သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတေးလျ တင်းနစ် ဂျိုကိုးဗစ် အနိုင်ရ

သြစတေးလျ တင်းနစ် ဂျိုကိုးဗစ် အနိုင်ရ
သြစတေးလျ တင်းနစ် ဂျိုကိုးဗစ် အနိုင်ရ

Australia Open Tennis အမျိုးသား ပြိုင်ပွဲ ဗိုလ်လုပွဲမှာ Novak Djokovic အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ ကမ္ဘာ့နံပါတ် (၁) Djokovic က နံပါတ် (၂) Nadal ကို မဲလ်ဘုန်းမြို့မှာ ၅-၇၊ ၆-၄၊ ၆-၂၊ ၆-၇၊ ၇-၅ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဆားဘီးယား နိုင်ငံသား ဂျိုကိုးဗစ် အတွက် ငါးဆုမြောက် Grand Slam ဆုကြီး ဖြစ်ပါတယ်။
ပွဲက အကြိတ်အနယ် ရှိလှပြီး ကစားချိန် ၆ နာရီလောက် ကြာခဲ့တာမို့ Grand Slam ပွဲကြီးတွေမှာ အကြာဆုံး ပွဲအဖြစ်လည်း မှတ်တမ်းတင်သွားပါတယ်။ ဆီမီးဖိုင်နယ်တုန်းကလည်း ဂျိုးကိုးဗစ် ဟာ ဗြိတိန်နိုင်ငံက တင်းနစ်သမား မာရေး ကို ၅ နာရီကျော် အနိုင် ကစားခဲ့ရပါသေးတယ်။
ဒါ့အပြင် Grand Slam ပွဲကြီး ၄ ပွဲ မှာ ၃ ပွဲ ဆက်တိုက် ဗိုလ်စွဲဖူးသူ သမိုင်းမှာ ၄ ယောက် ရှိခဲ့ရာမှာ ဂျိုးကိုးဗစ် ဟာ ငါးယောက်မြောက် ချန်ပီယံ အဖြစ် သမိုင်းဝင် သွားပြန်ပါတယ်။

သူနဲ့ ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ Nadal က ၂၀၁၀ နဲ့ Federer က ၂၀၀၅၊ ၂၀၀၇ တို့မှာ အဲဒီလို ၃ ဆု ဆက်တိုက်ရဖူးတဲ့ သမိုင်းဝင် တင်းနစ်သမားတွေ ဖြစ်ကြပြီး ကမ္ဘာ့အဆင့် နံပါတ် (၂) နဲ့ နံပါတ် (၃) နေရာကို ယူထားကြတာပါ။

ဒီပွဲဟာ ဂျိုကိုးဗစ် အနေနဲ့ Nadal ကို ၇ ပွဲ ဆက်တိုက် အနိုင်ယူလိုက်တာလည်း ဖြစ်ပါတယ်။
စနေနေ့က ကျင်းပတဲ့ အမျိုးသမီး ဗိုလ်လုပွဲမှာတော့ အဇာရင်န်ကာ Azarenka က ရှရာပိုဗာ (Sharapova) ကို ၆-၃၊ ၆-၀ နဲ့ အနိုင်ရရှိပြီး ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။ ဒါဟာ Grand Slam ပွဲကြီး တစ်ပွဲမှာ အဇာရင်န်ကာ ပထမဆုံး ချန်ပီယံ ဖြစ်တာပါ။ အသက် ၂၂ အရွယ် Azarenka ကို ဘဲလားရု(ချ်) နိုင်ငံက ပွဲပြီးတဲ့နောက် နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ် ချီးမြှင့်ခဲ့ပါတယ်။

This item is part of
XS
SM
MD
LG