အပစ်အခတ် ရပ်စဲတယ်လို့ ကြေညာလိုက်ပါတယ်။ ဒါပေမဲ့ တဖက်သတ် အပစ်အခတ် ရပ်စဲတယ်လို့ ကြေညာတာဟာ မလုံလောက်ဘူးလို့ စပိန်အစိုးရက ပြောပါတယ်။

လက်နက်ကိုင် တိုက်ခိုက်မှုတွေကို အဆုံးသတ်လိုက်ပြီလို့ ETA အဖွဲ့ တနင်္ဂနွေနေ့က ဗွီဒီယိုနဲ့ ထုတ်ပြန် ကြေညာခဲ့တာပါ။

Basque ဘာသာနဲ့ထုတ်ဝေတဲ့ သတင်းစာ Gara ရဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ ရွှေရောင် မျက်နှာဖုံးစွပ်သူ ၃ ယောက်ထဲက သူပုန်တယောက်က သူတို့ရဲ့ ရည်မှန်းချက်ကို ဒီမိုကရေစီရေး လမ်းကြောင်းနဲ့ အရယူနိုင်ဖို့ လက်နက်ချရေးကို ETA က လွန်ခဲ့တဲ့ လတွေထဲက ဆုံးဖြတ်ခဲ့တယ်လို့ ပြောတဲ့ ဗွီဒီယိုကို တင်ထားပါတယ်။

ဒီအပစ်အခတ် ရပ်စဲရေးဟာ ယာယီလား၊ အမြဲတမ်းအတွက်လား ဆိုတာကိုတော့ သူတို့က မပြောပါဘူး။ ဒီအပေါ်မှာ စပိန်ဝန်ကြီးချုပ် Jose Luis Zapatero သံသယနဲ့ တုံ့ပြန်ပါတယ်။

Basque ပြည်နယ် ခွဲထွက်ရေး နှစ်ပေါင်း ၄၀ ကြာ သူပုန်ထမှုအတွင်း လူပေါင်း ၈၀၀ ကျော် သေဆုံးခဲ့ပါတယ်။

This item is part of
XS
SM
MD
LG