သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာ စစ်ရာဇဝတ်မှု ထပ်မံစုံစမ်းရေး ကုလသမဂ္ဂ တိုက်တွန်း

သီရိလင်္ကာ စစ်ရာဇဝတ်မှု ထပ်မံစုံစမ်းရေး ကုလသမဂ္ဂ တိုက်တွန်း
သီရိလင်္ကာ စစ်ရာဇဝတ်မှု ထပ်မံစုံစမ်းရေး ကုလသမဂ္ဂ တိုက်တွန်း

သီရိလင်္ကာမှာ အစိုးရနဲ့ တမီလ် တိုက်ဂါး (Tamil Tiger) အဖွဲ့တွေကြား ၂၅ နှစ်ကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေရဲ့ အဆုံးသတ် ကာလတွေအတွင်း စစ်ရာဇဝတ်မှု ကျူးလွန်တာတွေ ရှိခဲ့ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြခဲ့ပြီး နိုင်ငံတကာက ထပ်မံစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။

ဒီစစ်ပွဲအတွင်း အရပ်သူ အရပ်သားတွေ ထောင်နဲ့ချီပြီး သေဆုံးခဲ့ရတာပါ။

မစ်စ် ပီလေး (Navi Pillay) က သီရိလင်္ကာ အစိုးရက ဦးစီးတာမျိုး မဟုတ်ဘဲ သမာသမတ်ကျကျနဲ့ သီးခြားလွတ်လပ်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ စစ်ဆေးမှုမျိုး ဖြစ်ဖို့ အစီရင်ခံစာမှာ တောင်းဆိုထားတယ်လို့ ပြောပါတယ်။

တနင်္လာနေ့က ထုတ်ပြန်တဲ့ အဲဒီ အစီရင်ခံစာမှာ အရပ်သားတွေကို သတ်ဖြတ်တာနဲ့ ဆေးရုံတွေကို ဗုံးကြဲတိုက်ခိုက်တာတွေကို အစိုးရတပ်တွေက ကျူးလွန်ခဲ့ကြပြီး တမီလ် တိုက်ဂါးဘက်ကလည်း အရပ်သားတွေကို မနုဿဒိုင်းအဖြစ် အသုံးပြုတာ၊ ကလေးစစ်သား စုဆောင်းတာနဲ့ ဓားစာခံလုပ်တာတွေ ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

အစိုးရတပ်က တမီလ် တိုက်ဂါးအဖွဲ့ကို အနိုင်တိုက်နိုင်ခဲ့ပြီး သီရိလင်္ကာ ပြည်တွင်းစစ်ဟာ ၂၀၀၉ ခုနှစ်၊ မေလထဲမှာ ပြီးဆုံးခဲ့ပါတယ်။

This item is part of
XS
SM
MD
LG