သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စပိန်ရေကြီးရေလွှမ်းမှု ၉၅ ဦးထက်မနည်း သေဆုံး


စပိန်နိုင်ငံ ဗယ်လဲန်စီယာမြို့မှာ ရေစီးနဲ့မျောကပါလာတဲ့ကားတွေကို ဒေသခံလူတွေက ကြည့်ရှုနေကြစဥ်။ (အောက်တိုဘာ ၃၀၊ ၂၀၂၄)
စပိန်နိုင်ငံ ဗယ်လဲန်စီယာမြို့မှာ ရေစီးနဲ့မျောကပါလာတဲ့ကားတွေကို ဒေသခံလူတွေက ကြည့်ရှုနေကြစဥ်။ (အောက်တိုဘာ ၃၀၊ ၂၀၂၄)

စပိန်နိုင်ငံမှာ ရေကြီးရေလျှံမှုကြောင့် လူ ၉၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး အိုးအိမ်တွေ ပျက်စီးဆုံးရှုံး ရသလို လမ်းပမ်းဆက်သွယ်ရေးလည်း ပြတ်တောက်သွားပါတယ်။

စပိန်နိုင်ငံ‌တောင်ပိုင်းနဲ့ အရှေ့ခြမ်းဒေသတွေမှာ အင်္ဂါနေ့ကစလိုက်တဲ့ မိုးသည်းထန်မှုဟာ ဗုဒ္ဓဟူးနေ့ အထိ ဆက်သွားပြီးရေကြီးရေလျှံမှုတွေဖြစ်ခဲ့တာပါ။ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ရဟတ်ယဉ်တွေ သုံးပြီး အိမ်တွေပေါ် ပိတ်မိနေသူတွေကိုကယ်ထုတ်ရသလို မော်တော်ယဉ်တွေပေါ် ပိတ်မိနေသူတွေကို လည်း ရာဘာလှေတွေနဲ့ ကယ်ထုတ်ကြရပါတယ်။သေဆုံးအရေအတွက်ဟာ ၉၂ ဦးအထိရှိသွားပြီလို့ စပိန်အရှေ့ခြမ်း Valencia ဒေသ အရေးပေါ်ကယ်ဆယ်ရေးဌာနကအတည်ပြုပါတယ်။ အနီးအနားမှာရှိတဲ့ Castilla La Mancha ဒေသမှာလည်း နှစ်ဦးသေဆုံးတယ်လို့သိရပြီး တောင်ပိုင်းAndalusia ဒေသမှာလည်း တဦးသေဆုံးပါတယ်။ Vaencia ဒေသ Utiel မြို့မှာတော့ လူ ၆ ဦးသေဆုံးပြီး အတော်များများပျောက်ုံးနေတယ်လို့ မြို့တော်ဝန် Ricardo Gabaldon က ပြောပါတယ်။ သေဆုံးသူတွေအတွက် သုံးရက်ကြာ ဝမ်းနည်းပူဆွေးမှုအဖြစ် ကြာသပတေးနေ့ကစလို့ စပိန်အစိုးရ ကြေညာသတ်မှတ်ပေးပါတယ်။

ကယ်ဆယ်ရေးလုပ်သားတွေနဲ့စစ်သား တထောင်ကျော်ကို ရေလွှမ်းမိုးရာဒေသကို ဖြန့်ကြက်စေလွှတ်ထားသလိုကယ်ဆယ်ရေးပူးပေါင်းဆောင်ရွက်နိုင်ဖို့ အကျပ်အတည်းကာလ စီမံမှုကော်မတီတရပ်ကိုလည်း စပိန်ဗဟိုအစိုးရက ဖွဲ့ပေးထားပါတယ်။ Valencian ဒေသ သမ္မတ Carlos Mazon ကတော့ လမ်းပမ်းဆက်သွယ်ရေးထိခိုက်ပြီး မော်တော်ယဉ်တွေလည်း ပျက်စီး ကုန်တာကြောင့် ဒေသခံတွေ ကိုယ့်နေအိမ်မှာပဲ နေကြဖို့ တိုက်တွန်းနေပါတယ်။ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း နှောင့်နှေးနေပါတယ်။

စပိန်ရေကြီးရေလွှမ်းမှု ၉၅ ဦးထက်မနည်း သေဆုံး
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG