သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်္ကာပူ ဓာတ်ဆီဆိုင် ရန်ကုန်မှာဖွင့်ပြီ


မြန်မာနိုင်ငံမှာ ပထမဦးဆုံး ဓာတ်ဆီဆိုင်ကို စတင်ဖွင့်ခဲ့တဲ့ SPC ရဲ့ အရောင်းဆိုင် (ဓာတ်ပုံ CNA)
မြန်မာနိုင်ငံမှာ ပထမဦးဆုံး ဓာတ်ဆီဆိုင်ကို စတင်ဖွင့်ခဲ့တဲ့ SPC ရဲ့ အရောင်းဆိုင် (ဓာတ်ပုံ CNA)

စင်္ကာပူဓာတ်ဆီကုမ္ပဏီ SPC ရဲ့ မြန်မာနိုင်ငံတွင်းက ပထမဆုံး ဓာတ်ဆီဆိုင်ကို ဒီကနေ့ စနေနေ့မှာ ဖွင့်လိုက်ပါပြီ။ ရွှေတောင် Group က ရွှေတောင် Energy လုပ်ငန်းနဲ့ ဖက်စပ်လုပ်ကိုင်တာ ဖြစ်ပြီး မြန်မာပြည်ဈေးကွက်ကို SPC ပထမဆုံးအကြိမ် ဝင်ရောက်တာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံတဝှမ်းကို ဓာတ်ဆီနဲ့ ဒီဇယ်ဖြန့်ချိရေးကို ရွှေတောင် Energy က လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်းက SPC ဓာတ်ဆီဆိုင်တွေက ပိုကောင်းမွန်တဲ့ ဓာတ်ဆီဖြည့် ဝန်ဆောင် မှုကို ပေးမယ့် အကြောင်း SPC ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ SPC က ထုတ် လုပ်တဲ့ အရည်အသွေးမြင့် လောင်စာကို စင်္ကာပူလောင်စာ သန့်စင်စက်တွေ ကနေ တိုက် ရိုက်တင်သွင်းသွားမယ်လို့လည်း ဆိုပါ တယ်။ SPC ဓာတ်ဆီဆိုင်တွေက ဘေးကင်းမှုကို အဓိက ထားတယ်လို့လည်း ဆိုပါတယ်။

သီးခြားသတ်မှတ်ထားတဲ့လမ်းတွေနဲ့ လျှပ်စစ်မကူးနိုင်တဲ့ ဝန်ထမ်းယူနီဖောင်းတွေ ထားရှိ မယ်လို့ ဆိုပါတယ်။ ဒီလို ဖက်စပ်လုပ်ငန်းက မြန်မာနိုင်ငံရဲ့ လောင်စာဈေးကွက်မှာ ရင်းနှီး မြှုပ်နှံမှု ပိုတိုးဖို့ ရည်ရွယ်ထားပြီး မြန်မာနိုင်ငံတွင်း အလုပ်အကိုင်တွေလည်း ဖန်တီးပေးဖို့ ရည်ရွယ်ပါတယ်။ ပိုကောင်းတဲ့ အရည်အသွေးနဲ့ ဝန်ဆောင်မှုကို လိုလားမှု တိုးလာတာ တွေ့ရပြီး မြန်မာနိုင်ငံရဲ့ ရေနံနဲ့ ဓာတ်ငွေ့ဈေးကွက်မှာ ဖွံ့ဖြိုးမှုအတွက် အခွင့်အလမ်းတွေ တွေ့ရကြောင်း SPC ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး Xia Hongwei က ပြောပါတယ်။

စင်္ကာပူက ကျယ်ပြန့်တဲ့ ဈေးကွက် အတွေ့အကြုံရှိတဲ့ SPC နဲ့ မြန်မာပြည်တွင်းဈေးကွက် ကို နားလည်တဲ့ ရွှေတောင် Group ရဲ့ ကျွမ်းကျင်မှုကြောင့် သဘာဝပတ်ဝန်းကျင် အတွက် aရာ လူမှု အဖွဲ့အစည်းအတွက်ပါ ကောင်းမွန်တဲ့ ရေရှည်ခံနိုင်တဲ့ စွမ်းအင်လောင်စာကို လိုလားတဲ့ မြန်မာပြည်သူတွေရဲ့ ဝယ်လိုအားကို ဖြည့်ဆည်းနိုင်ဖို့ မျှော်လင့်ကြောင်း ရွှေတောင် Energy ရဲ့ ညွှန်ကြားရေးမှူး ဦးဝင်းဌေးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG