သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပထမဆုံးမြန်မာအွန်လိုင်းဘဏ်ဖွင့်၊ တပတ်အတွင်း အစုရှယ်ရာ ဒေါ်လာ ၇ သန်းနီးပါးရရှိ


SDB နွေဦးဘဏ် (Screenshot)
SDB နွေဦးဘဏ် (Screenshot)

NUG နွေဦးဖွံ့ဖြိုးရေးဘဏ် SDB ရဲ့ အစုရှယ်ယာ စတင်ထုတ်ရောင်းတဲ့ တပတ်အတွင်း အမေရိကန်ဒေါ်လာ (၇) သန်းနီးပါး ရရှိခဲ့တာဟာ ပြည်တွင်း၊ ပြည်ပက မြန်မာပြည်သူတွေရဲ့စစ်အာဏာရှင်စနစ်ဆန့်ကျင်မှု ဘယ်လောက်အတိုင်းအတာကြီးမားသလဲဆိုတာ ပြသလိုက်တာဖြစ်ကြောင်း SDB အမှုဆောင်ညွန်ကြားရေးမှူး ဦးကယ်လ်ဗင်က ပြောပါတယ်။ မြန်မာတွေအတွက် ပထမဦးဆုံးအွန်လိုင်းဘဏ်ဖြစ်တဲ့ NUG နွေဦးဖွံ့ဖြိုးရေးဘဏ်နဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

“ကျနော်တို့ အခု အစုရှယ်ယာကိုရောင်းဖို့ plan လုပ်ထားတာက ၁၀ ရာခိုင်နှုန်းပေါ့လေ။ ဒီ ဆယ်ရာနှုန်းရဲ့ value က အမေရိကန်ဒေါ်လာ ၁၀ သန်း ရှိပါတယ်။ 10 millions ရှိိတယ်။ အဲဒီ 10 millions ကို ကျနော်တို့စရောင်းတာ ၁၇ ရက်နေ့မနက် ၉ နာရီပါ။ မြန်မာစံတော်ချိန်မနက် ၉ နာရီ၊ နိုဝင်ဘာ ၁၇ ရက်မှာ စရောင်းလိုက်တယ်။

ဒါကတော့ နွေဦးဖွံ့ဖြိုးရေးဘဏ်ရဲ့ ၁၀% အစုရှယ်ယာ ရောင်းချနေတာနဲ့ပတ်သက်လို့ အမှုဆောင်အရာရှိချုပ် ဦးကယ်လ်ဗင် ပြောသွားတာပါ။ ပြီးတော့ ၆ နာရီအတွင်း တကယ်ကို US ဒေါ်လာ ၃ သန်း၊ 3 million ကို ဝယ်လိုက်တာ ၃ သန်းဖိုး ရှိသွားပါပြီ။​ ဒီနေ့ဆို အခု ၆ ရက်ရှိသွားပြီပေါ့လေ၊ စုစုပေါင်း ၁၀ သန်းဖိုးထဲကနေ ၆ သန်း၊ ၉ သိန်းပေါ့လေ 6.9 million ကို ,,, လုပ်ထားပြီးပါပြီ။”

ဒါကတော့ နွေဦးဖွံ့ဖြိုးရေးဘဏ်ရဲ့ ၁၀ % အစု ရှယ်ယာရောင်းချနေတာနဲ့ပတ်သက်လို့ အမှုဆောင်အရာရှိချုပ် ဦးကယ်လ်ဗင်က ဗွီအိုအေကို ပြောသွားတာပါ။​

“နောက်ထပ်ကျန်တဲ့ ၅ ရက်ခွဲ၊ ၆ ရက်နီးပါးလောက် ကျန်သေးတယ်။​ အဲဒီအတွင်းမှာ ဝယ်ဖို့ဆိုတာ - ရောင်းချဖို့ပေါ့လေ- ရောင်းချဖို့က ၃.၁ m ပဲ ကျန်ပါတော့တယ်။​ အဲဒီတော့ ဒါ တကယ်ကို ပြည်သူလူထုတွေက ဆက်ပြီးတော့ ထောက်ခံနေတယ်။​ တော်လှန်ပြည်သူတွေ၊ အဖွဲ့အစည်းတွေက ဆက်ပြီးတော့ တော်လှန်ရေးကို အမြန်ဆုံးပြီးချင်နေပါပြီဆိုတာ ဒါ သက်သေတခုပါပဲ။”

အဲဒီတော့ NUG နွေဦးဖွံ့ဖြိုးရေး အွန်လိုင်းဘဏ် SDB ပိုင်ဆိုင်မှုအခြေအနေဘယ်လိုရှိပါလဲ။ ဦးကယ်လ်ဗင် ရှင်းပြတာကတော့-

“ကျနော်တို့ ပိုင်ဆိုင်မှုက အစိုးရက ပြည်သူ့ကိုယ်စား ၁၀၀ % ပိုင်ပါတယ်။ လောလောဆယ်ပေါ့လေ၊ အဲဒါ အစိုးရက ပြည်သူ့ကိုယ်စား ပိုင်ဆိုင်မှုကို ကိုင်ထားပေးတယ်။ ပြီးတော့ အစိုးရကလည်း ၅၁ % အထိ ဆက်ပြီးတော့ ကိုင်သွားမှာပေါ့လေ။ အဲဒါမှလည်း ကျနော်တို့ လွတ်လပ်ရေးပြန်ရပြီးတော့ ပိုင်ဆိုင်မှုကလည်း ဖက်ဒရယ် system အောက် ပြန်ရောက်သွားတဲ့အချိန်မှာ နောက်တက်မယ့်အစိုးရကိုလည်း ပြန် ကောင်းကောင်းမွန်မွန် လွှဲပေးလို့ရမှာပေါ့လေ။ 51 % ။

ဒါဆိုရင် ဒီဘဏ်ကို ဘယ်သူတွေ ဦးဆောင်နေသလဲ။

“….။ နေ့စဥ် နေ့စဥ် manage လုပ်တယ်။ operate လုပ်တာကတော့ professionally သွားနေပါတယ်။ တော်လှန်ရေးအင်အားစုတွေကပဲ ကျနော်တို့ talent တွေ - One trust talents ရထားတယ်။​ အဲဒီ ကျနော်တို့အဖွဲ့သားတွေပေါ့လေ-အဲဒီအဖွဲ့သားတွေနဲ့ပဲ တကယ် well class digital banking institution တခုအနေနဲ့ သွားနေပါတယ်။”

ဗြိတိန်နိုင်ငံကနေ နွေဦးဖွံ့ဖြိုးရေးဘဏ်မှာ အွန်လိုင်းအကောင့်ဖွင့်ထားသူတဦးကလည်း သူ့ရဲ့အတွေ့အကြုံကို အခုလို ပြောပြပါတယ်။

“ဒီနွေဦးဘဏ် စပေါ်ကတည်းကပေါ့လေ ဒီဘဏ်ရဲ့ နောက်ခံ history တို့ဘာတို့ နည်းနည်းဖတ်ကြည့်တယ်ဆိုတော့ ဒီဘဏ်ဟာ ကျနော်တို့နွေဦးတော်လှန်ရေးအတွက် တော်တော် အထောက်အကူပြုမယ့်ဘဏ်လို့လည်း ကျနော် ယုံကြည်တယ်။ နောက်ပြီးတော့ သူတို့ပြောထားတဲ့အတိုင်း ဒီဘဏ်ရဲ့တည်ဆောက်မှုပေါ့လေ-နော်။ struture တို့၊ နောက်ပြီးတော့ ရှေ့ကို Forward thinking ဖြစ်တဲ့ အမြော်အမြင် တော်တော်လေးကောင်းတယ်။

ဟုတ်ကဲ့၊ ဒါဆိုရင် ဘဏ်ရဲ့ ပွင့်လင်းမြင်သာမှု ရှိမရှိဆိုတဲ့အပိုင်းကိုရော ဘယ်လိုမြင်ပါသလဲ။

“ဟုတ်ကဲ့၊ အဲဒါကိုတော့ အကြွင်းမဲ့ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နွေဦးဘဏ် launch လုပ်ကတည်းက ကျနော်တို့ ပြည်သူတွေနဲ့ပေါ့- ဥပမာပြောရရင် နွေဦးဘဏ်နဲ့ သုံးစွဲမယ့် အင်္ဂလန်က မြန်မာပြည်သူတွေနဲ့ တိုက်ရိုက်တွေ့ဆုံပါတယ်။ တွေ့ဆုံပြီးတော့ CEO အနေနဲ့လာပြီးတော့ ရှင်းပြတယ်။ ပြပြီးတော့ မေးချင်တဲ့ question မေး၊ အကြံပြုချင်တာတွေပြု- အကုန်လုံးပြုပါတယ်။

အခုလို NUG နွေဦးဖွံ့ဖြိုးရေး အွန်လိုင်းဘဏ်ရဲ့ အားသာချက်၊ အားနည်းချက်တွေနဲ့ ပတ်သက်လို့ ဒစ်ဂျစ်တယ်လ်ငွေကြေးဆိုင်ရာ လေ့လာနေသူ တဦးဖြစ်တဲ့ Georgetown တက္ကသိုလ်က မဟာဘွဲ့လွန်ကျောင်းသား ကိုဝင်းကိုကိုအောင် အခုလို သုံးသပ်ပါတယ်။

“စစ်တပ်ရဲ့ financial institution တွေကို မကြိုက်သူတွေအနေနဲ့ တခြား ပလက်ဖောင်းတခုကိုပြောင်းပြီးသုံးဖို့ အခွင့်အရေးပေးသလိုဖြစ်တယ်။ ဒါက အရမ်းကောင်းတဲ့အချက်လို့မြင်တယ်။ ကောင်းတဲ့ပြောင်းလဲမှုကြီးတခုလို့တော့ မြင်တယ်။​ ဒါပေမဲ့ challenges တွေကလည်း တဘက်မှာရှိတယ်လို့ ကျနော့အနေနဲ့မြင်တယ်။ နံပါတ် (၁) challenge ကတော့ စောစောကပြောတဲ့ cyber security - လုံခြုံရေးပေါ့. လုံခြုံရေးဆိုတာက personal identity တွေ ပေါ်လာမှာ...ဒါထက် Spring Development Bank ရဲ့ cryptocurrency စနစ်တွေက လုံခြုံမှု ဘယ်လောက်ထိ ရှိနိုင်ပြီလဲ-ပေါ့။"

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG