သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံသား ၁၀၄ ဦး သီရိလင်္ကာရေပိုင်နက်အတွင်း ဖမ်းမိ


မြန်မာနိုင်ငံသား ၁၀၄ ဦး တင်ဆောင်ပြီး မလေးရှားနိုင်ငံဘက်ကို ဦးတည်သွားနေတဲ့ ငါးဖမ်းစက်လှေတစင်းကို သီရိလင်္ကာရေတပ်က ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။ ပင်လယ်ပြင်အတွင်း ရက်အတန်ကြာ ခရီးနှင်လာပြီး စက်ပျက်ပြီး မျောပါလာတဲ့ အဲဒီစက်လှေကို သီရိလင်္ကာ ရေပိုင်နက်အတွင်းမှာရှိတဲ့ Wenthalai ကျွန်းအနီးမှာ မနေ့က စနေနေ့က ဖမ်းမိလိုက်တာလို့ Sri Lanka Daily Mirror သတင်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံခြားသားတွေ လိုက်ပါလာပြီး ပင်လယ်ပြင်အတွင်း မျောနေတဲ့ အဲဒီစက်လှေကို တွေ့ရှိကြောင်း သီရီလင်္ကာရေတပ်က Jaffna ကျွန်းမှာရှိတဲ့ ရေတပ်ကို အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။ စက်လှေပေါ်မှာ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါလာတယ်ဆိုပေမယ့် ဘာလူမျိုးဖြစ်တယ်ဆိုတာကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။

သူတို့ကို စစ်ဆေးမေးမြန်းဖို့အတွက် နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ Kankasanthurai ရေတပ်အခြေစိုက်စခန်းကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

=== Unicode ====




XS
SM
MD
LG