သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတေးလျ တင်းနစ် ဂျိုကိုးဗစ် အနိုင်ရ


သြစတေးလျ တင်းနစ် ဂျိုကိုးဗစ် အနိုင်ရ
သြစတေးလျ တင်းနစ် ဂျိုကိုးဗစ် အနိုင်ရ

Australia Open Tennis အမျိုးသား ပြိုင်ပွဲ ဗိုလ်လုပွဲမှာ Novak Djokovic အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ ကမ္ဘာ့နံပါတ် (၁) Djokovic က နံပါတ် (၂) Nadal ကို မဲလ်ဘုန်းမြို့မှာ ၅-၇၊ ၆-၄၊ ၆-၂၊ ၆-၇၊ ၇-၅ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဆားဘီးယား နိုင်ငံသား ဂျိုကိုးဗစ် အတွက် ငါးဆုမြောက် Grand Slam ဆုကြီး ဖြစ်ပါတယ်။
ပွဲက အကြိတ်အနယ် ရှိလှပြီး ကစားချိန် ၆ နာရီလောက် ကြာခဲ့တာမို့ Grand Slam ပွဲကြီးတွေမှာ အကြာဆုံး ပွဲအဖြစ်လည်း မှတ်တမ်းတင်သွားပါတယ်။ ဆီမီးဖိုင်နယ်တုန်းကလည်း ဂျိုးကိုးဗစ် ဟာ ဗြိတိန်နိုင်ငံက တင်းနစ်သမား မာရေး ကို ၅ နာရီကျော် အနိုင် ကစားခဲ့ရပါသေးတယ်။
ဒါ့အပြင် Grand Slam ပွဲကြီး ၄ ပွဲ မှာ ၃ ပွဲ ဆက်တိုက် ဗိုလ်စွဲဖူးသူ သမိုင်းမှာ ၄ ယောက် ရှိခဲ့ရာမှာ ဂျိုးကိုးဗစ် ဟာ ငါးယောက်မြောက် ချန်ပီယံ အဖြစ် သမိုင်းဝင် သွားပြန်ပါတယ်။

သူနဲ့ ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ Nadal က ၂၀၁၀ နဲ့ Federer က ၂၀၀၅၊ ၂၀၀၇ တို့မှာ အဲဒီလို ၃ ဆု ဆက်တိုက်ရဖူးတဲ့ သမိုင်းဝင် တင်းနစ်သမားတွေ ဖြစ်ကြပြီး ကမ္ဘာ့အဆင့် နံပါတ် (၂) နဲ့ နံပါတ် (၃) နေရာကို ယူထားကြတာပါ။

ဒီပွဲဟာ ဂျိုကိုးဗစ် အနေနဲ့ Nadal ကို ၇ ပွဲ ဆက်တိုက် အနိုင်ယူလိုက်တာလည်း ဖြစ်ပါတယ်။
စနေနေ့က ကျင်းပတဲ့ အမျိုးသမီး ဗိုလ်လုပွဲမှာတော့ အဇာရင်န်ကာ Azarenka က ရှရာပိုဗာ (Sharapova) ကို ၆-၃၊ ၆-၀ နဲ့ အနိုင်ရရှိပြီး ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။ ဒါဟာ Grand Slam ပွဲကြီး တစ်ပွဲမှာ အဇာရင်န်ကာ ပထမဆုံး ချန်ပီယံ ဖြစ်တာပါ။ အသက် ၂၂ အရွယ် Azarenka ကို ဘဲလားရု(ချ်) နိုင်ငံက ပွဲပြီးတဲ့နောက် နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ် ချီးမြှင့်ခဲ့ပါတယ်။

XS
SM
MD
LG