သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်မြို့တော်က အမေရိကန်သံတမန်တွေ ဘေးလွတ်ရာကယ်ထုတ်


Smoke is seen in Khartoum, Sudan, April 22, 2023. The fighting in the capital between the Sudanese Army and Rapid Support Forces resumed after an internationally brokered cease-fire failed.
Smoke is seen in Khartoum, Sudan, April 22, 2023. The fighting in the capital between the Sudanese Army and Rapid Support Forces resumed after an internationally brokered cease-fire failed.

တိုက်ပွဲတွေ ဖြစ်နေတဲ့ ဆူဒန်နိုင်ငံ ခါတွန်မြို့တော်က အမေရိကန်သံတမန်တွေနဲ့ မိသားစုတွေကို အထူးတပ်ဖွဲ့ဝင်တွေ တနင်္ဂနွေနေ့ အစောပိုင်းမှာပဲ သံရုံးကနေ အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပါတယ်။ အမေရိကန် အထူးတပ်ဖွဲ့တွေရဲ့ ကယ်ထုတ်တဲ့ အစီအစဉ်ဟာ တစ်နာရီတောင် မကြာလိုက်ဘူးလို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ပြင်သစ်ကလည်း သံတမန်တွေကို ကယ်ထုတ်နေကြောင်း ဒီကနေ့ပဲ သတင်းထုတ်ပြန်ခဲ့တာပါ။ ခါတွန်မြို့တော်က သံရုံးလုပ်ငန်းတွေ ယာယီရပ်ဆိုင်းထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က စနေနေ့မှာ ပြောဆိုလိုက်ပြီးနောက် ကယ်ဆယ်ရေး လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဆူဒန်စစ်တပ်နဲ့ RSF ပြည်သူ့စစ် တပ်ဖွဲ့တွေကြား တိုက်ခိုက်မှုတွေကြောင့် အရပ်သား ထိခိုက်သေကျေမှုတွေ သိသိသာသာ တိုးလာနေပြီး လုံခြုံရေးအတွက် အထူးစိုးရိမ်လာရတာကြောင့် သံရုံးကို ယာယီပိတ်ဖို့ ညွှန်ကြားခဲ့တာလို့လည်း ကြေညာချက်ထဲမှာ ပြောဆိုခဲ့တာပါ။

ကယ်ဆယ်ရေးအစီအစဉ် အောင်အောင်မြင်မြင် ပြီးဆုံးခဲ့ကြောင်း သမ္မတ Joe Biden ကလည်း စနေနေ့ နှောင်းပိုင်းမှာပဲ ကြေညာချက် ထုတ်ပြန်ခဲ့သလို ကယ်ဆယ်ရေး လုပ်ငန်းမှာ ပါဝင်ခဲ့ကြတဲ့ အမေရိကန်တပ်ဖွဲ့တွေနဲ့ ကယ်ဆယ်ရေး အစီအစဉ်မှာ အကူအညီပေးခဲ့ကြတဲ့ Djibouti, Ethiopia နဲ့ Saudi Arabia နိုင်ငံတွေကိုလည်း ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။ သံရုံးကနေ အမေရိကန် ၇၀ လောက် အီသီယိုပီယားနိုင်ငံကို လေကြောင်းကနေ ထွက်ခွာခဲ့ကြတာလို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်သံရုံးမှာ ရှိနေကြတဲ့ တခြားသံရုံးတွေက လုပ်ဖော်ကိုင်ဖက် သံတမန်တွေလည်း လေကြောင်းကနေ အတူလိုက်ပါသွားခဲ့ကြပါတယ်။ တိုက်ခိုက်မှုတွေ အရှိန်လျော့မယ့် အလားအလာ မတွေ့ရသေးကြောင်း အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးအရာရှိတွေရဲ့ သုံးသပ်ချက်ကို သိခဲ့ရပြီးနောက် အမေရိကန်တွေကို ဘေးလွတ်ရာ ထွက်ခွာဖို့ သမ္မတဘိုင်ဒင်က အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG