သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေလွစီးေျပး အာဖရိကဒုကၡသည္ ၇၀ ေက်ာ္ စပိန္ကယ္တင္


စပိန္ႏိုင္ငံ၊  Gran Canaria ကၽြန္းနားက သမုဒၵရာထဲက ေလွနဲ႔ေရႊ႕ေျပာင္းထြက္ေျပးလာသူေတြကို ကယ္ဆယ္ထားစဥ္။ (ယခင္မွတ္တမ္းဓာတ္ပံု။ ၀၉ ၊၀၁၊ ၂၀၂၁) 


[[Zawgyi/Unicode]]

စပိန္ႏိုင္ငံမွာ ေလွနဲ႔ေျပးလာတဲ့ အာဖရိက ေ႐ႊ႕ေျပာင္းဒုကၡသည္ ၇၀ ေက်ာ္ကို ကမ္းေျခေစာင့္တပ္ေတြက ကယ္တင္ႏိုင္ခဲ့ပါတယ္။

စပိန္ႏိုင္ငံ Gran Canaria ကြၽန္းရဲ႕ အတၱလန္တိတ္ သမုဒၵရာကမ္းေျခ အျပင္ဘက္မွာ ရာဘာေလွနဲ႔ အခုလို ေ႐ႊ႕ေျပာင္းထြက္ေျပးလာသူ ၇၁ ဦးကို မေန႔က ကယ္တင္ႏိုင္ခဲ့ၿပီး ေပ်ာက္ဆုံးသူေတြ အမ်ားႀကီးဆက္ရွိေနမွာ စိုးရိမ္ေနၾကပါတယ္။

လက္ရွိကယ္တင္ခဲ့တဲ့ အမ်ိဳးသား ၅၅ ဦးနဲ႔ အမ်ိဳးသမီး ၁၆ ဦး တို႔ကိုေတာ့ အေရးေပၚအကူအညီ လက္ခံရႏိုင္ဖို႔ Gran Canaria ကြၽန္းက Arguinegyin ဆိပ္ကမ္းကို ထပ္ပို႔ေပးခဲ့ပါတယ္လို႔ ကမ္းေျခေစာင့္တပ္အရာရွိေတြက ရွင္းျပပါတယ္။

ေ႐ႊ႕ေျပာင္းထြက္ေျပးလာသူ ၁၃ ဦးကို Canary ကြၽန္း သမုဒၵရာကမ္းေျခ အျပင္ဘက္မွာ တေန႔ တနလၤာကတည္းက စပိန္ကမ္းေျခေစာင့္ ရဟတ္ယာဥ္ ၂ စီးနဲ႔ စတယ္ႏိုင္ခဲ့ၿပီး ေရနစ္သူနဲ႔ ေပ်ာက္ဆုံးသူေတြ ရွိေနေသးတယ္လို႔ ဆက္ၾကားခဲ့ရာက အခုလို ထပ္ကယ္တင္ႏိုင္ခဲ့တာပါ။

အာဖရိကတိုက္ေျမာက္ပိုင္း ေမာ္႐ိုကိုႏိုင္ငံ ကမ္းေျခကေန မိုင္ ၆၀ ခန႔္ ေဝးတဲ့ စပိန္ရဲ႕ Canary ကြၽန္းဟာ ဥေရာပကို ထြက္ေျပးေ႐ႊ.ေျပာင္းလိုသူေတြအတြက္ အဓိက ေနရာတခု ျဖစ္လာေနခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္တုန္းကလည္း စပိန္ကိုေရာက္ဖို႔ ႀကိဳးစားခဲ့တဲ့ ေ႐ႊ႕ေျပာင္း ဒုကၡသည္ေပါင္း ၄,၄၀၀ ဝန္းက်င္ေလာက္ ပင္လယ္ထဲ ေပ်ာက္ဆုံးခဲ့ရတယ္လို႔ ေ႐ႊ႕ေျပာင္းဒုကၡသည္ ေစာင့္ၾကည့္ေရးအဖြဲ႔တခုက ဆိုပါတယ္။

တကယ္ေတာ့ ၂၀၂၁ ခုမွာ ေ႐ႊ႕ေျပာင္းဒုကၡသည္ေပါင္း ၂၂,၀၀၀ ေက်ာ္ Canary ကြၽန္းကို ေလွနဲ႔ ထြက္ေျပးေရာက္ရွိခဲ့ၿပီး ၂၀၂၀ တုန္းကလည္း ၂၃,၀၀၀ ေက်ာ္အထိ အလားတူ ေရာက္လာခဲ့ၾကပါတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

==============
[[Unicode]]

လှေစီးပြေး အာဖရိကဒုက္ခသည် ၇၀ ကျော် စပိန်ကယ်တင်

စပိန်နိုင်ငံမှာ လှေနဲ့ပြေးလာတဲ့ အာဖရိက ရွှေ့ပြောင်းဒုက္ခသည် ၇၀ ကျော်ကို ကမ်းခြေစောင့်တပ်တွေက ကယ်တင်နိုင်ခဲ့ပါတယ်။

စပိန်နိုင်ငံ Gran Canaria ကျွန်းရဲ့ အတ္တလန်တိတ် သမုဒ္ဒရာကမ်းခြေ အပြင်ဘက်မှာ ရာဘာလှေနဲ့ အခုလို ရွှေ့ပြောင်းထွက်ပြေးလာသူ ၇၁ ဦးကို မနေ့က ကယ်တင်နိုင်ခဲ့ပြီး ပျောက်ဆုံးသူတွေ အများကြီးဆက်ရှိနေမှာ စိုးရိမ်နေကြပါတယ်။

လက်ရှိကယ်တင်ခဲ့တဲ့ အမျိုးသား ၅၅ ဦးနဲ့ အမျိုးသမီး ၁၆ ဦး တို့ကိုတော့ အရေးပေါ်အကူအညီ လက်ခံရနိုင်ဖို့ Gran Canaria ကျွန်းက Arguinegyin ဆိပ်ကမ်းကို ထပ်ပို့ပေးခဲ့ပါတယ်လို့ ကမ်းခြေစောင့်တပ်အရာရှိတွေက ရှင်းပြပါတယ်။

ရွှေ့ပြောင်းထွက်ပြေးလာသူ ၁၃ ဦးကို Canary ကျွန်း သမုဒ္ဒရာကမ်းခြေ အပြင်ဘက်မှာ တနေ့ တနင်္လာကတည်းက စပိန်ကမ်းခြေစောင့် ရဟတ်ယာဉ် ၂ စီးနဲ့ စတယ်နိုင်ခဲ့ပြီး ရေနစ်သူနဲ့ ပျောက်ဆုံးသူတွေ ရှိနေသေးတယ်လို့ ဆက်ကြားခဲ့ရာက အခုလို ထပ်ကယ်တင်နိုင်ခဲ့တာပါ။

အာဖရိကတိုက်မြောက်ပိုင်း မော်ရိုကိုနိုင်ငံ ကမ်းခြေကနေ မိုင် ၆၀ ခန့် ဝေးတဲ့ စပိန်ရဲ့ Canary ကျွန်းဟာ ဥရောပကို ထွက်ပြေးရွှေ.ပြောင်းလိုသူတွေအတွက် အဓိက နေရာတခု ဖြစ်လာနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းကလည်း စပိန်ကိုရောက်ဖို့ ကြိုးစားခဲ့တဲ့ ရွှေ့ပြောင်း ဒုက္ခသည်ပေါင်း ၄,၄၀၀ ဝန်းကျင်လောက် ပင်လယ်ထဲ ပျောက်ဆုံးခဲ့ရတယ်လို့ ရွှေ့ပြောင်းဒုက္ခသည် စောင့်ကြည့်ရေးအဖွဲ့တခုက ဆိုပါတယ်။

တကယ်တော့ ၂၀၂၁ ခုမှာ ရွှေ့ပြောင်းဒုက္ခသည်ပေါင်း ၂၂,၀၀၀ ကျော် Canary ကျွန်းကို လှေနဲ့ ထွက်ပြေးရောက်ရှိခဲ့ပြီး ၂၀၂၀ တုန်းကလည်း ၂၃,၀၀၀ ကျော်အထိ အလားတူ ရောက်လာခဲ့ကြပါတယ် ခင်ဗျာ။

==============

XS
SM
MD
LG