သုံးရလွယ်ကူစေသည့် Link များ

ဘန်ကီမွန်း တောင်ကိုရီးယား သမ္မတ ဖြစ်လာနိုင်သလား


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Ban Ki-moon နဲ့ တောင်ကိုရီးယားသမ္မတ Park Geun-hye။

ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ ဒီသီတင်းပါတ်ထဲ သူ့မွေးရပ်ဌာနေ တောင်ကိုရီးယား နိုင်ငံကို သွားရောက်လည်မှုကနေ သူဟာ ရှေ့နှစ်ထဲ ကုလသမဂ္ဂတာဝန်တွေ ပြီးဆုံးတဲ့ အခါ တောင်ကိုရီးယား သမ္မတဖြစ်ဖို့ ကြိုးစားနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။

ရှေ့နှစ် ဇန်နဝါရီလ တရက်နေ့မှာ ကိုရီးယားကို ပြန်မယ်လို့ ဒီသီတင်းပါတ်ထဲ ကျင်းပတဲ့ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေး ဆိုင်ရာ Jeju ဖိုရမ်ဆွေးနွေးပွဲက သီးခြားတွေ့ဆုံပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်က သတင်းထောက်တွေ ကို ပြောခဲ့တာပါ။ ကိုရီးယားနိုင်ငံသား တယောက် အနေနဲ့ လုပ်ရမှာက အဲဒီအချိန်မှာ ဒီရာထူးအတွက် စဉ်းစားဖို့နဲ့ ဆုံးဖြတ်ချက်ချဖို့ အပြင်၊ လိုအပ်ရင် အကြံဉာဏ်တွေယူဖို့ပါ လုပ်ရမှာပါ လို့လည်း ပြောပါတယ်။

အဖြေက အဓိပ္ပါယ် ၂ ခွထွက်နေတာမို့ မစ္စတာဘန်ဟာ သမ္မတဝင် အရွေးခံဖို့ လုပ်နိုင်ပြီး ဖြစ်နိုင်တာက လက်ရှိ Saenuri ပါတီကနေ ဝင်အရွေးခံနိုင်တယ်လို့ မီဒီယာတွေက တွက်ဆခဲ့ကြတာပါ။ဒီပါတီဟာ ဧပြီလတုန်းက လွှတ်တော်မှာ အများစုနေရာကို လက်လွှတ်ခဲ့ရတာမို့ တကယ်လို့ မစ္စတာဘန်လို လူသာ ကိုယ်စားလှယ်အဖြစ် ဝင်အရွေးခံရင် ပါတီရဲ့ နိုင်ငံရေးအလားအလာ အရှိန်အဟုန်နဲ့ တိုးတတ်လာနိုင် တယ်လို့ တွက်ပါတယ်။

မစ္စတာဘန်ဟာ တောင်ကိုရီးယား နိုင်ငံရဲ့ သမ္မတအဖြစ်ကို မှန်းနေတယ်လို့ ကုလသမဂ္ဂအရာရှိ အများစုက တွက်နေတာ ကြာပါပြီ လို့ ဥရောပကောင်စီရဲ့ နိုင်ငံခြားဆက်ဆံရေး ကျွမ်းကျင်သူ Richard Gowan ကပြောပါတယ်။

မစ္စတာဘန်ဟာ သူ့နိုင်ငံမှာ လူကြိုက်သိပ်များပြီး သမ္မတလောင်း အဖြစ် ဝင်အရွေးခံမယ် ဆိုရင် ထောက်ခံမဲ မဲကောင်းကောင်း ရနိုင်ပါတယ်။ Gangnam စတိုင်လ် ကတဲ့ ဗီဒီယိုနဲ့ ၂၀၁၂ ခုနှစ်မှာ YouTube ကနေ ကမ္ဘာကျော်ခဲ့တဲ့ Psy မပေါ်ခင်အထိ တောင်ကိုရီးယားမှာ သူက နာမည် အကြီးဆုံးလို့မစ္စတာဘန်က ကုလသမဂ္ဂ သတင်းသမားတွေနဲ့ အမြဲလိုလို နောက်ပြောင် ပြောလေ့ရှိပါတယ်။

XS
SM
MD
LG