သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စပရက်လီ ကျွန်းစုအရေး အာဆီယံမှာ ဆွေးနွေးဖို့ ဖိလစ်ပိုင် ဖိအားပေးမည်


The Soyuz TMA-07M spacecraft is seen as it lands with Expedition 35 Commander Chris Hadfield of the Canadian Space Agency (CSA), NASA Flight Engineer Tom Marshburn and Russian Flight Engineer Roman Romanenko of the Russian Federal Space Agency (Roscosmos) in a remote area near the town of Zhezkazgan, Kazakhstan.

အာရှနိုင်ငံတွေကြား သူပိုင်ကိုယ်ပိုင် အငြင်းပွားနေကြတဲ့ စပရက်လီ (Spratly) ကျွန်းစုတွေနားမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေမှုတွေ လုပ်တာနဲ့ ပတ်သက်လို့ အာဆီယံရဲ့ ဘုံသဘောထားကို အင်ဒိုနီးရှား ခရီးစဉ်မှာ သိအောင်လုပ်မယ်လို့ ဖိလစ်ပိုင်သမ္မတ ဘန်နစ်နို အကွီနို (Benigno Aquino) က ပြောလိုက်ပါတယ်။

မစ္စတာ အကွီနိုဟာ တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်နေတဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်ကို သွားမှာဖြစ်ပြီး ဂျကာတာကနေ စင်ကာပူကို ခရီးဆက်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ စပရက်လီ ကျွန်းစုတွေနားက ဖိလစ်ပိုင် ရေပိုင်နက်ထဲ တရုတ် ရေတပ်သင်္ဘောတွေ ဝင်လာတယ်ဆိုပြီး ဖိလစ်ပိုင် အစိုးရက ကန့်ကွက်ခဲ့ပါတယ်။

ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ အများအပြား ထွက်နိုင်တဲ့ စပရက်လီ ကျွန်းစုတွေကို ဖိလစ်ပိုင်၊ တရုတ်၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း နိုင်ငံတွေက ကျွန်းစုတချို့ ဒါမှမဟုတ်လည်း ကျွန်းတွေအားလုံးကို ပိုင်ဆိုင်တယ်လို့ ပြောနေကြတာ ဖြစ်ပါတယ်။

အဲဒီနေရာတွေမှာ ရှာဖွေရေး လုပ်တာနဲ့ ပတ်သက်လို့ အာဆီယံ အနေနဲ့ ဘုံရပ်တည်ချက်တခု ထားတာကို မြင်ချင်တယ်လို့ သူ့ခရီးစဉ် မစခင်မှာ ဖိလစ်ပိုင် သမ္မတက ပြောပါတယ်။ အားလုံးအတွက် အကျိုးရှိစေမယ့် ရပ်တည်ချက်မျိုး ဖြစ်ရမယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ တပတ်ထဲမှာ ဖိလစ်ပိုင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေရေး သင်္ဘောရှိရာ နေရာနားကို တရုတ်စစ်တပ် သင်္ဘော ၂ စင်း ရောက်လာပြီး ထွက်သွားဖို့ ပြောတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တရုတ်အစိုးရနဲ့ ဆွေးနွေးဖို့ ကျွမ်းကျင်သူတယောက်ကို ဘေဂျင်းကို စေလွှတ်မယ်လို့လည်း ဖိလစ်ပိုင်သမ္မတ မစ္စတာ အကွီနိုက ပြောခဲ့ပါတယ်။

XS
SM
MD
LG