သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

သီရိလကၤာသမၼတ အစိုးရသစ္ဖဲြ႕စည္း


SRI LANKA-CRISIS/သိီရိလကၤာအစိုးရကို ဆန္႔က်င္ဆႏၵျပေနသူမ်ား

(Zawgyi)

သီရိလကၤာႏုိင္ငံမွာ အသစ္ခန္႔အပ္လိုက္တဲ့ အစိုးရ၀န္ႀကီးသစ္ ၁၇ ဦးနဲ႔နာမည္စာရင္းေတြကို သမၼတ Gotabaya Rajapaksa တနလၤာေန႔မွာ ေၾကျငာခဲ့ပါတယ္။ ဒါေပမယ့္လည္း စီးပြါးေရးခၽြတ္ခ်ဳံက်လာတဲ့ ႏုိင္ငံ႔ အၾကပ္အတည္းေတြအေပၚ အစိုးရရဲ ႔ကုိင္တြယ္ပုံကို မေၾကနပ္ရာက ဆႏၵျပပြဲေတြေပၚေပါက္ေနတာေၾကာင့္ ၀န္ႀကီးသစ္ေတြထဲမွာ သူ႔မိသားစု၀င္ေတြေတာ့ မပါေတာ့ပါဘူး။ သိရီလကၤာႏုိင္ငံရဲ ႔ျပႆနာေတြကိုအေျဖရွာတဲ့ေနရာမွာ ဖြဲ႔စည္းအုပ္ခ်ဳပ္ပုံကို ေျပာင္းပစ္တာမ်ိဳးလည္းျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္လို႔ ၀န္ႀကီးသစ္ေတြကို ေျပာၾကားတဲ့ မိန္႔ခြန္းထဲမွာ သမၼတက ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သမၼတရုံးရဲ ႔ေၾကျငာခ်က္မွာ ေဖာ္ျပထားပါတယ္။

ျပည္သူေတြေတာင္းဆိုေနတဲ့ စနစ္္သစ္ေတြေျပာင္းႏုိင္ဖို႔ လက္ရွိအၾကပ္အတည္းက အခြင့္အလမ္းေကာင္းလည္းျဖစ္ပါတယ္။ အဲဒီလိုအခြင့္အလမ္းေတြ အစိုးရအဖြဲ႔လက္ထဲမွာရွိပါတယ္။ ဒီလိုအေျပာင္းအလဲေတြလုပ္ႏိုင္ေအာင္ ၀ုိင္းကူညီပါဆိုၿပီး လူငယ္ေတြကိုပါတပါထဲ ပန္ၾကားထားပါတယ္လို႔ သမၼတ Rajapaksa ကေျပာဆိုသြားတာပါ။


အတုိက္အခံပါတီေတြနဲ႔ ကၽြမ္းက်င္သူေတြ တုိက္တြန္းခဲ့ၾကသလို အျပည္ျပည္ဆုိင္ရာေငြေၾကးရံပုံေငြအဖြဲ႔ IMF ဆီက အကူအညီေတြ အေဆာတလ်င္ ေတာင္းဆိုခဲ့သင့္ပါတယ္လို႔လည္း သမၼတကေျပာပါတယ္။ သီရိလကၤာႏုိင္ငံမွာေႂကြးလည္ပင္းနစ္ၿပီး ႏိုင္ငံျခားေငြေလ်ာ့နည္းက်ဆင္းလာတာေၾကာင့္ ျပည္သူသန္း ၂၀ တို႔မွာ ေဆးဝါး၊ အစားအစာနဲ႔ ေလာင္စာဆီမလုံေလာက္မႈေတြနဲ႔ ရင္ဆိုင္ေနရၿပီး အခ်ိန္အေတာ္ၾကာ လ ွ်ပ္စစ္မီးျပတ္တာမ်ိဳးနဲ႔လည္း ႀကဳံေနရတာပါ။ ဒါေၾကာင့္လည္း ၿမိဳ႔ေတာ္ကိုလံဘိုလမ္းမေတြမွာ ဆႏၵျပပြဲေတြေန႔စဥ္ေပၚေပါက္လာတာလည္းျဖစ္ပါတယ္။

(Unicode)

သီရိလင်္ကာနိုင်ငံမှာ အသစ်ခန့်အပ်လိုက်တဲ့ အစိုးရဝန်ကြီးသစ် ၁၇ ဦးနဲ့နာမည်စာရင်းတွေကို သမ္မတ Gotabaya Rajapaksa တနင်္လာနေ့မှာ ကြေငြာခဲ့ပါတယ်။ ဒါပေမယ့်လည်း စီးပွါးရေးချွတ်ချုံကျလာတဲ့ နိုင်ငံ့ အကြပ်အတည်းတွေအပေါ် အစိုးရရဲ့ကိုင်တွယ်ပုံကို မကြေနပ်ရာက ဆန္ဒပြပွဲတွေပေါ်ပေါက်နေတာကြောင့် ဝန်ကြီးသစ်တွေထဲမှာ သူ့မိသားစုဝင်တွေတော့ မပါတော့ပါဘူး။ သိရီလင်္ကာနိုင်ငံရဲ့ပြဿနာတွေကိုအဖြေရှာတဲ့နေရာမှာ ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြောင်းပစ်တာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်လို့ ဝန်ကြီးသစ်တွေကို ပြောကြားတဲ့ မိန့်ခွန်းထဲမှာ သမ္မတက ထည့်သွင်းပြောကြားခဲ့ကြောင်း သမ္မတရုံးရဲ့ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူတွေတောင်းဆိုနေတဲ့ စနစ်သစ်တွေပြောင်းနိုင်ဖို့ လက်ရှိအကြပ်အတည်းက အခွင့်အလမ်းကောင်းလည်းဖြစ်ပါတယ်။ အဲဒီလိုအခွင့်အလမ်းတွေ အစိုးရအဖွဲ့လက်ထဲမှာရှိပါတယ်။ ဒီလိုအပြောင်းအလဲတွေလုပ်နိုင်အောင် ဝိုင်းကူညီပါဆိုပြီး လူငယ်တွေကိုပါတပါထဲ ပန်ကြားထားပါတယ်လို့ သမ္မတ Rajapaksa ကပြောဆိုသွားတာပါ။


အတိုက်အခံပါတီတွေနဲ့ ကျွမ်းကျင်သူတွေ တိုက်တွန်းခဲ့ကြသလို အပြည်ပြည်ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့ IMF ဆီက အကူအညီတွေ အဆောတလျင် တောင်းဆိုခဲ့သင့်ပါတယ်လို့လည်း သမ္မတကပြောပါတယ်။ သီရိလင်္ကာနိုင်ငံမှာကြွေးလည်ပင်းနစ်ပြီး နိုင်ငံခြားငွေလျော့နည်းကျဆင်းလာတာကြောင့် ပြည်သူသန်း ၂၀ တို့မှာ ဆေးဝါး၊ အစားအစာနဲ့ လောင်စာဆီမလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး အချိန်အတော်ကြာ လ ျှပ်စစ်မီးပြတ်တာမျိုးနဲ့လည်း ကြုံနေရတာပါ။ ဒါကြောင့်လည်း မြို့တော်ကိုလံဘိုလမ်းမတွေမှာ ဆန္ဒပြပွဲတွေနေ့စဉ်ပေါ်ပေါက်လာတာလည်းဖြစ်ပါတယ်။

XS
SM
MD
LG