သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာ စီးပွားရေး အနည်းငယ်တိုးတက်


Central Bank of Sri Lanka logo is pictured on the building facade of its head office in Colombo. (Photo by Ishara S. KODIKARA / AFP)
Central Bank of Sri Lanka logo is pictured on the building facade of its head office in Colombo. (Photo by Ishara S. KODIKARA / AFP)

နိုင်ငံခြားကြွေးမြှီတွေပိပြီး အကြွေးပြန်မဆပ်နိုင်တဲ့ အခြေအနေ မနှစ်က ရင်ဆိုင်ခဲ့ရတဲ့ သီရိလင်္ကာနိုင်ငံမှာ ဒီနှစ် တတိယလေးလပတ်မှာ ပထမဆုံးအကြိမ် စီးပွားရေး တိုးတက်ခဲ့တယ်လို့ သီရိလင်္ကာ ဗဟိုဘဏ်က ဒီကနေ့ ပြောပါတယ်။

စက်တင်ဘာမှာကုန်ဆုံးတဲ့ တတိယ ၄ လပတ်အတွင်း စီးပွားရေး ၁.၆ ရာခိုင်နှုန်း တိုးတက်ခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ် အလားတူအချိန်က စီးပွားရေးဟာ ၁၁.၅ ရာခိုင်နှုန်းအထိ ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေး၊ ဝန်ဆောင်မှုနဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွေမှာ တိုတင်လာတယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။

အခုလို တတိယ ၄ လပတ်မှာ စီးပွားရေး အနည်းငယ်တိုးတက်ခဲ့ပေမဲ့၊ ၉ လပတ်လုံးရဲ့ စီးပွားရေးကတော့ ၄.၉ ရာခိုင်နှုန်း ကျဆင်းနေဆဲ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း သီရိလင်္ကာနိုင်ငံရဲ့ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု အနှုတ် ၃.၆ ရာခိုင်နှုန်းရှိမယ်လို့ IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ကြိုတင်တွက်ထားပါတယ်။

XS
SM
MD
LG