သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စပိန်အတိုက်အခံဝန်ကြီးချုပ်သစ် ကျမ်းသစ္စာကျိန်ဆို


စပိန် အတိုက်အခံ ဆိုရှယ်လစ် ခေါင်းဆောင် Pedro Sanchez က ဒီကနေ့ စနေနေ့မှာ ၀န်ကြီးချုပ်သစ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပါတယ်။

အရင် ၀န်ကြီးချုပ် Mariano Rajoy ကတော့ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက လွှတ်တော်မှာ အယုံအကြည်မရှိ အဆို ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးက ဖယ်ရှားခဲ့ရတာ ဖြစ်ပါတယ်။ မြို့တော် Madrid အနီးက Zarzuela နန်းတော်မှာ စပိန် ဘုရင် ဆဌမမြောက် Felipe ရဲ့ ရှေ့မှောက်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာပါ။ အောက်လွှတ်တော် အမတ်နေရာ ၃၅၀ ရှိတဲ့အထဲမှာ Sanchez က ထောက်ခံမဲ ၁၈၀၊ ကန့်ကွက်မဲ ၁၆၉ မဲ့နဲ့ ကြားနေမဲ တမဲတို့ ရပြီး အနိုင်ရခဲ့တာပါ။ ဆယ်စုနှစ် လေးခု သက်တမ်းရှိပြီဖြစ်တဲ့ ဒီမိုကရေစီစနစ် အတွင်း လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ တာဝန်ထမ်းဆောင်ဆဲ ခေါင်းဆောင် တဦးကို ပထမဆုံး အကြိမ်အဖြစ် ရာထူးက ဖယ်ရှားလိုက်တာလည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း Mariano Rajoy ရဲ့ ဗဟိုလက်ယာ ၀ါဒ Popular ပါတီက ပါတီဝင်ဟောင်းတွေ ပါဝင် ပတ်သက်တဲ့ အဂတိလိုက်စားမှုကို ပြစ်ဒဏ် စီရင်ချက် ချမှတ်ခဲ့ပြီးနောက် ၀န်ကြီးချုပ် သက်တမ်း ၆ နှစ်ရှိပြီ ဖြစ်တဲ့ Rajoy လည်း မဲခွဲမှုမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဆိုရှယ်လစ် အလုပ်သမားပါတီ အကြီးအကဲ Sanchez ကတော့ အာဏာရှင် Francisco Franco လက်ထက် အလွန် ၁၉၇၀ ပြည့်နှစ်နောက်ပိုင်း ဒီမိုကရေစီ စနစ်ကျင့်သုံးခဲ့ပြီးနောက် နိုင်ငံရဲ့ ၇ ဦးမြောက် ၀န်ကြီးချုပ် ဖြစ်လာတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG