သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စပိန်သင်း UEFA အကြို ဗိုလုပွဲတက်


မနေ့က စနေနေ့က ၂၀၁၂ ခုနှစ် ဥရောပ ဖလား ဘောလုံးပြိုင်ပွဲရဲ့ ရှုံးထွက်ပွဲစဉ်တွေ ဖြစ်တဲ့ ကွာတားဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ်၊ ယူကရိန်းနိုင်ငံ ဒန်း(စ်)(က်) (Donetsk) မြို့မှာ စပိန်နဲ့ ပြင်သစ် အသင်းတို့ ကန်ကြတာမှာ၊ စပိန်က နှစ်ဂိုး ဂိုးမရှိနဲ့ ပြင်သစ်ကို အနိုင်ရပြီး ဆီးမီးဖိုင်နယ် တက်သွားခဲ့ပါပြီ။ စပိန်အတွက် အနိုင်ဂိုး နှစ်ဂိုးလုံးကို ဆာဘီ အလွန် ဆို (Xabi Alonso) က သွင်းယူခဲ့တာပါ။ အလွန်ဆို ဟာ မိခင် စပိန်နိုင်ငံအသင်းကို ကိုယ်စားပြုပြီး အကြိမ် (၁၀၀) မြောက် ပါဝင်ကစားခဲ့တဲ့ ဒီပွဲမှာ ပထမဂိုးကိုတော့ ပထမပိုင်း (၁၉) မိနစ်မှာ သွင်းယူခဲ့တာပါ။

ပြင်သစ်ဂိုးရှေ့မှာ ပြင်သစ်ဂိုးသမား ဟူဂိုလိုးရစ် (Hugo LLoris) ရဲ့ ခေါင်းပေါ်က ကျော်ပြီး လာတဲ့ ဘောလုံးကို အလွန်ဆိုက ဂိုးစည်းထဲမှာ မြေစိုက်ခေါင်းတိုက်ချပြီး သွင်းယူခဲ့တာပါ။ ဒုတိယဂိုးကိုတော့ ပွဲပြီးခါနီး injury time (၉၁) မိနစ်မှာ စပိန် ရှေ့တန်းလူ ပီဒရို(Pedro) နဲ့ ပြင်သစ် နောက်တန်းက ရီဗယ်လီး (Reveillere) တို့ ပြင်သစ်ဘက်မှာ ယှဉ်ပြေးလာကြတာမှာ၊ ပြင်သစ်ဂိုးစည်းထဲမှာ နှစ်ဦးလုံး တိုက်မိပြီး လဲကျသွားတာကြောင့်၊ စပိန်က ပယ်နယ်(လ်)တီ (penality) ဂိုးသွင်းခွင့် ရခဲ့ပါတယ်။

ဒီ ပယ်နယ်(လ်)တီ ဘောကိုလည်း အလွန်ဆို ကပဲ သွင်းယူခဲ့တာကြောင့်၊ စပိန်က ပြင်သစ်ကို နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့တာပါ။ လာမယ့် ဗုဒ္ဓဟူးနေ့ ဇွန်လ ၂၇ ရက်နေ့မှာ စပိန်ဟာ ပေါ်တူဂီနဲ့ ဒန်း(စ်)(က်) (Donetsk) မြို့မှာပဲ ဆီမီးဖိုင်နယ် ကစားကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG