သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းဝင်ရောက်သူ ၅၀၀ နီးပါး စပိန် ကယ်တင်


စပိန်ရေတပ်နဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ တို့က ကယ်တင်ထားသော လှေစီးပြေး ဒုက္ခသည်များ ကုန်းဘတ်ပေါ်မှ သီချင်းဆို၍ ဆင်းလာစဉ်။
စပိန်ရေတပ်နဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ တို့က ကယ်တင်ထားသော လှေစီးပြေး ဒုက္ခသည်များ ကုန်းဘတ်ပေါ်မှ သီချင်းဆို၍ ဆင်းလာစဉ်။

အာဖရိကတိုက်ကနေ ပင်လယ်ကိုဖြတ်ပြီး စက်လှေ ၅၇ စီးထက်မနည်းနဲ့ လိုက်ပါလာကြတဲ့ ရွှေ့ပြောင်းဒုက္ခသည် ၄၇၁ ဦးကို စပိန် ရေကြောင်း ကယ်ဆယ်ရေးအဖွဲ့က ကယ်တင်လိုက်ပါတယ်။ ဒီထဲမှာ ကလေးငယ်တွေနဲ့ လူသေအလောင်း ၄ လောင်းလည်းပါဝင်ပါတယ်။ Gibraltar ရေလက်ကြားရဲ့ အရှေ့ဘက်ပိုင်းက Alboran ပင်လယ်ထဲမှာ မြူတွေကျနေတာကြောင့် နောက်ထပ် စက်လှေသုံးစင်းကို ခက်ခက်ခဲခဲ ရှာဖွေခဲ့ရတယ်လို့ကယ်ဆယ်ရေး အဖွဲ့က ပြောပါတယ်။ ကယ်ဆယ်ရေးစက်လှေ ၉ စင်း၊ ရဟတ်ယာဉ် တစင်းနဲ့ ဥရောပ နယ်စပ်ရေးရာ အေဂျင်စီ Frontex ရဲ့ လေယာဉ်တစင်းလည်း ရှာဖွေကယ်တင်ရေးလုပ်ငန်းမှာ ပါဝင်ခဲ့တာပါ။

အကြမ်းဖက် ပဋိပက္ခတွေ၊ ဆင်းရဲမွဲတေမှုတွေကြောင့် နေရပ်စွန့်ခွါ ထွက်ပြေးလာကြတဲ့ဒုက္ခသည်တွေဟာ လူမှောင်ခိုသမားတွေရဲ့ ခနော်နီခနော်နဲ့ စက်လှေတွေ၊ အပျော်တမ်းသုံးတဲ့ လေမှုတ်သွင်းထားတဲ့ လှေတွေနဲ့ အန္တရာယ်များတဲ့ ခရီးလမ်းကတဆင့် ဥရောပကို ဝင်ရောက်ဖို့ ကြိုးပမ်းကြတာပါ။ ကုလသမဂ္ဂရဲ့အဆိုအရခုလိုထွက်ပြေးရာမှာ ဒီနှစ်အတွင်း လူပေါင်း ၇၉၂ ဦးသေဆုံးခဲ့ရပြီးပါပြီ။ ၂၀၁၈ ခုနှစ်၊ ပထမ ၅ လအတွင်း ဥရောပကမ်းခြေကို ဒုက္ခသည်ပေါင်း ၃၅,၄၅၅ ဦးရောက်ရှိလာရာမှာ စပိန်နိုင်ငံကို ရောက်ရှိလာသူတွေကတော့ ၁၁,၇၉၂ ဦးရှိသွားပြီဖြစ်ပါတယ်။

ရွှေ့ပြောင်းဝင်ရောက်သူ ၅၀၀ နီးပါး စပိန် ကယ်တင်
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG