သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သမ္မတရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်း


ဒုတိယသက်တမ်း ပြန်လည်အရွေးခံရတဲ့ သမ္မတ အိုဘားမား။
သမ္မတတွေ နှစ်စဉ်ပြောနေကျ နိုင်ငံတော် အခြေပြမိန့်ခွန်းဆိုတာဟာ အမေရိကန်တွေ အင်္ဂလိပ် ကိုလိုနီလက်အောက်က လွတ်မြောက်ခဲ့ပြီး သမတ္တနိုင်ငံတော် ထူထောင်နိုင် ခဲ့ပေမယ့် နိုင်ငံတော် အကြီးအကဲဖြစ်တဲ့ ဘုရင်၊ ဘုရင်မတို့က ဗြိတိသျှပါလီမန်ကို နှစ်စဉ်မိန့်ခွန်းပြောရတဲ့ အစဉ်အလာကို ဆက်လက် ထားရှိခဲ့ပါတယ်။

ဒီအစဉ်အလာအရ နိုင်ငံတော် သမတ္တဟာ နှစ်ပတ်လည် အစီရင်ခံစာကို တိုင်းပြည်ကို တင်ပြတဲ့အနေနဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းကို ပြောကြပါတယ်။

မူလက သဝဏ်လွှာပို့ရုံမျှသာ ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ပါတီ ၂ ရပ်ရှေ့မှာ တိုက်ရိုက်ပြောတဲ့ အလေ့ဖြစ်လာပါတယ်။ သမ္မတက သူ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ရည်မှန်းချက်တွေကို နိုင်ငံတော်ရဲ့ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင် အကြီးအကဲတွေဆီ တင်ပြတဲ့သဘောလည်းသက်ရောက်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ နိုင်ငံတော်အခြေပြ မိန့်ခွန်းအကြောင်းကိုတော့ ဒီတပတ်ရဲ့ အမေရိကန် နိုင်ငံရေးမှာ ဦးသန်းလွင်ထွန်းက မခင်ဖြူထွေးနဲ့အတူ သုံးသပ် တင်ပြပေးထားပါတယ်။
XS
SM
MD
LG